ရုပ်ရှင်မင်းသားကျော်သူပါဝင်တဲ့ ​ခြေဆယ့်တစ်လှမ်းရုပ်ရှင် ဇာတ်ကား ရုံတင်ရက်သတ်မှတ်ပြီးမှ ပြသခွင့်ဆိုင်းငံ့ခံရ

ဇန်နဝါရီ ၂၂ -၂၀၂၅
GG (VOM)
ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ပါဝင်သရုပ်ဆောင်ထားတဲ့ “ခြေဆယ့်တစ်လှမ်းရုပ်ရှင်”ပြသခွင့် ဆိုင်းငံ ခံရတယ်လို့ သိရပါတယ်။
ခြေဆယ့်တစ်လှမ်းရုပ်ရှင်က လာမယ့်ဇန်နဝါရီ၂၄ ရက်နေ့မှာ ရန်ကုန်အပါအဝင် တနိုင်ငံလုံးကရုပ်ရှင်ရုံတွေမှာတပြိုက်နက်တည်း ရုံတင်ပြသခွင့်ရရှိထားပြီးမှ ရုပ်ရှင်ပြသခွင့်ကို ပြန်ကြား​ရေးဝန်ကြီးဌာနက ပြသခွင့်ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
ရုပ်ရှင်ပြသခွင့်ဆိုင်းငံခံရတာနဲ့ပတ်သက်ပြီး အဆိုပါရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ညွှန်းဆရာမ မေခိုင်ကလည်း” ကျမရဲ့ ခြေ ၁၁ လှမ်း ရုပ်ရှင်ကား မပြဖြစ်တော့တဲ့ အတွက် ကျမဖိတ်ကြားထားသူ အားလုံးကိုအားနာပါတယ်။”လို့ သူရဲ့လူမှုကွန်ယက်ကနေအသိပေးထားပါတယ်။
ရုပ်ရှင်ထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်သရုပ်ဆောင် အလင်းရောင်ကလည်း
” ခြေဆယ့်တစ်လှမ်းရုပ်ရှင်ကားကြီး မပြဖြစ်တော့လို့ ဒီနေ့ဖိတ်ကြားသူများအားလုံးကို အားနာရပါတယ်ခင်ဗျာ။”လို့ ပြောထားပါတယ်။
အလားတူ ခြေဆယ့်တစ်လှမ်းရုပ်ရှင် အမည်ရှိလူမှုကွန်ယက်စာမျက်နှာကနေလည်း
” premiere show ပျက်ပါတယ်။ ရုံတင်ရက်လည်းပျက်ပြယ်သွားပါပြီ။ ဖိတ်ကြားထားသူများအားလုံးကိုတောင်းပန်တယ်ဆ်ိုတာကလွဲပြီး တခြားပြောစရာမရှိတော့ပါဘူး။ အားလုံးကိုတောင်းပန်ပါတယ်” ဆိုပြီး အသိပေးထားပါတယ်။
အဆိုပါ ခြေဆယ့်တစ်လှမ်းရုပ်ရှင်မှာ ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၊ မင်းသူ ၊အလင်းရောင်၊ ခင်ဝင့်ဝါ၊ မေပန်းချီတို့နဲ့အတူ တခြား အနုပညာရှင်တွေပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။
ခုလို ရုပ်ရှင်ပြသခွင့်ရပ်ဆိုင်းခံရတဲ့အပေါ် ရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေးလုပ်ကိုင်သူက
” ကျွန်တော်တို့ထင်တာတော့ ကျော်သူပါလို့ဆိုင်းငံ့လိုက်သလားပဲ။ အခုကရုံးငှားစနစ်နဲဲပြနေကြတာလေ။ ဒီကားကလည်းရိုက်ထားတာကြာပြီ။ အခုမှပြသဖို့ရက်ရတာကို ခုလို ဆိုင်းငံ့ခံလိုက်ရတာပေါ့။ပြန်ပြခွင့်ပေးမပေး မပြောနိုင်ပါဘူး။ ” လို့မှတ်ချက်ပြုပြောပါတယ်။
ခြေဆယ့်တစ်လှမ်းရုပ်ရှင်ကားကြီးဟာ သရုပ်ဆောင် ကျော်သူ မြန်မာနိုင်ငံထဲမှာနေထိုင်ချိန် ၂၀၂၀ ခုနှစ် မတိုင်ခင်ကတည်းက ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တယ်လို့  သိရပါတယ်။လက်ရှိမှာတော့ ရုပ်ရှင်မင်းသားကျော်သူဟာ နစကတာဝန်ယူပြီးချိန်ကတည်းက ပြည်ပကို ထွက်ခွာပြောင်းရွှေ့နေထိုင်နေတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW