ပြီးခဲ့တဲ့နှစ်က ကမ္ဘာပေါ်မှာ သေဒဏ်ပေးကွပ်မျက်မှု ရှစ်နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့



လန်ဒန်၊ မေ-၂၉-၂၀၂၄
မျိုးဆက်(VOM)

အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ သေဒဏ်ပေး ကွပ်မျက်မှုတွေ တိုးမြင်လာတာကြောင့် ၂၀၂၃ ခုနှစ်အတွင်း မှတ်တမ်းတွေအရ ရှစ်နှစ်အတွင်း ကွပ်မျက်မှု အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ဆိုပါတယ်။

နိုင်ငံပေါင်း ၁၆ နိုင်ငံမှာ သေဒဏ်ပေးကွပ်မျက်မှုတွေကြောင့် လူပေါင်း ၁၁၅၃ ယောက် အသတ်ခံခဲ့ရပြီး ဒါဟာ ၂၀၂၂ ခုနှစ်ကထက် ၃၀ ရာခိုင်နှုန်း ပိုမိုများပြားတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကွပ်မျက်မှုအားလုံးရဲ့ ၇၄ ရာခိုင်နှုန်းဟာ အီရန်မှာဖြစ်ပြီး အထူးသဖြင့် မူးယစ်ဆေးဝါးသမားများဖြစ်ပြီး ဆော်ဒီအာရေဗျကမူ ၁၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ လက်ရှိကိန်းဂဏန်းတွေထဲမှာ နှစ်စဉ် လူထောင်ပေါင်းများစွာကို သေဒဏ်ပေးတယ်လို့ ယူဆရတဲ့ တရုတ်နိုင်ငံက အရေအတွက်မပါဘူးလို့ ဆိုပါတယ်။

ဒါအပြင် ကွပ်မျက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယားနဲ့ ဗီယက်နမ်တို့လို နိုင်ငံတွေက ကွပ်မျက်မှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေလည်း မပါဝင်ဘူးလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။

အီရန်ဟာ ပြီးခဲ့တဲ့နှစ်က လူ ၈၅၃ ယောက်ထက်မနည်းကို ကွပ်မျက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၅၆၇ ယောက်နှင့် ၂၀၂၁ ခုနှစ်တွင် ၃၁၄ ဦးတို့ထက် မြင့်တက်နေကာ ကွပ်မျက်မှုရဲ့ ထက်ဝက်ကျော်ဟာ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တဲ့အမှုတွေ ဖြစ်ပါတယ်။

Ref:BBC
Photo:AFP

Related posts

✕
VOM News

FREE
VIEW