ထိုင်းအတိုက်အခံပါတီ ခုနှစ်ပါတီ ညွှန့်ပေါင်းဖွဲ့၊ အောက်လွှတ်တော်မှာ ၂၅၅ နေရာအနိုင်ရနိုင်

 

 

ဗန်ကောက်၊ မတ်၂၇-၂၀၁၉

မျိုးဆက် (VOM)

အငြင်းပွားဖွယ် ထိုင်းနိုင်ငံရွေးကောက်ပွဲပြီးနောက် အတိုက်အခံပါတီ ခုနှစ်ပါတီက ဒီမိုကရက်တစ်တပ်ဦး ညွှန့်ပေါင်းအဖွဲ့ကို မတ် ၂၇ ရက်မှာ ဖွဲ့စည်းလိုက်ပြီး ၎င်းတို့ဟာ အောက်လွှတ်တော်မှာ အမတ်နေရာအများစုအနိုင်ရတယ်လို့ အခိုင်အမာဆိုပါတယ်။

စစ်တပ်က ငါးနှစ်ကြာအုပ်ချုပ်ပြီးနောက် အစိုးရတစ်ရပ်ပြောင်းလဲဖွဲ့စည်းရေး ၎င်းတို့မှာ ကြိုးစားခွင့်ရှိတယ်လို့ အတိုက်အခံညွှန့်ပေါင်းအဖွဲ့က ပြောပါတယ်။ ဒါပေမယ့် စစ်အစိုးရက ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ပေါင်းပြီး ၀န်ကြီးချုပ်တစ်ဦးရွေးချယ်ပိုင်ခွင့်ကိုတော့ အတိုက်အခံညွှန့်ပေါင်းအဖွဲ့က ဆုံးရှုံးရဖွယ်ရှိနေပါတယ်။

မေလမှာ ထိုင်းဘရင်သစ်ရဲ့ ရာဇဘိသိတ်ခံဖို့အတွက် ပြင်ဆင်နေတဲ့ ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ မြင့်တက်လာနိုင်ပါတယ်။ အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာကလည်း သူရဲ့ ၀န်ကြီးချုပ်ရာထူး ရည်မှန်းချက်ကို လက်လွှတ်ဖွယ်ရှိမနေပါဘူး။ အတိုက်အခံညွှန့်ပေါင်းအဖွဲ့ကတော့ သူတို့ဟာ အောက်လွှတ်တော်မှာ အမတ်နေရာ ၂၅၅ နေရာအထိ အနည်းဆုံးအနိုင်ရရှိလိမ့်မယ်လို့ ဖြူထိုင်းပါတီရဲ့ ၀န်ကြီးချုပ် ကိုယ်စားလှယ်လောင်း ဆူဒါရက်ကီယူရာဖန်ကပြောပါတယ်။ စစ်တပ်လိုလားတဲ့ ပလန်ပရာချက်ရတ် ပါတီကလည်း ကနဦးမဲရလဒ်တွေကို အခြေခံပြီး အစိုးရဖွဲ့နိုင်တယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ သာနာခွန်ဝမ်ဘွန်းခွန်ချာနာက ပြောပါတယ်။

Ref : RT/Reuters Photo : Reuters

#voiceofmyanmar #နိုင်ငံတကာသတင်း  #ထိုင်းနိုင်ငံ #ရွေးကောက်ပွဲ

Related posts

✕
VOM News

FREE
VIEW