ဗန်းမော်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ထား

ဇန်နဝါရီ ၂၂၊ ၂၀၂၅
Shy V VOM
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို KIA နဲ့ ပူးပေါင်းတပ်ပေါင်းစုတွေက ဝိုင်းဝန်းပိတ်ဆို့ထားလိုက်ကြောင်း ဒေသခံတွေနဲ့ နှစ်ဖက် တပ်ဖွဲ့ အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“တကယ်တော့ ဗန်းမော်မြို့ကို KIA နဲ့ ပူးပေါင်းတပ်ပေါင်းစုတွေက ဝိုင်းဝန်းပိတ်ဆို့ထားတာပါ။ နစက တပ်ဖွဲ့တွေ ဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲ တော့ မပြောတတ်ဘူး။” လို့ KIA နဲ့ ပူးပေါင်းတပ်ပေါင်းစု အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
မြို့ထဲ ပြည်သူတွေ ရှိနေသေးတာကြောင့် အပြင်းအထန် ထိုးစစ်ဆင်လို့ မရပဲ မံစီဘက်က နစက တပ်ဖွဲ့ဝင် တချို့ ဗန်းမော်ဘက် ဝင်သွားအောင် လုပ်ထားပြီး ဝိုင်းရံ ပိတ်ဆို့ လိုက်တာလို့ သိရတယ်လို့ သူက ပြောပါတယ်။
“ဗန်းမော်မှာတော့ စစ်ရှောင်နေတဲ့ နေရာကနေတောင် ပစ်ခတ်သံ ကြားနေဆဲပဲ။ ဗန်းမော်တော့ ထိုးစစ် အကြီးအကျယ် ဆင်ဖို့ ခက်ခဲတဲ့ အနေအထားလို့ ကြားရတယ်။” လို့ ဒေသခံ တယောက်ကလည်း ပြောပါတယ်။
နစက တပ်ဖွဲ့ဘက်ကလည်း အစွမ်းကုန် ခုခံနေတာ တွေ့ရကြောင်း၊ စနိုက်ပါ အဓိက သုံး တိုက်နေတာလို့ သိရပြီူ ကျဆုံး အလောင်းတွေလည်းရှိနေကာ အမျိုးသမီးတွေပါ တိုက်ပွဲ ဝင်နေရတယ်ဆိုတာ သိရ ၊ ကြားရတယ်လို့ သူက ပြောပါတယ်။
နှစ်ဖက်စလုံး အပြန်အလှန် စောင့်ကြည့်နေပြီး ပစ်ခတ်နေတဲ့ သဘောမှာရှိနေတယ်။ခလရ ၄၇ နဲ့ စကခ ၂၁ စခန်း KIA နဲ့ ပူးပေါင်း တပ်ပေါင်းစုတွေ ဝိုင်းရံ ပိတ်ဆို့ထားကာ စားနပ် ရိက္ခာ ဖြတ်ပေးထားလို့ ရိက္ခာတွေကို လေကြောင်းနဲ့ လာပို့ပေးရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၂၀ ရက်နေ့မှာတော့ တံတားဦးလေတပ်က Y12 စစ်ထောက်ပို့ ဗုံးကြဲ လေယာဉ်နဲ့ ဗန်းမော်နယ်ထဲ စုစုပေါင်း ဗုံး ၃၆ လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း WaiHinScout_Bot ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
လေယာဉ် ဗုံးကြောင့် ဗန်းမော် ခြောက်လကုန်းဘက်မှာတော့ နေအိမ် အဆောက်အဦးတွေ ပျက်စီး ကုန်ပြီ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ နစက တပ်ဖွဲ့နဲ့ နီးစပ်သူတွေ တယောက်က ဇန်နဝါရီလ ၁၉ ရက်နေ့တုန်းက စကခ -၂၁ ရဲ့ အခြေအနေဟာ ရိက္ခာပြတ်ပြီးနောက် အဆက်အသွယ်ပါ ပြတ်တောက်ခဲ့ရာက ဇန်နဝါရီလ ၂၀ ရက်နေ့ အဆက်အသွယ် ပြန်ရကာ လေကေညာင်း ပစ်ကူ ကြောင့် KIA နဲ့ ပူးပေါင်း တပ်ပေါင်းစုတွေ စကခ – ၂၁အတွင်းစည်းကနေ ပြန်ဆုတ်သွားလို့ ဗန်းမော် တက္ကသိုလ်ဌာနဆိုင်ရာနဲ့ လေဆိပ်ဝန်းကျင်ပြန်လည်စိုးမိုးနိုင်ကြောင်း ရေးသား ဖော်ပြထား ပါတယ်။
လက်ရှိ ဗန်းမော်မြို့တွင်း မှာတော့ နှစ်ဖက်ပစ်ခတ် တိုက်ပွဲဖြစ်ပွားနေတဲ့ ပုံစံမျိုးမဟုတ်ပဲ နစက တပ်ဖွဲ့ဘက်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်နေတဲ့ ပုံစံသာ ရှိတယ်လို့ ဗန်းမော် ဒေသတွင်း သတင်း ရင်းမြစ်တွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့ က ရွှေကျီးနား မျစ်ချဉ်ခေါက်ဆွဲဆိုင်တကြော၊ နမ့်ဖားလမ်းခွဲ (ဘီလူးမချောင်)နားတဝိုက်၊ ပင်စင်ကုန်းရပ်ကွက် ၀န်းကျင် တွေမှာ ဒရုန်း‌၊ လေကြောင်း တွေနဲ့ အကြိမ် ၄၀ ဝန်းကျင်ခန့် ဗုံး ကြဲတာ ရှိတယ်လို့လည်း ပြောပါတယ်။
ယမန်နေ့ ဇန်နဝါရီ ၂၁ ရက်နေ့ ညနေပိုင်းမှာလည်း ရွှေကျီးနားရပ်ကွက် နဲ့ နမ့်ဖားရပ်ကွက် ၀န်းကျင် လေကြောင်းနဲ့ ‌၄ ကြိမ်ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့တာရှိပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် နေ‌အိမ်အများအပြား ပျက်စီးမှုရှိတယ် လို့ဆိုပါတယ်။
ဗန်းမော်နဲ့ မံစီမြို့တွေကို KIA နဲ့ ပူးပေါင်း တပ်ပေါင်းစုတွေက ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလ ၄ ရက်နေ့ကစ တပြိုင်ထဲ ထိုးစစ်ဆင်တိုက်ခိုက်နေရာ မံစီမြို့ရှိ နစက တပ်စခန်းတွေ အားလုံးကို ဇန်နဝါရီလ ၈ ရက် နေ့ မနက်မှာ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။
Crd# ဗန်းမော် Scout Team

Related posts

Leave a Comment

VOM News

FREE
VIEW