ဝါရှင်တန် ၊ ဇွန်-၆-၂၀၂၄
မျိုးဆက်(VOM)
အမေရိကန်အာကသကုမ္ပဏီကြီးဖြစ်တဲ့ ဘိုးအင်းဟာ သူ့ရဲ့ စတားလိုင်နာ အာကာသယာဉ်နဲ့အတူ အာကာသယာဉ်မှူးနှစ်ဦးကို တင်ဆောင်င်ပြီး ကမ္ဘာပတ်လမ်းကြောင်းအတွင်း အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။
စတားလိုင်နာကို ဖလော်ရီဒါရှိ ကိပ်ကာနီဗယ် အာကာသစခန်းကနေ ဇွန် ၅ ရက်မှာ လွှတ်တင်ခဲ့တာဖြစ်ပြီး အာကာသယာဉ်မှူးနှစ်ယောက်ဟာ နိုင်ငံတကာအာကာသစခန်းကို ရောက်ရှိဖို တရက်ကျော်ကြာမြင့်မှာ ဖြစ်ပါတယ်။
မကြာသေးမီသတင်းပတ်တွေအတွင်းက စမ်းသပ်မှုတွေမှာ ကွန်ပြူတာစနစ်အပါအဝင် နည်းပညာဆိုင်ရာ ပြသနာများကြောင့် နှစ်ကြိမ်တိုင် လွှတ်တင်မှုကို ဖျက်သိမ်းခဲ့ရပါတယ်။
အာကာသယာဉ်မှူးတွေဟာ စတားလိုင်နာနဲ့ ကမ္ဘာမြေကို ပြန်မလာမီ နိုင်ငံတကာ အာကာသစခန်းမှာ တပတ်ကြာနေထိုင်မှဖြစ်ပြီး အမေရိကန်အနောက်တောင်ပိုင်းမှာ ဆင်းသက်ဖို စီစဉ်ထားပါတယ်။
အမေရိကန်အာကာသအေဂျင်စီ(နာဆာ)ဟာ အာကာသယာဉ်မှူးတွေကို ကမ္ဘာပတ်လမ်းကြောင်းကို ပိုဆောင်ဖိုရာမှာ ရုရှားရဲ့ ဆိုယုဇ်အာကာသယာဉ်တွေအပေါ် မှီခိုခဲ့ရပြီး ပြီးခဲ့တဲ့လေးနှစ်ကစပြီး အမေရိကန်ကုမ္ပဏီ စပေ့အိတ်စ်နဲ့အတူ အာကာသယာဉ်မှူးတွေ စတင်ပိုဆောင်ပေးခဲ့ပါတယ်။
Ref:NHK
Photo:AP
