တဲလ်အဗစ်၊ အောက်တိုဘာ-၂၅-၂၀၂၃
မျိုးဆက်(VOM)
အစ္စရေးနှဲ့ ဟားမတ်စ်အဖွဲ့တို့ရဲ့ပဋိပက္ခနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ် မှတ်ချက်ပြုပြောဆိုခဲ့တဲ့အပေါ် အစ္စရေးက ပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်ပြီး ဂူတာရက်စ်ကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ အစ္စရေးက တောင်းဆိုလိုက်ပါတယ်။
ဟားမတ်စ်အဖွဲ့က အရပ်သားတွေကို တိုက်ခိုက်တာနဲ့ ပြန်ပေးဆွဲတာတွေ ပြုလုပ်ခဲ့တဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က လုံခြုံရေးကောင်စီအစည်းအဝေးတွင် ရှုတ်ချပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုဟာ အကြောင်းမဲ့ဖြစ်လာမဟုတ်ဘူးဆိုတာကိုလည်း အသိအမှတ်ပြုဖို့ အရေးကြီးကြောင်းနဲ့ ပါလက်စတိုင်းတို့ဟာ ၅၆ နှစ်ကြာ နယ်မြေသိမ်းပိုက်ခြင်းကို ခံခဲ့ရကြောင်း သူကပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒီလိုပြောဆိုခဲ့တဲ့အပါ် အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အီလီကိုဟန်က ကုလသမဂ္ဂအကြီးအကဲကို ဝေဖန်ပြောဆိုခဲ့ပြီး ဂူတာရက်စ်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာကို ဖျက်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်အနေနဲ့ ရာထူးကနေနှုတ်ထွက်ပြီး တောင်းပန်ဖို့နဲ့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးအပြင် ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး ဂီလက်အာဒန်တို့က တောင်းဆိုခဲ့ပါတယ်။
Ref:NHK
Photo:AP