ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့  Aung San နာမည်ပါရှိတဲ့ တစ်ကျပ်သားရွှေဒင်္ဂါးပြားပုံစံသစ်ကို ဧပြီလ ၂ မှာ ရက် စတင်ရောင်းချမယ်

ရန်ကုန် ၊မတ် ၃၀

TGH (vom)

လက်ရှိ ကြယ်ပွင့်ပုံပါ တစ်ကျပ်သား ရွှေဒင်္ဂါးပြားနေရာမှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့နာမည်ပါတဲ့ဒင်္ဂါးတွေကို ဧပြီလ ၂ ရက်နေ့မှာဗဟိုဘဏ်ကစတင်ရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

တစ်ကျပ်သားဒင်္ဂါးပြားကို ဝယ်ယူမှုများပြားတာကြောင့် ခုလိုပုံစံအသစ်သွန်းလောင်းထုတ်ဝေမှာဖြစ်ပြီး ပုံစံသစ် ဒင်္ဂါး တစ်ကျပ်သားမှာ အချင်း ၂၆.၀မီလီမီတာ ၊အထူအားဖြင့် ၂.၀မီလီမီတာ ရှိမယ်လို့ သိရပါတယ်။ဒင်္ဂါးပြားရဲ့ အလယ်ဗဟို မျက်နှာပြင်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံ  ပါရှိပြီး ပုံအောက်ဘက်မှာတော့ Aung San နာမည်ပါရှိမှာဖြစ်ပါတယ်။

ဒင်္ဂါးရဲ့ အနားပတ်လည်မှာ “Central Bank of Myanmar”၊ “16.329 gm 999.9 Fine Gold”လို့ အင်္ဂလိပ်စာလုံးနဲ့ဖော်ပြထားမှာဖြစ်သလို    တခြားတစ်ဖက် မျက်နှာပြင်မှာလည်း      ”မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၂ဝ၁၈၊ ၁ ကျပ်သား၊ ၉၉၉ ဒသမ ၉ သန့်စင်ရွှေ”စာသားကို   မြန်မာစာလုံးနဲ့ဖော်ပြထားမှာဖြစ်တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ချက်အရသိရပါတယ်။

တစ်ကျပ်သားရွှေဒင်္ဂါးဝယ်ယူတဲ့အခါ ရွှေဒင်္ဂါးပြားနဲ့အတူ ဗဟိုဘဏ် ဥက္ကဋ္ဌနဲ့  သွန်းလောင်းဌာနအကြီးအကဲရဲ့  မှန်ကန်ကြောင်း ထောက်ခံချက်ပါ တစ်ပေါင်းတည်းပါရှိမှာဖြစ်ပြီးဒင်္ဂါးပြားတွေကို နေပြည်တော် ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာရှိတဲ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း အရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

ဒင်္ဂါးပြားရဲ့ ရောင်းဈေးမှာ ရွှေနေ့စဉ် ပေါက်ဈေးအပေါ် မူတည်ပြီး အလျော့တွက်နဲ့ကုန်ကျစရိတ် ကျပ် ၃၈၉၅၀ ထပ်ထည့်ပေါင်းပြီး ရောင်းချသွားမှာဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ကြယ်တစ်ပွင့်ပုံပါတစ်ကျပ်သား၊ လယ်ထွန်နေတဲ့ပုံပါငါးမူးသားနဲ့ သစ်ဆွဲနေတဲ့ ဆင်ပုံပါ တစ်မတ်သားတစ်မတ်သား စံချိန်မီ ရွှေဒင်္ဂါး အမျိုးအစား သုံးမျိုးကို ၁၉၉၁ ခုနှစ်ကတည်းက စတင်ထုတ်ဝေခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ  တစ်မတ်သား ဒင်္ဂါးပြားကို ဗိုလ်ချုပ်အောင်ဆန်းပုံပါ ပုံစံအသစ်ပြောင်းလဲ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

 

#voiceofmyanmar #ဗိုလ်ချုပ်ပုံ #ရွှေဒင်္ဂါး #ဗိုလ်ချုပ်အောင်ဆန်း

 

 

Related posts

✕
VOM News

FREE
VIEW