နျူကလီးယား ပစ္စည်းနဲ့လျှို့ဝှက်ချက်တွေ လွှဲပြောင်းဖို့ ဩစတြေးလျနဲ့ အမေရိကန်၊ ဗြိတိန်တို့ လက်မှတ်ထိုး

 

ဆစ်ဒနီ၊ ဩဂုတ်-၁၂-၂၀၂၄
မျိုးဆက်(VOM)

ဩစတြေးလျဟာ သူ့ရဲ့ ရေတပ်မှာ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေတိုးချဲ့ဖို့အတွက် အဓိကခြေလှမ်းအဖြစ် နျူကလီးယားလျှို့ဝှက်ချက်တွေနဲ့ ပစ္စည်းတွေကို အပြန်အလှန်လွှဲပြောင်းခွင့်ပြုတဲ့ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

ဒီသဘောတူညီချက်ကို ဝါရှင်တန်မှာ လက်မှတ်ရေးထိုးပြီးနောက် ဒီနေ့ကျင်းပတဲ့ ဩစတြေးလျပါလီမန်မှာ တင်သွင်းပြီး အတည်ပြုခဲ့ပါတယ်။ ဒီသဘောတူညီချက်က ဩစတြေးလျရေတပ်မှာ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ဝယ်ယူဖို့ အရေးပါတဲ့ခြေလှမ်းလို့ ရေတပ်တာဝန်ရှိသူတွေက ပြောပါတယ်။

သဘောတူညီချက်ဟာ ၂၀၂၁ ခုနှစ်ကရရှိထားတဲ့ အော့ကပ်စ်လုံခြုံရေး သဘောတူစာချုပ်ရဲ့ တစိတ်တပိုင်းဖြစ်ပြီး အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ နျူကလီးယားပစ္စည်းနဲ့ နည်းပညာတွေ လွှဲပြောင်းရေးအတွက် ဖြစ်ပါတယ်။

ဩစတြေးလျကို ပေးပို့မယ့် နျူကလီးယားပစ္စည်းတွေ ဖြစ်ပွားလာနိုင်တဲ့ အန္တရာယ်အတွက် ဩစတြေးလျက တာဝန်ယူရမှာဖြစ်ပြီး ရေဒီယိုသတ္တိကြွပစ္စည်းတွေ သိုလှောင်ခြင်းနဲ့ စွန့်ပစ်ခြင်းအတွက်လည်း တာဝန်ရှိတယ်လို့လည်း ဆိုပါတယ်။

ဩစတြေးလျနဲ့ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော တည်ဆောက်ဖို့နဲ့ အဆင့်မြင့်တိုက်ခိုက်ရေးနည်းပညာတွေ ပူးတွဲတီထွင်ဖို့တွေပါဝင်တဲ့ အော့ကပ်စ်သဘောတူစာချုပ်ဟာ ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ စစ်ရေးရည်မှန်းချက်တွေကို တန်ပြန်ဖို့ မဟာဗျူဟာမြောက် မူဘောင်တခုအဖြစ် ရှုမြင်ထားကြပါတယ်။

Ref:AFP
Photo:US Navy

#Voiceofmyanmar #VOM #ဩစတြေးလျ #နျူကလီးယားလွှဲပြောင်းမှု #အမေရိကန် #ဗြိတိန် #လက်မှတ်ထိုး

Related posts

Leave a Comment

VOM News

FREE
VIEW