ပေကျင်း၊ ဇန်နဝါရီ-၁၀-၂၀၂၅
ရတီ(VOM)
တရုတ်နို်ငငံ အနောက်မြောက်ပိုင်းရှိ မြို့တမြိုမှာ ဆယ်ကျော်သက်လူငယ်တယောက် သေဆုံးမှုနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ရုပ်သံမှတ်တမ်းတွေအရ သတင်းဌာနတွေက အတည်ပြုထားပါတယ်။
ဆယ်ကျော်သက်လူငယ်ဟာ သူ့ရဲ့ စာသင်ကျောင်း ကျောင်းဆောင်ပေါ်ကနေ ဇန်နဝါရီ ၂ ရက်ကပြုတ်ကျသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပြီး နောက်ပိုင်းမှာတော့ ဒီသေဆုံးမှုနဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပါတယ်။
လူမှုကွန်ရက်မှာ မျှဝေထားတဲ့ ရုပ်သံမှတ်တမ်းတွေမှာတော့ ရှန်စီပြည်နယ် ပူချန်းမှာ ဆန္ဒပြသူတွေက ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ကို အရာ၀တ္ထုတွေနဲ့ ပစ်ပေါက်နေပြီး ဆန္ဒပြသူအချို့ကို ရဲတပ်ဖွဲ့က ရိုက်နှက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက နှိမ်နှင်းမခံရမီထိ ရက်ပေါင်းများစွာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံပိုင်မီဒီယာကတော့ နှုတ်ဆိတ်နေခဲ့ပါတယ်။ ဆန္ဒပြပွဲနဲ့ပတ်သက်တဲ့ မှတ်တမ်းဗီဒီယို၊ ဓါတ်ပုံတွေကိုလည်း လူမှုကွန်ရက်ကနေ ကန့်သတ်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီဆန္ဒပြမှုဟာ တရုတ်သမ္မတရှီကျင်းပင်နဲ့ နို်ငငံရဲ့ ကိုဗစ်-၁၉ မူဝါဒတွေကို ဝေဖန်တဲ့၂၀၂၂ ခုနှစ် စက္ကူဖြူဆန္ဒပြပွဲပြီးနောက် အာဏာပိုင်တွေ သတိထားစောင့်ကြည့်ခဲ့ရတဲ့ ဆန္ဒပြပွဲတခုလည်းဖြစ်ပါတယ်။ ဆယ်ကျော်သက်ကျောင်းသားဟာ သူ့ရဲ့အိပ်ဆောင်မှာ တခြားကျောင်းသားတယောက်နဲ့ စကားများပြီးနောက် မနက်ပိုင်းမှာတော့ အမြင့်ကပြုတ်ကျသေဆုံးနေတဲ့ သူ့ရဲ့အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
Ref:BBC
Photo:BBC