ရန်ကုန်၊အောက်တိုဘာ ၂၅ – ၂၀၂၃
GG (VOM)
သီတင်းကျွတ်ကာလအတွင်းမှာ ရန်ကုန်ကနေ ပုဂံ၊ပြည်၊နေပြည်တော်၊မော်လမြိုင်ကို အထူးရထားခရီစဉ်တွေ ပြေးဆွဲပေးသွားမယ်လို့ မြန်မာမီး ရထားဌာနကသိရပါတယ်။
အထူးရထားပြေးဆွဲမှုအနေနဲ့ သီတင်းကျွတ်ပိတ်ရက်ဖြစ်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး ၃၀ ရက်နေ့အထိ ရန်ကုန် – မော်လမြိုင် ၊ ရန်ကုန် -နေပြည်တော် ၊ ရန်ကုန် – ပြည် ၊ ရန်ကုန် – ပုဂံ ခရီးစဉ်တွေကို အစုန် အဆန် ရထားတွေပြေးဆွဲမှာဖြစ်တယ်လို့သိရပါတယ်။
” နေပြည်တော်ကနေရန်ကုန်ကိုက ၂၇ ရက် အသွားရထားပဲရှိတယ်၊အပြန်ရထားက ၃၀ ရက်နေ့မှာပြန်ရှိမယ်၊ပုဂံကလည်း ရန်ကုန်ကနေ ၂၈ ရက်မှာ တစ်ရက်အသွားရထားရှိတယ်၊ပုဂံကအပြန်ရထားက ၃၀ ရက်နေ့မှပြန်ရှိမယ်၊ရထားလက်မှတ်ခတွေက ပုံမှန်နူန်းထားတွေအတိုင်းပါပဲ ၊ လုံခြုံရေး အပိုင်းကလည်း ရှိပါတယ်၊ရန်ကုန်တိုင်းအတွင်းလည်းသေချာစီစဉ်ထားပါတယ်” လို့ မြန်မာ့မီးရထား တိုင်းအမှတ် ၇ ရန်ကုန်မှတာဝန်ရှိသူတယောက်ကပြော ပါတယ်။
အထူးရထားပြေးဆွဲမယ့် ရထားတိုင်းမှာ ခရီးသွားတွေလုံခြုံရေးအတွက် ရထားရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါရှိမှာဖြစ်တယ်လို့သိရပါတယ်။
” ပုဂံဘူတာကတော့ ပုံမှန်အချိန် ခရီးသွားတာတောင် လက်မှတ်ကြိုမရောင်းဘူး၊ ရထားထွက်မယ့်နေ့ ထွက်မယ့်အချိန်နားနီးမှ ရောင်းတာ၊ လုံခြုံရေးယူထားတဲ့ ရဲ၊စစ်သားတွေကို အများကြီးပါ၊ ရထားပေါ်လည်း တောက်လျှောက် ကင်းလှည့်တာမျိုးရှိပါတယ်၊ လမ်းခရီးသတိထားစရာတွေရှိရင်လည်း ပြောတယ် ” ခရီးသွားပြည်သူတယောက်က ဆိုပါတယ်။
အထူးရထားတွေကို ပြေးဆွဲတဲ့အခါ အောက်တိုဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့ လေးရက်မှာ ရန်ကုန် – ပြည် နဲ့ ရန်ကုန် – မော်လမြိုင် အထူးရထားခရီးစဉ်ကို နေ့စဉ် အစုန်အဆန် ရထား ပြေးဆွဲပေးမှာဖြစ်တယ်လို့သိရပါတယ်။
နေပြည်တော် – ရန်ကုန် ရထားအထူးခရီးစဉ်ကတော့ အောက်တိုဘာ ၂၇ ရက်နေ့မှာ နေပြည်တော် မှ ရန်ကုန်ကို အသွား ခရီးစဉ် တကြိမ်သာရှိပြီး ရန်ကုန်မှ နေပြည်တော် (အဆန်) အပြန်ရထားက အောက်တိုဘာ ၃၀ ရက်နေ့မှသာ ထွက်ရှိမှာဖြစ်တယ်လို့သိရပါတယ်။
အလားတူ ရန်ကုန် – ပုဂံ အထူးရထားခရီးစဉ်ကလည်း အောက်တိုဘာလ ၂၈ ရက်နေ့မှသာ ရန်ကုန်ကနေ ပုဂံကို အဆန်ရထားရှိပြီး အောက်တိုဘာလ ၃၀ ရက်နေ့ရောက်မှသာ ပုဂံကနေ ရန်ကုန် အစုန်ရထား ပြန်လည်ထွက်ရှိမှာဖြစ်တယ်လို့သိရပါတယ်။
အဆိုပါ သီတင်းကျွတ်ကာလအထူးရထားပြေးဆွဲမယ့် ရထားထားတွေမှာ ရိုးရိုးတန်းခုနှစ်ဲတွဲ ၊အထူးတန်း လေးတွဲ ပါဝင်တယ်လို့သိရပါတယ်။
မော်လမြိုင်ဘူတာကြီးကတော့ ရထားလက်မှတ်ကို အထက်တန်းကို သုံးရက်ကြိုတင်ဝယ်ယူနိုင်ကြောင်း၊ ရိုးရိုးတန်း တရက်ကြိုတင်ဝယ်ယူနိုင်တယ်လို့ ဒီနေ့ အောက်တိုဘာ ၂၅ ရက်မှာအသိပေးထားပါတယ်။