ကသာမြို့ကို ပြန်ဝင်လာတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ဒေသခံတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကြိုဆို

ကသာ၊ မေ- ၁၂- ၂၀၂၆
VOICE OF MYANMAR
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ကသာမြို့ကို အုပ်ချုပ်ရေးယန္တယားအပြည့်အဝလည်ပတ်နိုင်ဖို့ ထပ်မံအားဖြည့်ဝင်ရောက်လာတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ကသာမြို့ခံ ပြည်သူတွေနဲ့ ရောက်နှင့်နေပြီးဖြစ်တဲ့ နယ်မြေခံဌာနဆိုင်ရာ ဝန်ထမ်းတွေက မေလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ မြို့အဝင်မုဒ်ဦးကနေ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
“ဌာနဆိုင်ရာဝန်းထမ်းအသစ်တွေ ဝင်ရောက်လာတာကို ကြိုဆိုပါတယ် ၊ကသာမြို့ပေါ်မှာ ကြံ့ကြံ့ခံနေသူတယောက်ချင်းစီတိုင်းကို ကူညီထောက်ပံ့တာမျိုးဆိုရင်လည်း ကြိုဆိုပါတယ် ၊နေထိုင်စားသောက်ခဲ့ရတာ အလွန်ခက်ခဲကြမ်းတမ်းခဲ့ကြလို့ပါ ” လို့ ဒေသခံတဦးပြောပါတယ် ။
ကသာမြို့ကို မေလ ၁၁ ရက်နေ့မနက်ပိုင်းက စစ်ကား (၃၀၀) ကျော်ဝန်းကျင်နဲ့အတူ ကသာလိုင်းကား (၉) စီး၊မှန်လုံကား (၆)စီး၊ အင်းတော်လိုင်းကား (၆)စီး၊ မော်လူးလိုင်းကား (၁)စီး၊ လူဦးရေ ၂၇၀ ကျော်ခန့် ဝင်ရောက်ခဲ့ပြီး အဲ့ဒီအထဲမှာ ကသာမြို့အထွေထွေအုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ ဝန်ထမ်းအသစ် အဟောင်းတွေ ပါဝင်ကာ ကသာမြို့ပေါ်ကနေ ခေတ္တစစ်ရှောင်သွားသူများပါဝင်တယ်လို့ စစ်ရှောင်ကြိုဆိုရေးနဲ့ နီးစပ်သူတဦးက VOM ကိုပြောပါတယ်။
ကသာမြို့မှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ ပြန်လည်လည်ပတ်နိုင်ဖို့နဲ့ ကလေးငယ်တွေ ကျောင်းနေနိုင်ရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းတွေဖြစ်တဲ့ လျှပ်စစ်ဆက်သွယ်ရေးလုပ်ငန်းတွေကိုလည်း လျှင်မြန်စွာ လုပ်ဆောင်သွားမှာဖြစ်ပြီး၊ လူနေမှုဘဝမြှင့်တင်းရေးလုပ်ငန်းတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ လွှတ်တော်ကိုယ်စားလှယ် တဦးက ပြောပါတယ် ။
အခုဆိုရင် ကသာမြို့ကို မန္တလေး – မြစ်ကြီးနား – နဘားလမ်းဆုံကနေ ကားကြီးကားငယ်မျိုးစုံ၊ ဆိုင်ကယ်တွေနဲ့ ကုန်အရောင်း အဝယ် ပြုလုပ်သူတွေအပါအဝင် မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်မှာ စစ်ရှောင်နေသူတွေ တဖွဲ့ဖွဲ့ဝင်ရောက်နေတယ်လို့ သိရပါတယ်။
မန္တလေးကနေ မြစ်ကြီးနားထိ မော်တော်ယာဥ်လိုင်းကား အမျိုးမျိုးဝင်ရောက်ပြီး စည်ကားနေပေမယ့် တချို့နေရာ ဒေသများတွေကို ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဒေသခံအချို့က​တော့ မဝံ့မရဲရှိနေသေးတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW