သာယာဝတီထောင်မှာ ဒီမနက်​ ဆန္ဒပြ

မေ-၉ -၂၀၁၉

မိုးယံ

 

ပဲခူးတိုင်း သာယာဝတီထောင်မှာ ဒီနေ့ မနက် ၈ နာရီ ဝန်းကျင်​က စပြီး ထောင်အတွင်းဆန္ဒပြမှုတွေ ဖြစ်းနေတယ်လို့ ထောင်ပတ်ဝန်းကျင်က ဒေသခံတွေက ပြောစကားအရသိရပါတယ်။

 

သာယာဝတီခရိုင်ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦး ကလည်း ဖြစ်စဉ်မှန်ကန်တယ်လို့ ​ပြောပါတယ်​ ။

 

အကျဉ်းသား​တွေ ​တောင်းဆိုတဲ့အချက်​​တွေက

 

၁။ မီဒီယာနဲ့တွေ့ဆုံရေး

၂။ အကျဉ်းသားများတန်းတူအခွင့်အရေးရရှိရေး

၃။ လူ့အခွင့်အရေးကော်မရှင်နဲ့တွေ့ဆုံရေး ဆိုတဲ့အချက် ၃ ချက်ကို အိပ်ဆောင်အတွင်းကနေ ဆန္ဒထုတ်ဖော်နေတယ်လို့ သိရှိရပါတယ်။

 

သာယာဝတီအကျဉ်းထောင်အပြင်ဘက်မှာ့ ဒီကနေ့ ထောင်ဝင်စာလာရောက်တွေ့ဆုံသူ ၂၅ ဦးခန့်ရှိနေပြိး ထောင်ဝင်စာတွေ့ဆုံခွင့် ရမယ်​ မရဘူး မသိနိုင်ဘူးလို့ ထောင်ဝင်စာလာတွေ့သူတဦးက ပြောပါတယ်။

 

မေလ ၈ ရက်နေ့ကနေစတင်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့နယ် မော်လိုက်လေးအကျဉ်းထောင်၊ ရွှေဘိုအကျဉ်းထောင်နဲ့ ကရင်ပြည်နယ်က ဘားအံထောင်တွေမှာ ဆူပူမှုတွေဖြစ်ပွားခဲ့ပြီး ဒီကနေ နံနက် ပိုင်းမှာတော့ မြစ်ကြီးနားထောင်နဲ့ သာယာဝတီထောင်တွေမှာ အခုလိုတောင်းဆိုမှုတွေဖြစ်ပွားနေဆဲဖြစ်ကြောင်းသိရပါတယ်။

 

#voiceofmyanmar #သာယာဝတီ #ထောင်ဆူမှု

 

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW