အပစ်ရပ်ရေး သဘောတူညီချက် ဟားမတ်စ်တို့ ချိုးဖောက်တယ်ဆိုကာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစ္စရေးတားမြစ်

တဲလ်အဗစ်၊ ဇန်နဝါရီ-၂၆-၂၀၂၅
မျိုးဆက်(VOM)
အစ္စရေးနဲ့ဟာမတ်စတ်တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးအမျိုးသမီးစစ်သည် လေးယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး အစ္စရေးကလည်း ပါလက်စတိုင်းအကျဉ်းသား ၂၀၀ ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စတင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပထမအဆင့် ခြောက်ပတ်အတွင်း ဟားမတ်စ်တို့က အစ္စရေးဓါးစာခံ ၃၃ ယောက်ကို အဆင့်လိုက်လွှတ်ပေးဖို့ သဘောတူခဲ့ပါတယ်။
လက်ရှိလွှတ်ပေးတဲ့အထဲမှာ အမျိုးသမီးစစ်သည်လေးယောက်ပါဝင်ပေမယ့် အရပ်သားဓါးစာခံ အာဘယ်လ်ရီဟတ်ဒ်ကို လွှတ်မပေးတာဟာ သဘောတူညီချက်ကို ချိုးဖောက်တာလို့ အစ္စရေးက စွပ်စွဲထားပါတယ်။
ဟားမတ်စ်တို့တော့ သူမကို အသက်ရှင်လျက်နဲ့ လာမယ့်သီတင်းပတ်မှာ ပြန်လွှတ်ပေးမယ်လို့ ဆိုပါတယ်။ သဘောတူညီချက်အရ ဟားမတ်စ်တို့ဟာ အရပ်သားတွေကို အရင်ပြန်လွှတ်ပေးရမှာဖြစ်ပါတယ်။
အာဘယ်လ်ရီဟတ်ဒ် ပြန်မလွတ်မချင်း ဂါဇာမြောက်ပိုင်းကို ဒုက္ခသည်တွေ နေရပ်ပြန်ခွင့်မပြုဘူးလို့ အစ္စရေးအစိုးရက ပြောပါတယ်။ မနေ့ကညနေပိုင်းကတော့ အယ်လ်ရာရှိဒ်လမ်းတလျှောက်မှာ ပါလက်စတိုင်းဒုက္ခသည်တွေ စုဝေးနေကြချိန်မှာ သေနတ်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အစ္စရေးတပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်မှုပြုတဲ့ လူဒါဇင်များစွာကို တွေ့ရှိပြီးနောက် နယ်မြေလုံခြုံရေးအတွက် သေနတ်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။ ဂါဇာကျန်းမာရေးဝန်ကြီးဌာနကတော့ ဒီဖြစ်စဉ်ကြောင်း လူတယောက်သေဆုံးပြီး အချို့ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်သက်ဝင်ပြီးနောက် ဂါဇာအလယ်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်မှု ကြီးကြီးမားမား မရှိခဲ့ကြောင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။
Ref:BBC
Photo:Getty Images

Related posts

✕
VOM News

FREE
VIEW