မန္တလေး၊ မေ- ၂၃- ၂၀၂၆
SA(VOM)
SEAOP/SEAGP ကုမ္ပဏီက “ဗဟုသုတဖြင့် ကြီးထွားမှုကို လင်းထိန်စေပြီး နည်းပညာဖြင့် အနာဂတ်အိမ်မက်များကို တည်ဆောက်စို့” ဆိုတဲ့ဆောင်ပုဒ်နဲ့ E-light အစီအစဉ်အရ အများပြည်သူအကျိုးပြု အသိပညာပေးဟောပြောပွဲ တစ်ခုကို မန္တလေးမြို့ ၊ ၃၂ လမ်း – ၆၄ လမ်းနဲ့ ၆၅ လမ်းကြားမှာရှိတဲ့အောင်ပန်းမြေ ကိုယ်ပိုင်အလယ်တန်းကျောင်းမှာ ဒီကနေ့ မေလ ၂၃ ရက်နေ့မနက်ပိုင်းက ကျင်းပခဲ့ပြီး ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူများအတွက်လက်တွေ့အသုံးဝင်မယ့် ဗဟုသုတတွေကို မျှဝေခဲ့ကြပါတယ်။
” အသိပညာပေးဟောပြောခြင်းက စာသင်ခန်းတွင်း သင်ကြားမှုကို တိုးချဲ့ပေးပြီး အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်ခါ လူငယ်တွေရဲ့ သိပ္ပံနည်းကျ အတွေးအခေါ်နဲ့ အရည်အသွေးကို မြှင့်တင်ပေးရာမှာလည်းအဓိကကျတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ ယခင်ကSEAOP/SEAGP ကုမ္ပဏီနဲ့ အောင်ပန်းမြေ ကိုယ်ပိုင်အလယ်တန်းကျောင်းပူးပေါင်းလုပ်ဆောင်ခဲ့သည့် “လျှပ်စစ်မီးသုံးစွဲမှု ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ” သည်ကောင်းမွန်သော တုံ့ပြန်မှုများ ရရှိခဲ့ပြီး ကျောင်းနှင့်ကုမ္ပဏီအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေခဲ့တယ်” လို့ အောင်ပန်းမြေကိုယ်ပိုင်ကျောင်းကနေ သိရပါတယ်။
ဒီတကြိမ် ကျင်းပတဲ့ နည်းပညာအခြေပြု အသိပညာပေးဟောပြောပွဲဟာ လူနေမှုဘဝ၊ ခေတ်ကာလနဲ့ နီးစပ်တဲ့ နည်းပညာဗဟုသုတတွေကို မျှဝေပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူတွေရဲ့အမြင်ကျယ်လာစေဖို့ သိပ္ပံပညာအပေါ်စိတ်ဝင်စားမှု တိုးပွားလာစေဖို့ တီထွင်ဆန်းသစ်မှုကိုစူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာစေနိုင်ဖို့ လှုံ့ဆော်ပေးနိုင်ခဲ့တယ်လို့ အောင်ပန်းမြေကိုယ်ပိုင်ကျောင်းက ဆိုပါတယ်။
ကုမ္ပဏီဝန်ထမ်း ကိုစိုင်းလောင်ချေးက ” ကြှနျုပျတို့ပတျဝနျးကငြျက နည်းပညာဆိုင်ရာ အံ့ဖွယ်များ” ဆိုတဲ့ခေါင်းစဥ်ကို အခြေခံပြီး ကမ္ဘာ့ထိပ်တန်း သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၊ တရုတ်နိုင်ငံ၏ နည်းပညာဆန်းသစ်တီထွင်မှု ရလဒ်များ၊ကွန်ပျူတာဉာဏ်ရည်တု (AI) အသုံးချမှုနှင့် ဆိုက်ဘာလုံခြုံရေး စတဲ့အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ တရုတ်နိုင်ငံ၏ ကျည်ဆန်ရထား၊ 5G ဆက်သွယ်ရေး၊အာကာသနည်းပညာနှင့် စူပါကွန်ပျူတာ စတဲ့ကဏ္ဍတွေမှာ ရရှိထားတဲ့ အောင်မြင်မှုတွေကို စနစ်တကျမိတ်ဆက်ပေးခဲ့ပြီး ထင်ရှားသော သာဓကများနဲ့အတူ ကွန်ပျူတာဉာဏ်ရည်တု (AI) နှင့်ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် တုံ့ပြန်ဖြေရှင်းနည်းများကို လွယ်ကူရှင်းလင်းစွာ ခွဲခြမ်းစိတ်ဖြာတင်ပြခဲ့ပါတယ်။
ဟောပြောပွဲမှာ အမေးအဖြေကဏ္ဍထည့်သွင်းခဲ့ပြီး အမေးအဖြေကဏ္ဍမှာလည်း ကျောင်းသား၊ ကျောင်းသူတွေက တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြပြီး ကွန်ပျူတာဉာဏ်ရည်တု (AI) အသုံးချမှု၊ ဆိုက်ဘာလုံခြုံရေး ကာကွယ်ရေး စသည့်အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့တာကို တွေ့ရပါတယ်။
