မူဆယ်မှာ ဒုစရိုက်တွေ ပိုများလာ

ဇွန် ၉၊ ၂၀၂၆
Shy V(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်မြန်မာ နယ်စပ်၊ မူဆယ်မှာ တဖြည်းဖြည်း ဒုစရိုက်တွေ ပိုများလာနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မနေ့က တောင်ရပ်ကွက်မှာ နေထိုင်တဲ့ ရွှေဆိုင်ပိုင်ရှင် လင်မယား ဆိုင်သိမ်းပြီး ပြန်လာတာ ကားနဲ့ တည့်တည့် ဝင်တိုက်ပြီး ဓားပြတိုက်သွားတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
မနေ့ ဇွန်လ ၈ ရက်နေ့ ညနေပိုင်းမှာ ဖြစ်ပွားခဲ့ပြီး ဓားပြတိုက်သူ ၄ ယောက်က ကား မောင်းပြေးသွားပြီး ကားကိုတော့ စက်မှုက ဂိတ် မရောက်ခင် စက်တောင် မသတ်ပဲ ရပ်ထားခဲ့ပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သူက ပြောပါတယ်။
“ပြီးခဲ့တဲ့ သုံးရက်လောက်က ဟိုနား ရပ်ကွက် ဘုန်းကြီး ကျောင်းနားမှာ အခန်းတွေ အကုန်လုံး ဖောက်သွားတယ်။ ဆိုင်ကယ် တစီး ဖုန်း ၃ လုံး ခိုးခံ လိုက်ရတယ်။ တခြား ပစ္စည်းတွေလည်း ယူသွားနယ်” လို့ လူငယ် တယောက်က ပြောပါတယ်။
တံခါးသော့တွေကို ဖျက်တာ မဟုတ်ပဲနဲ့ သော့ဖွင့်သလို ဖွင့်ပြီး အခန်း ၇ ခန်း‌ကို ဖောက်ထွင်း ခိုးယူသွားတယ်လို့ သူက ပြောပါတယ်။
CCTV မှတ်တမ်း အရ လူငယ် သုံး‌ယောက် ဆိုင်ကယ်ကို တွန်းသွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ လကုန်ပိုင်းကလည်း သူခိုးတယောက် ကလေးငယ် တယောက်ကိုပါ ခိုးသွားတာကြောင့် အဲဒီ သူခိုးကို ညပိုင်း ရဲတွေ လိုက်လံ ရှာဖွေခဲ့ပေမယ့် သူခိုးက တခြားအိမ်ဝင်းက အခန်းတွေထဲ ဝင်ပုန်းသွားလို့ ဖမ်းမိမသွားဘူးလို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
မူဆယ်မှာတော့ နေ့တိုင်းနီးပါး ခိုးမှု၊ လုယက် ဓားပြတိုက်မှု ဖောက်ထွင်းမှု တွေဖြစ်ပွားနေပေမယ့် တရားခံတွေကို သက်ဆိုင်ရာက ဖမ်းမိ အရေးယူနိုင်တာမျိုး မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
Video crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW