မနီလာ၊ မတ်-၁၂-၂၀၂၅
မျိုးဆက်(VOM)
ဖိလစ်ပိုင်မှာ ပြုလုပ်တဲ့ မူးယစ်စစ်ပွဲအတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကြောင့် ICC က ဖမ်း၀ရမ်းထုတ်ပြီး အဖမ်းခံခဲ့ရတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို နယ်သာလန်နိုင်ငံ သည်ဟိဂ်ရှိ တရားရုံးကို လေယာဉ်နဲ့ ပို့ဆောင်နေတယ်လို့ တာဝန်ရှိသူတွေ့ ပြောပါတယ်။
သမ္မတဟောင်း ဒူတာတေးဟာ ဟောင်ကောင်ကနေ မြို့တော်မနီလာလေဆိပ်ကို ရောက်ပြီးမကြာခင်မှာ ဖိလစ်ပိုင်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာဖြစ်ပါတယ်။ ဖိလစ်ပိုင် လုပ်ဆောင်ရမယ့် တာဝန်၀တ္တရားတွေကို စတင်လုပ်ဆောင်နေပြီလို့ သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ပြောပါတယ်။
ဒူတာတေး သမ္မတာဝန်ယူချိန် မူးယစ်စစ်ပွဲအတွင်း ထောင်ပေါင်းများစွာသော မူးယစ်ရောင်းဝယ်သူများ၊ သုံးစွဲသူများနဲ့ သံသယရှိသူ ထောင်ပေါင်းများစွာ အစစ်အဆေး အမေးအမြန်းမရှိ သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲံခံထားရပါတယ်။
ဒူတာတေးကို ဖမ်းဆီးနိုင်ရေးအတွက် နိုင်ငံတကာရဲတပ်ဖွဲ့က ဖိလစ်ပိုင်ကို အကူအညီတောင်းခဲ့တာလို့ သမ္မတ မားကို့စ်ဂျူနီယာက ဆိုပါတယ်။ ဖခင်နဲ့အတူ ICC လိုက်မယ်လို့ ပြောဆိုထားတဲ့ ဒူတာတေးရဲ့ သမီး ဒုတိယသမ္မတ ဆာရာ ဒူတာတေးကတော့ အခုလို ဖမ်းဆီးခံရတာဟာ နှိပ်စက်ညှဉ်းပန်းမှုဖြစ်တယ်လို့ ပြောပါတယ်။
ဒူတာတေးဟာ ၂၀၁၆ မှ ၂၀၂၂ ခုနှစ်ထိ သမ္မတဖြစ်ချိန်အတွင်း မူးယစ်သံသယရှိသူ ၆၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ဒီကိစ္စအတွက် တောင်းပန်တာမျိုးမရှိခဲ့ပါဘူး။ ဖမ်ဆီးခံမရမှုနဲ့ပတ်သက်ပြီး ဘာအပြစ်ရှိလဲလို့လဲဆိုပြီး ဒူတာတေးက ဆိုပါတယ်။
ဖိလစ်ပိုင်ဟာ ICC ကနေ ၂၀၁၉ ခုနှစ်မှ နုတ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ မနုတ်ထွက်ခင် ကျူးခွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် တရားစီရင်ဖို့ အခွင့်အာဏာရှိတယ်လို့ တရားရုံး ရှေ့နေတွေက အခိုင်အမာ ပြောဆိုထားပါတယ်။
Ref:BBC
Photo:Zuma/Getty Images