အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် လွတ်လပ်စွာ ကူးလူးသွားလာခွင့် ပိတ်ပင်ပြီး ခြံစည်းရိုးခတ်ဖို့ ပြင်ဆင်နေ

ဒေလီ၊ ဇန်နဝါရီ-၂၁-၂၀၂၄
မျိုးဆက်(VOM)

အိန္ဒိယ-မြန်မာနယ်စပ်မှာ နှစ်နိုင်ငံလွတ်လပ်စွာ ကူးလူးသွားလာခွင့်ကို ပိတ်ပြီး မကြာခင်ခြံစည်းရိုး ခတ်တော့မယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီး Amit Shah က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြန်မာဒုက္ခသည်တွေကို လက်ခံထားတဲ့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးတို့ဟာ နစကတပ်ဖွဲ့ဝင်တွေနဲ့ ဒုက္ခသည်တွေ ဝင်ရောက်လာမှုနဲ့ပတ်သက်ပြီး ဆွေးနွေးပြီးနောက် အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

နိုဝင်ဘာလနောက်ပိုင်းကစပြီး နစကတပ်ဖွဲ့ဝင်တွေ အိန္ဒိယဘက် ထွက်ပြေးသူ ၆၃၆ ယောက်ထိရှိတယ်လို့ အိန္ဒိယအခြေစိုက် NDTV ကဖော်ပြထားပါတယ်။

အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့ဟာ မဏိပူရ၊ မီဇိုရမ်၊ နာဂလန်း၊ အာယူနာချယ်ပရာဒေ့ရှ်တို့နဲ့ ထိစပ်နေတဲ့ ကီလိုမီတာ ၁၆၄၃ နယ်နိမိတ်ထိစပ်နေပါတယ်။ ဒီထဲကမှာ မဏိပူရမှာ ၁၀ ကီလိုမီတာသာ ခြံစည်းရိုးခတ်ထားပါတယ်။

နှစ်နိုင်ငံနယ်စပ်ရှိ ဒေသခံတွေအတွက် လွတ်လပ်စွာ ကူးလူးသွားလာမှုအဖြစ် နယ်စပ်ကနေ ၁၆ ကီလိုမီတာထိ နယ်စပ်ဖြတ်သန်းသွားလာနိုင်ပြီး တနှစ်သက်တမ်းရှိ နယ်စပ်ဖြတ်သန်းခွင့်ကိုအသုံးပြုကာ တကြိမ်မှာ နှစ်ပတ်ထိ နေထိုင်နိုင်ဖို့ ခွင့်ပြုပေးထားတာဖြစ်ပါတယ်။

မြန်မာလိုပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာလည်း အိန္ဒိယနိုင်ငံနဲ့ ကီလိုမီတာ လေးထောင်ကျော် နယ်နိမိတ်ထိစပ်နေပြီး အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်ခြံစည်းရိုးကာရံမှုတွေကို ၂၀၂၄ ခုနှစ် မတ်လအတွင်းမှာ ပြီးစီးမယ်လို့ ခန့်မှန်းရပါတယ်။

Ref:Times of India
Photo: Getty Images

Related posts

VOM News

FREE
VIEW