အစ္စရေးရဲ့ ထိုးစစ်တွေရပ်ဖို့ ဓါစားခံသုံးယောက်ရဲ့ ဗီဒီယိုထုတ်ပြန်ပြီး ဟားမတ်စ်တို့ ခြိမ်းခြောက်

 

ဂါဇာစီးတီး၊ ဇန်နဝါရီ-၁၅-၂၀၂၄

မျိုးဆက်(VOM)

အစ္စရေးအနေနဲ့ ဂါဇာမှာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့နဲ့ ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းတွေ လွတ်မြောက်ရေး ရည်ရည်ပြီး ဖမ်းဆီးထားတဲ့ အစ္စရေးဓါးစာခံသုံးယောက်ရဲ့ရဲ့ ဗီဒီယိုကို ဟားမတ်စ်တို့က ထုတ်ပြန်ခဲ့ပါတယ်။

ဟားမတ်စ်တို့ ထုတ်ပြန်ခဲ့တဲ့ ၃၇ စက္ကန့်ကြာ ဗီဒီယိုမှာပါတဲ့ ဓါးစာခံတွေကတော့ အသက် ၂၆ နှစ်အရွယ် Noa Argamani၊ ၅၃ နှစ်အရွယ် Yossi Sharabi နဲ့ ၃၈ နှစ်အရွယ် Itai Svirsky တို့ဖြစ်ပြီး သူတို့ရဲ့ ကံကြမ္မာကို မနက်ဖြန်အကြောင်းကြားမယ်လို့ ဟားမတ်စ်တို့က ခြိမ်းခြောက်ထားပါတယ်။

ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဓါးစာခံအချို့နဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်လို့ ဟားမတ်စ်တို့က ဆိုပါတယ်။ စစ်ပွဲအစမှာတော့ ဟားမတ်စ်တို့ဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ဓါးစာခံတွေကို ကွပ်မျက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ဟားမတ်စ်တို့က ဓါးစာခံတွေရဲ့ ဗီဒီယိုကို ထုတ်ပြန်မှုဟာ စိတ်ဓါတ်စစ်ဆင်ရေးဖြစ်တယ်လို့ အစ္စရေးက ပြောဆိုထားပြီး ဓါးစာခံတွေအပေါ်ကျရောက်လာနိုင်တဲ့အန္တရာယ်တွေကို သိရှိထားပြီး ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တို့က အစ္စရေးကို နယ်စပ်ဖြတ်ကျော်ပြီး အံ့အားသင့်ဖွယ်တိုက်ခိုက်မှုပြီးနောက် အစ္စရေး ဓါးစာခံ ၂၄၀ ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ထက်ဝက်နီးပါးကို နိုဝင်ဘာလမှာရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကာလမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

Ref:Reuters

Photo:Times of Israel

 

Related posts

Leave a Comment

VOM News

FREE
VIEW