မူဆယ်မှာ ပြည်သူ ရာချီပါဝင်တဲ့ စစ်မက် ကင်းဝေးစေလိုကြောင်း ငြိမ်းချမ်းရေး ဆုတောင်းပွဲ ပြုလုပ်

 

ဩဂုတ် ၁၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ နေ ပြည်သူ ရာချီ ဇူလိုင်လ ၃၀ ရက်နေ့ ညနေပိုင်းက ဖယောင်းတိုင်မီးတွေ ကိုင်ဆောင်ပြီး ရှမ်းပြည်နယ်ကြီး ငြိမ်းချမ်းပါစေ၊ မူဆယ်မြို့ကြီး စစ်မက်ကင်းဝေးပါစေ ဆိုတဲ့ ဆုတောင်းသံတွေနဲ့အတူ တေးသီချင်းတွေ သံပြိုင် သီဆိုပြီး ငြိမ်ချမ်းရေး ဆုတောင်းပွဲပြုလုပ်ခဲ့ကြကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ငြီမ်းချမ်ရေး ဆုတောင်းပွဲမှာ ပါဝင်တဲ့ လူတွေက အများကြီးပဲ။ ရာချီတယ်။ မူဆယ်မှာတော့ အရမ်းစိုးရိမ်စရာဝော့ အခုလောလောဆယ်မရှိဘူးပေါ့။ ဒါပေမယ့် ရှမ်းမြောက် တခုလုံး ငြိမ်းချမ်းချင်တယ်။ စစ် မဖြစ်ချင်ဘူးပေါ့။ ဒါကြောင့် ငြိမ်းချမ်းရေး ဆုတောင်းပွဲ လုပ်တာပေါ့။” လို့ ပရဟိတ အသင်း တာဝန်ရှိသူ တယောက်က ပြောပါတယ်။

မူဆယ်မြို့နေ ပြည်သူတွေ ဖြစ်စေချင်၊ လိုလားကြတဲ့ ငြိမ်းချမ်း စေလိုကြောင်း ထွက်ပေါ်လာတဲ့ ဆုတောင်းသံ တွေ ဖြစ်တယ် လို့ ဆိုပါတယ်။

“တိုက်ပွဲ မဖြစ်ချင်ဘူး။ ငြိမ်းချမ်းချင်တယ်။ ကျွန်မသားတွေရဲ့ ပညာရေးတွေလည်း အရမ်းနောက်ကျတယ်။ စဉ်းစားလိုက်ရင် အရမ်း စိတ်ညစ်တယ်။ တိုက်ပွဲဖြစ်ရင် ဘာမှ လုပ်မရတော့ဘူး။ အဲဒါကြောင့် ငြိမ်းချမ်းချင်တယ်။” လို့ မူဆယ်မှာ နေထိုင်ပြီး ခရီးသည် ယာဉ်မောင်း လုပ်ငန်းကို မှီခိုနေရတဲ့ ဒေသခံ အမျိုးသမား တယောက်က ပြောပါတယ်။

မူဆယ်မြို့ပဲ မဟုတ်ပဲ ရှမ်းပြည်နယ်ေမြာက်ပိုင်း တခုလုံး ငြိမ်းချမ်းစေချင်ပြီး မငြိမ်းချမ်းတဲ့ အကျိုးဆက်က လုပ်ငန်းလည်ပတ်လျု့ မရတဲ့ အပြင် ဘာမဆို အဆင်မပြေဘူးလို့ သူက ပြောပါတယ်။

“မူဆယ်က တိုက်ပွဲ ဖြစ်လာရင် တခြားမြို့နဲ့ မတူဘူး။ အကုန်လုံး ဒုက္ခရောက်ကုန်မှာ။ ဒီ နယ်စပ် ဂိတ်ပေါက်တွေလည်း ပိတ်သွားမှာ။ တရုတ် ဂိတ်တွေ ပိတ်သွားရင် ကျွန်တော်တို့ ဘာမှလုပ်လို့မရတော့ဘူးဗျ” လို့ နယ်စပ်ကုန်သည် တယောက်က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက တရုတ် – မြန်မာ နယ်စပ် ဂိတ်ပေါက်တွေထဲမှာ မူဆယ်မြို့ပေါ်က နယ်စပ်ဂိတ်ပေါက် တွေသာ ဖွင့်တော့တာကြောင့် မူဆယ်ဒေသခံတွေသာမက နယ်စပ်ကို အမှီပြုနေတဲ့ လုပ်ငန်းရှင်တွေက အစ ရွှေ့ပြောင်း လုပ်သားတွေ အဆုံး ခက်ခဲ ဒုက္ခရောက်သွားမှာ လို့ သူက ပြောပါတယ်။

“မူဆယ်မှာ စစ်ဖြစ်လာရင် ပြည်သူတွေပဲ ထိမှာ။ အစိုးရ ဝန်ထမ်းတွေ လည်း နှစ်နိုင်ငံ ညှိနှိုင်းပြီး အေးဆေး ထွက်သွားမှာ။ နောက်ဆုံး ပြည်သူတွေပဲ ကျန်ပြီး ပြည်သူတွေပဲ ဒုက္ခရောက်ကုန်မှာ။” လို့ အစိုးရ ဝန်ထမ်း တယောက်က ပြောပါတယ်။

တိုက်ပွဲ ဖော်ဆောင်ပြ ထိခိုက်စေချင်တဲ့ သူတွေက အစိုးရ ဝန်ထမ်းတွေနဲ့ နစက တပ်သားတွေ ဖြစ်ပေမယ့် နောက်ဆုံး ထိခိုက်သွားရသူတေွဟာ ပြည်သူတွေပဲ ဖြစ်တာတွေ့ရတယ်လို့ သူက ပြောပါတယ်။

မူဆယ် ဒေသခံ ပြည်သူတွေက တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာမှာကို စိုးရိမ်နေကြပြီး မြန်မာနိုင်ငံတဝန်းမှာ နေထိုင်ကြတဲ့ ပြည်သူေတွ အနေနဲ့လည်း မိမိတို့နိုင်ငံထဲ စစ်ပွဲဖော်ဆောင်မှုတွေကို စည်းစည်းလုံးလုံးနဲ့ဝိုင်းဝန်းတားဆီးကြပြီး ငြိမ်းချမ်းသာယာစွာနေထိုင်ကြဖို တိုက်တွန်းလိုတယ်လို့ ဆိုပါတယ်။

Video Crd#

#voiceofmyanmar #VOM #မူဆယ် #စစ်မက်ကင်းဝေး #ငြိမ်းချမ်းရေး #ဆုတောင်းပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW