ဂျပန်ပင်လယ်ပြင်ကို တာတိုပစ်ဒုံးပျံတွေနဲ့ မြောက်ကိုရီးယား ပစ်ခတ်

ပြုံးယမ်း၊ မေ-၄-၂၀၁၉

မျိုးဆက် (VOM)

 

မြောက်ကိုရီးယားနိုင်ငံဟာ  တာတိုပစ်ဒုံးပျံ      တွေကို မေ ၃ ရက်က စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဘက်က အတည်ပြုပြောဆိုပါတယ်။ ဒုံးပျံတွေကို မြောက်ကိုရီးယား နိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ ဟိုဒိုကျွန်းကနေ ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ပြောပါတယ်။

 

ဒီလိုစမ်းသပ်တာဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးပျံတစ်စင်းကို မြောက်ကိုရီးယားစမ်းသပ်ပြီးနောက်ပိုင်း ပထမဆုံး ဒုံးပျံစမ်းသပ်မှုဖြစ်ပါတယ်။

ဒါ့အပြင် မဟာဗျူဟာမြောက် လက်နက်သစ်တစ်မျိုးကိုလည်း စမ်းသပ်အောင်မြင်ခဲ့တယ်လို့ မြောက်ကိုရီးယားက ပြီးခဲတဲ့လမှာ ထုတ်ဖော်ပြောဆိုပါတယ်။

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့အကြား သဘောတူညီချက်မရဘဲ ပြီးဆုံးခဲ့တဲ့ ဗီယက်နမ်ထိပ်သီးဆွေးနွေးပြီးနောက်ပိုင်း ပထမဆုံး ဒုံးပျံစမ်းသပ်မှုလည်းဖြစ်ပါတယ်။

 

ဒါပေမယ့်လည်း တာတိုပစ်ဒုံးပျံတွေပစ်ခတ်တာဟာ မြောက်ကိုရီးယားရဲ့ ကတိက၀တ်ဖြစ်တဲ့ တာဝေးပစ်ဒုံးပျံ ဒါမှမဟုတ် နျူကလီးယားဒုံးပျံတွေ မစမ်းသပ်ဘူးဆိုတဲ့ ကတိကို ချိုးဖောက်တာတော့မဟုတ်ပါဘူး။

 

စမ်းသပ်ပစ်ခတ်လိုက်တဲ့ တာတိုပစ်ဒုံးပျံတွေဟာ ဂျပန်ပင်လယ်ပြင်ထဲမကျရောက်မီ ၄၅ မိုင်ကနေ ၁၂၅ မိုင်အထိ ပျံသန်းခဲ့ပြီး ပစ်ခတ်မှုတွေကို ကင်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ လုပ်ဆောင်မှုတွေကို မိမိတို့သိရှိထားကြောင်းနဲ့ ဆက်လက်ပြီး စောင့်ကြည့်သွားမှာဖြစ်တယ်လို့ အမေရိကန် သမ္မတအိမ်တော် ပြောရေးဆိုခွင့်ရှိသူ ဆာရာဆန်ဒါက ပြောပါတယ်။

 

Ref : BBC

Photo : Reuters

 

#voiceofmyanmar #မြောက်ကိုရီးယား # တာတိုပစ်ဒုံးပျံ

 

 

Related posts

✕
VOM News

FREE
VIEW