ဒေသတွင်း တင်းမာနေချိန် ဖိလစ်ပိုင်က အခြားသုံးနိုင်ငံနဲ့အတူ တောင်တရုတ်ပင်လယ်မှာ စစ်ရေးလေ့ကျင့်

 

မနီလာ၊ ဩဂုတ်-၇-၂၀၂၄
မျိုးဆက်(VOM)

ဖိလစ်ပိုင်၊ ကနေဒါ၊ အမေရိကန်နဲ့ ဩစတြေးလျတို့ဟာ တောင်တရုတ်ပင်လယ်မှာ ပထမဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဒီနေ့ ဩဂုတ် ၆ ရက်မှာ စတင်လိုက်ပါတယ်။

ရေတပ်နဲ့ လေတပ်တွေပါဝင်တဲ့ လေးနိုင်ငံ နှစ်ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ အငြင်းပွားဖွယ် တောင်တရူတ်ပင်လယ်မှာ ပထမဆုံးသော ဖိလစ်ပိုင်-ဂျပန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့တဲ့ တပတ်က ပြုလုပ်ပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဖိလစ်ပိုင်ရဲ့ မဟာမိတ် အမေရိကန်ဟာလည်း ဖိလစ်ပိုင်-ဂျပန်စစ်ရေးလေ့ကျင့်ခဲ့တဲ့ အငြင်ပွားဖွယ်ရေလမ်းကြောင်းမှာ အခြားနိုင်ငံတွေနဲ့အတူ ဇွန်လအတွင်းက စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပါသေးတယ်။

တောင်တရုတ်ပင်လယ်တွင် လွတ်လပ်စွာ ခုတ်မောင်း၊ ပျံသန်းခွင့်ကို ထောက်ခံကြောင်း လေးနိုင်ငံက ပူးတွဲထုတ်ပြ်နထားပြီး စစ်ရေးလေ့ကျင့်မှုကို ဖိလစ်ပိုင်အထူးစီးပွားရေးဇုန် ရေမိုင် ၂၀၀ အတွင်းပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

တောင်တရုတ်ပင်လယ် အစိတ်အပိုင်းတွေကို ပိုင်ဆိုင်ကြောင်း ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့က အပြိုင်အဆိုင် တောင်းဆိုနေပေမယ့် နှစ်စဉ်ပင်လယ်ရေကြောင်းကုန်သွယ်မှု ဒေါ်လာ သုံးထရီလီယံခန့်ရှိတဲ့ တောင်တရုတ်ပင်လယ် နယ်မြေအများစုကို ပိုင်ဆိုင်ကြောင်း တရုတ်နိုင်ငံက အခိုင်အမာဆိုထားပါတယ်။

ပြီးခဲ့တဲ့လများအတွင်းကလည်း အထူးသဖြင့် ဖိလစ်ပိုင်သင်္ဘောတွေကို ဟန့်တားနှောက်ယှက်မှုတွေ တရုတ်ကမ်းခြေစောင့်တပ်က ပြုလုပ်ခဲ့တာကြောင့် တင်းမာမှုတွေ မြင့်တက်နေပါတယ်။

Ref:Reuters
Photo:Reuters

#Voiceofmyanmar #VOM #တောင်တရုတ်ပင်လယ် #အမေရိကန်-ဖိလစ်ပိုင်-ကနေဒါ-ဩစတြေးလျ #ပူးတွဲစစ်ရေးလေ့ကျင့်

Related posts

Leave a Comment

VOM News

FREE
VIEW