စစ်ကိုင်းမှာ ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်သရုပ်ပြ အခမ်းအနား ကျင်းပ

 

စစ်ကိုင်း၊ ဖေဖော်ဝါရီ- ၂၂- ၂၀၂၄

SA(VOM)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်မှာရှိတဲ့ စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာနမှာ ငလျင်ဘေး အန္တရာယ် ဇာတ်တိုက်သရုပ်ပြခြင်း အခမ်းအနား အစီအစဥ်ကို ဒီကနေ့မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းမှာ ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်သရုပ်ပြ အခမ်းအနား ကျင်းပ
စစ်ကိုင်းမှာ ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်သရုပ်ပြ အခမ်းအနား ကျင်းပ

အဲ့ဒီ အခမ်းအနားအစီအစဥ်မှာ ငလျင်လှုပ်ခတ်မှုကြောင့် လမ်းမပေါ်မှာ သွားလာနေတဲ့ ယာဥ်တစီးက မြေပြိုမှုဖြစ်လို့ (accident) ဖြစ်ပွားပြီး မီးလောင်နေတဲ့အတွက် မီးသတ်တပ်ဖွဲ့က (3D Nozzle) အသုံးပြုပြီး (Coling System) အအေးပေးခြင်းနဲ့ မီးငြှိမ်းသတ်ခြင်း ယာဥ်အတွင်းမှာ သတိလစ်ပြီး ညပ်နေတဲ့ လူနာကို ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေက နယ်သာလန်နိုင်ငံထုတ် (Hydraulic Rescue Tool) တွေနဲ့ ကယ်ထုတ်ခြင်း လမ်းပိတ်နေတဲ့ ယာဥ်ကို (191- Rescue Truck ) 5 – Tone ကရိန်းကို အသုံးပြုပြီး ဖယ်ရှားခြင်း သရုပ်ပြမှု ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီ သရုပ်ပြမှုအစီအစဥ် ပြီးတဲ့နောက် အထပ်မြင့် အဆောက်အဦးပေါ်မှာ ပိတ်မိနေတဲ့ လူနာကို လှေကားအသုံးပြုပြီးကယ်ဆယ်ခြင်း၊ ငလျင်ကြောင့် ပြိုကျနေတဲ့ အဆောက်အဦးထဲမှာ ပိတ်မိနေတဲ့ လူနာကို စက်ကရိယာတွေ အသုံးပြုပြီးကယ်ဆယ်ခြင်း၊ ဥမင်လှိုင် ခေါင်းအတွင်းမှာ ပိတ်မိနေတဲ့ လူနာကို အောက်စီဂျင်ပေးခြင်း စတဲ့ သရုပ်ပြမှုတွေကို စစ်ကိုင်းခရိုင်မီးသတ်ဦးစီးတပ်ဖွဲ့ဝင် ၃၅ ဦးနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်လို့ သိရပါတယ်။

 

Related posts

✕
VOM News

FREE
VIEW