ပလက်ဝမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံး ဒဏ်ရာရများ

သြဂုတ် ၂၄ ၊၂၀၂၆
GG (VOM)
AA ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်ထဲက စိမ်းစင်းဝကျေးရွာမှာ ဒီကနေ့ ဩဂုတ် ၂၄ ရက်နေ့ မနက်ပိုင်းက လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခံရပြီး လူငါးယောက်သေဆုံးကာ ၁၇ ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့သိရပါတယ်။
ဒီကနေ့ မနက် ၁၁နာရီကျော်လောက်မှာ လေကြောင်းကနေတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး လက်ရှိမှာ ဒဏ်ရာရရှိသူတွေကို ဆေးကုသမှု ပေးနေတယ်လို့ သိရပါတယ် ။
” လေကြောင်းကနေ သုံးကြိမ်ကြဲသွားတာလို့သိရတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာတော့ ပြင်းထန်တဲ့သူ မပါဘူးလို့တော့ ကနဦးသိရတယ်။စိမ်းစင်းရွာက ပလက်ဝမြို့နဲ့ဆိုရင်နှစ်မိုင်သုံးမိုင်လောက်ပဲဝေးတယ်။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေထဲမှာ အမျိုးသား ၊ အမျိုးသမီး တွေအပြင် ကလေးတွေလည်း ပါတာကို ဒေသတွင်း သတင်းတွေရဲ့ ဓာတ်ပုံဖော်ပြချက်အရသိရပါတယ်။
အဆိုပါ ပလက်ဝမြို့နယ် ၊ စိမ်းစင်းဝရွာ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ အစိုးရဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးသလို AA ဘက်ကလည်း ထုတ်ပြန်တာ မရှိသေးပါဘူး ။
ဩဂုတ် ၁၁ ရက်နေ့ကလည်း.ပလက်ဝမြို့နယ်မှာ လေကြောင်းကနေတိုက်ခိုက်ခံရပြီး နှစ်ယောပ်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။
ပလက်ဝမြို့နယ်ကိုတော့ AA က ၂၀၂၄ ခုနှစ် ၊ နှစ်စပိုင်းလောက်ကတည်းက ခုချိန်ထိ ထိန်းချုပ်ထားတာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW