မော်စကို၊ နိုဝင်ဘာ-၁၁-၂၀၂၄
မျိုးဆက်(VOM)
ယူကရိန်းဟာ ရုရှားနိုင်ငံ မော်စကိုနဲ့ အခြေားဒေသခြောက်ခုကို ဒရုန်းတွေနဲ့ အကြီးအကျယ်တိုက်ခိုက်ခဲ့ပြီး ရုရှားကလည်း ယူကရိန်းကို ဒရုန်းအများအပြားနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
ဒါဟာ ယူကရိန်းစစ်ပွဲစတင်ကတည်းက ရုရှားနိုင်ငံ မြို့တော်မော်စကိုမှာ အကြီးအကျယ်တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဆိုပါတယ်။ ဒရုန်း ၃၄ စင်းကို မော်စကိုမြို့ပေါ်မှာ ပစ်ချခဲ့တယ်လို့ ပြောပါတယ်။
ရုရှားနိုင်ငံ မော်စကိုနဲ့ အနီးဝန်းကျင်ဒေသတွေကို ချဉ်းကပ်လာတဲ့ ယူကရိန်း ဒရုန် ၈၄ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ယူကရိန်းဒရုန်းတွေကြောင်း အဓိက လေဆိပ်သုံးမှာ လေယာဉ်တွေ လမ်းကြောင်းပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။
ရုရှားဟာလည်း ယူကရိန်းဘက်ကို ပြီးခဲ့တဲ့ စနေနေ့ညက ဒရုန်း၁၄၅ စင်းနဲ့ ပစ်ခတ်ခဲ့ပြီး အများစုကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က နှစ်ဘက်စလုံးကို ဖိအားပေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေရှိနေချိန်မှာ ဒရုန်းတိုက်ခိုက်မှုတွေ အပြန်အလှန် လုပ်ဆောင်ခဲ့တာပါ။
လက်ရှိမှာတော့ ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားတပ်တွေပါဝင်လာမှုကြောင့် နှစ်ဖက်အကြား တင်းမာမှုတွေပိုမိုမြင့်တက်နေပြီး စစ်ပွဲပိုမိုကျယ်ပြန့်လာမှာကို နိုင်ငံတကာက စိုးရိမ်နေကြပါတယ်။ မကြာသေးမီကာလတွေအတွင်း ယူကရိန်းစစ်ပွဲမှာ ရုရှားတပ်တွေ ထိခိုက်ကျဆုံးမှုများတယ်လို့ ဗြိတိန်တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:BBC
Photo:Reuters
Related posts
-
တရုတ် – မြန်မာ နယ်စပ်ဂိတ် တချို့ ဘိန်းအစားထိုး စိုက်ပျိုးရေး ထွက်ကုန် တင်ပို့ နိုင်ဖို့ ပြန်ဖွင့်
နိုဝင်ဘာ ၂၀၊ ၂၀၂၄ Shy V VOM တရုတ် – မြန်မာ... -
ရုရှားပိုင်နက်ထဲကို အမေရိကန်ရဲ့ ATACMS ဒုံးကျည်တွေနဲ့ ယူကရိန်း စတင်တိုက်ခိုက်ပြီ
မော်စကို၊ နိုဝင်ဘာ-၂၀-၂၀၂၄မျိုးဆက်(VOM)ယူကရိန်းဟာ ရုရှားပိုင်နက်ထဲကို အမေရိကန်ထောက်ပံ့ပေးထားတဲ့ တာဝေးပစ်ဒုံးကျည်တွေနဲ့ ပထမဆုံးအကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။ဒီဒုံးကျည်တွေနဲ့... -
This Day in History
Voice of Myanmarဗြိတိန်ဘုရင်မကြီးဖြစ်လာမည့် အဲလိဇဘတ် ၂ သည် ကြင်ယာတော်ဖြစ်သူ မင်းသားကြီး ဖိလစ်မောင့်ဘတ်တန်နှင့်...