ဝန်ကြီးချုပ် ထွက်ပြေးပြီးနောက် ဘင်္ဂလာဒေ့ရှ်ကို စစ်တပ်က ထိန်းချုပ်ထားပြီး ကြားဖြတ်အစိုးရဖွဲ့မယ် အာမခံ

 

‘ဒါကာ၊ ဩဂုတ်-၆-၂၀၂၄
မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆန္ဒပြပွဲတွေ ပြင်းထန်လာပြီးနောက် နိုင်ငံကို ကာလရှည်ကြာအုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ရာထူးကနေထွက်ကာ နိုင်ငံကိုနေ ထွက်ပြေးသွားပြီးနောက် နိုင်ငံကို စစ်တပ်က ထိန်းချုပ်ထားပြီး ကြားဖြတ်အစိုးရ ဖွဲ့ပေးမယ်လို့ စစ်တပ်အကြီးအကဲက အာမခံလိုက်ပါတယ်။

“ တိုင်းပြည်က အများကြီးဒုက္ခအများကြီးရောက်နေတယ်။ စီးပွားရေးလည်းကျဆင်းနေတယ်။ လူအတော်များများ သေကုန်ကြပြီ။ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ အချိန်ရောက်ပြီ” လို့ ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Waker-Uz-Zaman က ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောပါတယ်။

ပြီးခဲ့တဲ့လကစတင်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဖြိုခွင်းဖို့ ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားများစွာ အသုံးပြုတာကြောင့် လူသုံးရာနီးပါး သေဆုံးခဲ့ပေမယ့် ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ်နန်းတော်ကို မနေ့က ဝင်ရောက်စီးနှင်းပြီးနောက် ရှိတ်ဟာစီနာဟာ ရာထူးကနေထွက်ပြီး ပြည်ပထွက်ပြေးခဲ့ပါတယ်။

ကြားဖြတ်အစိုးရဖွဲ့မယ်ဆိုတဲ့ စစ်တပ်အကြီးအကဲရဲ့ ကြေညာချက်အပြီးမှာတော့ ဘင်္ဂလားဒေ့ရှ်ပြည်သူ သန်းပေါင်းများစွာဟာ လမ်းပေါ်ထွက် အောင်ပွဲခံခဲ့ကြပါတယ်။

“ ကျွန်မတို့နိုင်ငံ လွတ်မြောက်ခွင့်ရသွားတဲ့အတွက် အရမ်းဝမ်းသားတယ် ”လို့ အသက် ၂၁ နှစ်အရွယ် ဆာဇိဒ်အာနက်ဖ်က ပြောပါတယ်။ ဒီဖြစ်ရပ်ဟာ ပါကစ္စတန်ဆီက လွတ်လပ်ရေးရခဲ့တာနဲ့ သူကခိုင်းနှိုင်းထားပြီး အာဏာရှင်စနစ်က လွတ်မြောက်ခဲ့တာ ၁၉၇၁ ခုနှစ်နဲ့ အခု ၂၀၂၄ ခုနှစ်မှာတွေ့ရကာ ဒါဟာ ဘင်္ဂလားဒေ့ရှ်ရဲ့လွတ်လပ်ရေး အုံကြွမှုဖြစ်တယ်ကြောင်း သူက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ပါလီမန်နဲ့ ရုပ်မြင်သံကြားဌာနတွေကိုလည်း မနေ့ကဝင်ရောက်စီးနှင်းခဲ့ပြီး ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ဖခင်ရဲ့ရုပ်တုတွေကိုလည်း ဖြိုချဖျက်စီးမှုတွေပြုလုပ်ခဲ့ပြီး အစိုးရဆန့်ကျင်သူတွေအပြင် ရဲတပ်ဖွဲနဲ့ ပဋိပက္ခတွေကြောင်း မနေ့ကတရက်တည်းမှာ လူ ၆၀ ကျော်သေဆုံးခဲ့ပါတယ်။

Ref:AFP
Photo:AFP/Reuters

#Voiceofmyanmar #VOM #ဘင်္ဂလားဒေ့ရှ် #စစ်တပ်ထိန်းချုပ် #ကြားဖြတ်အစိုးရ #ဖွဲ့စည်းမယ်

Related posts

Leave a Comment

VOM News

FREE
VIEW