အီနိုင်းတံတား ရှောင်ကွင်းလမ်းက နားကွမ်းတံတား ဖောက်ခွဲဖျက်ဆီးခံရပြန်

 

ဇန်နဝါရီ ၁၂၊ ၂၀၂၄

Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး – မံစံ – နမ္မတူ လမ်းပေါ်က အီနိုင်းတံတား ကျိုးသွားလို့ကွင်းသွားရတဲ့ ရှောင်ကွင်းလမ်း‌ပေါ်က နားကွမ်းတံတား ဇန်နဝါရီ ၁၁ ရက်နေ့ ည ၇ နာရီခွဲ ဝန်းကျင်က ထပ်မံ ဖောက်ခွဲ ခံရလို့ ကျိုးကျသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“တံတား ကျိုးသွားတာကဝောာ့ သေချာတယ်။ တကယ် ကျိုးသွားပြီ။ ဘယ်အဖွဲ့က လုပ်တာလဲတော့ မသိဘူး။ အီနိုင်းတံတားကျိုးသွားတော့ အီနိုင်‌ဈေးကနေ နားကွမ်းရွာက တံတားဖြတ်ပြီး နောင်လိုင် ပြန်ပေါက်တဲ့လမ်းလေ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

လက်ရှိ ခရီးသွား ပြည်သူတွေ အဓိက အသုံးပြုနေတဲ့ မူဆယ် – မိုင်းဝီး – နမ္မတူ – မံစံ – အီနိုင်း – နားကွမ်း – နောင်လိုင် – လားရှိုး လမ်းပေါ်က တံတား ဖြစ်ကြောင်း သူက ရှင်းပြပါတယ်။

“အခု အဲတံတားကနေပဲ သွားနေကြရတာလေ။ အီနိုင်းဈေးကနေ နားကွမ်း၊ နောင်လိုက် ပေါက်တဲ့လမ်း။ ခက်ပြီပေါ့။ အဲလမ်းတောင် မနည်း သွားနေရတာ။ ကားအနိမ့်တောင် မရဘူး။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

မြောက်ပိုင်း မဟာမိတ် ပူးပေါင်း အဖွဲ့ရဲ့ ၁၀၂၇ ကာလအတွင်း VOM က လက်လှမ်ူမီ သလောက် ပြုစုထားတဲ့ စာရင်းအရ ရှမ်းပြည်နယ် မြောက်ပိုင်း လမ်းကြောင်းပေါ်က ပြည်သူလူထု အဓိက သွားလာတဲ့ တံတား ၈ စင်း ဖောက်ခွဲဖျက်ဆီး ခံရတာ ဖြစ်ပါတယ်။

ကွမ်လုံ – ဟိုပန်ကြားက ဖောင်ဆိပ် နမ့်တိန်ချောင်းတံတားကို အောက်တိုဘာ ၂၇ ရက်နေ့ မနက်ပိုင်းက၊ လားရှိုး – ကွတ်ခိုင်ကြားက သိန္နီ တံတားကို အောက်တိုဘာ ၃၀ ရက်နေ့ မနက်ပိုင်းက၊ ကွမ်းလုံကြိုးတံတားကိုနိုဝင်ဘာ ၁၂ ရက် ညနေပိုင်းက၊ ကျောက်မဲ – သီပေါကြားက ကျင်သီ တံတား နိုဝင်ဘာ ၁၂ ရက်နေ့ ညနေပိုင်းက၊ လားရှိုး – သိန္နီကြက ၁၆ မိုင် နယ်စပ်က ပန်ဖတ် တံတား အသစ်နဲ့ အဟောင်း ၂ စင်းကို နိုဝင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းက၊ လားရှိုး – သီပေါ ကြားက စဉ့်အင်တံတား ဒီဇင်ဘာ ၁ ရက်နေ့ ညနေပိုင်းက၊ သီပေါ – နမ္မတူ ကြားက မိုးတေ ချောင်းတံတား ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းက၊ နမ္မတူ – လားရှိုး ကြားက အီနိုင်း တံတားကို ဒီဇင်ဘာ ၃၁ ရက်နေ့က စသဖြင့် ဖောက်ခွဲ ဖျက်ဆီး ခံခဲ့ရပြီး အခု အီနိုင်းတံတား ကွင်းတဲ့ နားကွမ်း တံတာကို ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်နေ့ညပိုင်းက ထပ်မံ ဖောက်ခွဲ ဖျက်ဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

ပြည်သူလူထု သွားလာနေတဲ့ လမ်းပေါ်က တံတားတွေ အများအပြား ပျက်စီး ကျိုးကျ သွားတာကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲ ဒုက္ခ ရောက်ရတဲ့ အပြင် ကားခ တွေလည်း အဆမတန် ဈေးများသွားကာ အခက်ကြုံနေကြရတယ်လို့ ခရီးသွား‌ပြည်သူတွေက ပြောပါတယ်။

ကျင်သီတံတား မှာတော့ ဟိုဘက်ကမ်း ဒီဘက်ကမ်း ကုန်ပစ္စည်း သယ်ယူဖို့ လူအင်အားနဲ့ သယ်ယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ လမ်းစရိတ် ပေါက်ဈေးကတော့ မူဆယ် – ၁၀၅ မိုင် ကို လူ တစ်ဦး တစ်သိန်းခွဲ၊ မူဆယ် – မော်တောင်း တစ်သိန်းခွဲနဲ့ နှစ်သိန်းကြား၊ မူဆယ် နမ့်ဖတ်ကာ နှစ်သိန်းခွဲ နဲ့ သုံးသိန်းကြား၊ မူဆယ် – ကွတ်ခိုင် သုံးသိန်းနဲ့ သုံးသိန်းခွဲကြား၊ လားရှိုး – မူဆယ် နှစ်သိန်းခွဲ နဲ့ သုံးသိန်းကြား၊ မူဆယ် – မန္တလေး သုံးသိန်းခွဲ နဲ့ ငါးသိန်းကြားရှိပြီး ပစ္စည်း တန်ဆာခက မူဆယ် – မန္တလေး 1 Kg ကို ၅၀၀၀ ကနေ ၇၀၀၀ ထိ ဈေးတွေပေါက်နေပြီး ရှမ်းမြောက်နေရာ တော်တော်များများမှာ ဆေးဝါးပစ္စည်း အများစု ပြတ်လပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

လမ်းပန်းဆက်သွယ်‌ရေး၊ သယ်ယူပို့ဆောင်ရေး အခက်အခဲ တွေကြောင့် လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်းက လာတဲ့ ကုန်စည်တွေ၊ စားသောက်ကုန်တွေ ကြက်သွန်ဖြူ အကြီး မြေပြန့်မှာ တပိသာ ၃၀၀၀၀၊ မုန်လာ၊ မုန်ညင်းချဉ် တပိဿာ ၁၀၀၀၀ ကျော်၊ ပန်းသီး တလုံး ၅၀၀၀ စသဖြင့် ဈေးတွေ မြင့်တက်နေကြောင်း မန္တလေးဘက်က ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ရေးတင်းမာနေတဲ့ ဒေသတွေမှာ စစ်တပ် က်က ပိတ်ထားတဲ့ လမ်းတွေ ရှိသလို့ မြောက်တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ပိတ်ထားတဲ့ လမ်းတွေလည်း အများအပြား ရှိနေတာကြောင့် ဒေသခံတွေရဲ့ ဒေသထွက် စိုက်ပျိုးရေး ထွက်ကုန်တွေ ဈေးကွက်မရောက်နိုင်လို့ ပိုမို ဒုက္ခ ဆင်းရဲ ရောက်နေကြရကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်းက ဒေသခံတွေက ပြောပါတယ်။

တရုတ် နဲ့ နယ်စပ် ဖြစ်တဲ့ နယ်စပ်ဒေသတေGမှာတော့ ‌ဒေသထွက်ကုန် အကုန်လုံးနီးပါး တရုတ်ဘက် တင်ပို့ရောင်းချနေကြရတာ ဖြစ်ပေမယ့် လက်ရှိ မြောက်ပိုင်း မဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ဒေသခံတွေရဲ့ ကြံကလွဲလို့ ဒေသထွက်ကုန်တွေ တရုတ်ဘက်သို့ ကောင်းချလို့ မရတော့သလို မြို့ပေါ် ဈေးကွက်ထဲလည်း လမ်းပိတ်ထားတာကြောင့် ဈေးကွက်ထဲသို့ လုံးဝ မ‌ရောက်နိုင်တဲ့ အခြေအနေ ဖြစ်နေကာ စားဝတ်နေရေး ပိုမိုခက်ခဲ ကြပ်တည်းလာတယ်လို့ ဆိုပါတယ်။

Photo Crd# ဒေသခံ

 

Related posts

Leave a Comment

VOM News

FREE
VIEW