မန္တလေး၊ သြဂုတ် – ၉- ၂၀၂
SA(VOM)
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၁၁၀ E လမ်း၊ ၄၉ လမ်းနဲ့ ၅၀ လမ်းကြားမှာ မနေ့ သြဂုတ်လ ၈ ရက်နေ့ ည ၈ နာရီဝန်း ကျင်ခန့်က ဆိုင်ကယ်မောင်းနှင်လာတဲ့ သားအမိသုံးယောက်ကို လုယက်သူနှစ်ဦးက ဓားပြခြိမ်းချောက်ပြီး ဆိုင်ကယ်ကို လုယူထွက်ပြေးသွားခဲ့တဲ့ ဗီဒီယိုဖိုင်တခု လူမှုကွန်ယက်စာမျက်နှာတခုမှာ တွေ့ရပါတယ်။
” MDY အခြေအနေကတော့ ကိုယ်တိုင်ခံလိုက်ရပြီ၊ ခလေးတွေထိမှာဆိုးလို့ အေးဆေးပေးလိုက်ရတယ်၊ ငါ့ဆိုင်ကယ်လေး နှမြောပေမယ့် ခလေးတွေဘာမှ မဖြစ်ပါဘူးဆိုတဲ့စိတ်နဲ့ ဖြေနေရတယ် ” Moe Thu facebook account စားမျက်နှာမှာ ရုပ်သံဖိုင်နဲ့တကွ တင်ထားတာကိုတွေ့ရပါတယ်။
၂၀၂၂ ခုနှစ်နောက်ပိုင်း မန္တလေးမြို့ပေါ်မှာ ဆိုင်ကယ်၊ ကား၊ အိုးဝေတွေကို ပစ်မှတ်ထား လုယက်သတ်ဖြတ်ခံရတဲ့ အရေ အတွက် တစနဲ့ တစ များပြားလာတာကိုတွေ့ရပါတယ်။
ဇူလိုင် ၉ ရက် နံနက်က ချမ်းမြသာစည်မြို့နယ်မှာနေထိုင်တဲ့ ဦးသိန်းဦး ၇၂ နှစ်ဟာ အမရပူရမြို့နယ်၊ တမာလမ်းမှာ Click ဆိုင်ကယ်မောင်းနှင်နေချိန် လူတစုက ရိုက်နှပ်ပြီးလုယက်ခဲ့တာကြောင့် ဆေးရုံမှာ အဲ့ဒီဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဧပြီ ၁၀ ရက်နေ့ကလည်း မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး – မတ္တရာကားလမ်းအရှေ့ဘက် အင်ကျယ်ရွာနဲ့ မင်းကန်ရွာကြား အိမ်ရှေ့ မင်းထန်းတောအနီးမှာ အိုးဝေမောင်းတဲ့သူကို သတ်ပြီး TVS ယာဥ်အမျိုးစား အိုးဝေတစီး လုယူခံရမှု ဖြစ်ခဲ့ပါတယ်။
၂၀၂၄ ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း ပြင်ဦးလွင်ကို ကားအဌားလိုက်သွားတဲ့ အမျိုးသားတဦး သတ်ဖြတ်ခံရပြီး Suzuki ကားလုခံရသလို ပြီးခဲ့တဲ့ မတ်လအတွင်းမှာလည်း ရွှေစာရံဘုရားဖူးလိုက်ပို့တဲ့ မီနီအိုးဝေ တစီး ခိုးခံရပြီး ဒီကနေ့အချိန်ထိ ပြန်မတွေ့သေးဘူးလို့သိရပါတယ်။
