ဗန်းမော်ကိုဆန်တက်သွားတဲ့ စစ်သင်္ဘော​တွေ ကသာမြို့ကို ညပိုင်းက စုန်ဆင်းရောက်ရှိလာ

စက်တင်ဘာ ၆-၂၀၂၅
SKT(VOM)
ကသာမြို့ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဇူလိုင်လ(၂၆)ရက်က၊ ဗန်း‌မော်မြို့ကိုဆန်တတ်သွားတဲ့ စစ်သင်္ဘောအုပ်စုဟာ ကသာမြို့ဆိပ်ကမ်းကို စက်တင်ဘာလ(၅)ရက် ည၆နာရီကျော်က စုန်ဆင်းဝင်ရောက်ဆိုက်ကပ်လာခဲ့ပြီဖြစ်ပါတယ်။
မန္တလေးဝေါဝိန်ဆိပ်ကမ်းက​​နေ ဇူလိုင်(၁၇)ရက်က စစ်သင်္ဘောအုပ်စုဟာဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း မြစ်အထက်ပိုင်းကိုဆန်တတ်လာခဲ့ပြီး ကသာမြို့ဆိပ်ကမ်းကို
ဇူလိုင်လ(၂၅)ရက်နေ့ ၁၂နာရီမှာ ဝင်ရောက်ခဲ့ကာတစ်ညအိပ်ပြီးနောက်ရက်ဇူလိုင်လ(၂၆)ရက်နံနက်ပိုင်းမှာ ဆန်တက်ထွက်ခွာသွားကာ ခုလိုတလကျော်အကြာမှာပဲ ကသာမြို့ဆိပ်ကမ်းကိုပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။
ပြန်လည်စုန်ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စုဟာ ကသာမြို့အနီး ရေပိုင်နက်ထဲကိုရောက်တာနဲ့စစ်သင်္ဘောက ပစ်ခတ်တာကြောင့် မိုးတားလေးကျေးရွာ ဈေးအပေါက်တည့်တည့် နေအိမ်ပေါ်ကျပေမယ့် မပေါက်ကွဲခဲ့သလို၊ ကသာမြို့အထွက်မိဿလင်းကျေးရွာဂိတ်ကိုလည်း ပစ်ခတ်ခဲ့တယ်လို့ မြေပြင်သတင်းအရသိရပါတယ်။
ကသာမြို့ဆိပ်ကမ်းကနေ ဗန်း‌မော်မြို့ကို ဆန်တတ်သွားတဲ့ စစ်သင်္ဘောအုပ်စုမှာ စစ်သုံးပစ္စည်း၊လူနဲ့ရိက္ခာ‌၊ဆေးဝါးတွေပါဝင်ပြီး၊တလကျော်ကြာတဲ့အထိ ပြန်လည်စုန်ဆင်းဖို့ကြန့်ကြာခဲ့ပါတယ်။
ကသာမြို့အထွက်မှာလည်း အထက်မိုးတားလေးကျေးရွာကနေ တိုက်ပွဲစတင်ခဲ့ပြီး၊မြစ်ကမ်းရိုးတလျောက်နဲ့ ရွှေကူမြို့တွေမှာ ​ဒေသတွင်းလက်နက်ကိုင်အဖွဲ့​တွေနဲ့ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ပါ‌သေးတယ်။
ဒါအပြင်ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွဲနေချိန်ဖြစ်တာမို့ စစ်ကူသင်္ဘောတွေရောက်လာတဲ့တွက်ဩဂုတ်လမှာ ဗန်း‌မော်တိုက်ပွဲ ပိုမိုပြင်းထန်ခဲ့ပါတယ်။
ဗန်းမော်က စုန်လာတဲ့ ၁၁ စီး၊ ရွှေကူမှာ ၁စီး ပေါင်း၁၂ စီး၊ ရောက်လာပြီး အားလုံးစုစုပေါင်း(၁၇)စီးလို့မြေပြင်သတင်းအရသိရပေမယ့် (၁၇)စီးအပြည့် ဖြစ်နိုင်ချေနည်းပါးတယ်လို့သိရပါတယ်။
​ဒေသတွင်း လက်နက်ကိုင်အဖွဲ့​တွေနဲ့ ထိတွေ့တိုက်ပွဲမှာ စစ်သင်္ဘောအချို့ ပျက်စီးထိခိုက်ထားတာတွေရှိပြီး သင်္ဘောဘေးကနေ တွဲတွန်းသံခွံပတ်လက်တွေနဲ့ ခြံရံကာကွယ်ခဲ့တာမို့ အတိအကျသိဖို့ရာ ခက်ခဲတယ်လို့သိရပါတယ်။
ကသာမြို့ဆိပ်ကမ်းကိုဆိုက်ရောက်စဉ်မှာစစ်သင်္ဘောကနေ လူပေါင်း(၁၈၀၀)ရာအတွက်စားစရာမှာယူတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကနေတဆင့်သိရပြီး လက်ရှိမနက်ပိုင်းကသာမြို့‌‌ပေါ်ကို ၁၁နာရီခန့်က လေယာဉ်တစီးပျံဝဲနေကာ၊ စစ်သင်္ဘောတွေ မြစ်အောက်ဘက် ထီးချိုင့်ရေပိုင်နက်ထဲကိုစတင်စုန်ဆင်းပြီလို့သိပါတယ်။
အုပ်စုခွဲပြီးစုန်ဆင်းတာမို့မြစ်ရိုးတလျှောက်နေထိုင်သူတွေက သတိနဲ့​နေထိုင်သူရှိသလိုရှောင်တိမ်းကြသူ​တွေလည်း ရှိတယ်လို့ သိရပါတယ်။

Related posts

✕
VOM News

FREE
VIEW