ဖိလစ်ပိုင် နိုင်ငံက မြန်မာနိုင်ငံက ဆန်ဝယ်ယူမှု နိုဝင်ဘာလအထိ ရပ်နားမယ်

ရန်ကုန်၊ ​အောက်တိုဘာ ၁၁-၂၀၂၆
EP(VOM)
မြန်မာနိုင်ငံက ဆန်နဲ့ ဆန်ကွဲ အများဆုံး ဝယ်ယူတဲ့ ဖိလစ်ပိုင်နိုင်ငံက ဆန်ဝယ်ယူမှုကို နိုဝင်ဘာ လအထိ ရပ်နားထားမှာ ဖြစ်တယ်လို့ ဆန်ကုန် သည် အသိုင်းအဝိုင်းက သိရပါတယ်။
မြန်မာနိုင်ငံရဲ့ ဆန်စပါး ရာသီပေါ်ချိန်မှာ ဖိလစ်ပိုင်နိုင်ငံက ဝယ်ယူမှု ရပ်နားထားခြင်းဖြစ်ပါတယ်။
“သူတို့ နိုင်ငံရဲ့ စပါးပေါ်ချိန်မို့ ရပ်နားထားတာပါ။ နိုဝင်ဘာ နောက်ပိုင်း ဆိုရင် ပြန်ဝယ်လောက် ပါတယ်။” လို့မြန်မာနိုင်ငံ ဆန်စပါး အသင်းချူပ် ဥက္ကဌ ဦးရဲမင်း အောင်ကပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံက ဝယ်ယူတဲ့ ဆန်တွေဟာ ရက် ၉၀ ၊ နယူးဧရာ ၊ နှံကောက် ၊ ရတနာထွန်း ၊ GW11 တို့ ဖြစ်ပါတယ်။ ဖိလစ်ပိုင် နိုင်ငံက မြန်မာနိုင်ငံရဲ့ ဆန်ကို စက်တင်ဘာလအထိ ဝယ်ယူခဲ့ပါတယ်။
2026 ခုနှစ် စက်တင်ဘာလအတွင်း မြန်မာ နိုင်ငံက ဆန် နဲ့ ဆန်ကွဲ မက်ထရစ်တန် ချိန် ၁၂၃,၃၈၅ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၇ သန်းခန့် ပို့ကုန်ဝင်ငွေ ရရှိခဲ့ပါတယ်။
တင်ပို့ခဲ့တဲ့ ဆန်အမျိုးအစားတွေကတော့ အရည် အသွေးမြင့် ဆန်ဖြူ၊ ပေါင်းဆန်၊ ဆန်ကွဲ တို့ ဖြစ်ပါတယ်။
အရည်သွေးမြင့် ဆန်ဖြူကို ၇၄,၄၅၆ တန် (၆၀%)ပေါင်းဆန် ၄,၃၄၃ တန် (၄%)၊ ဆန်ကွဲ ၄၄,၅၈၆ တန် (၃၆%) (အဲ့ဒီထဲက ၂၅ မှတ် ဆန်ကွဲ ၁၁,၀၃၆ တန်နှင့် B-Grade ဆန်ကွဲ ၃၃,၅၅၀ တန် ပါဝင်ပါတယ်။ )
စက်တင်ဘာလအတွင်း ပို့ကုန်ကုမ္ပဏီ ပေါင်း ၄၂ ခု မှ တင်ပို့ခဲ့ခြင်းဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသည် တန်ချိန် ၅၈,၃၆၀ တန် ဖြင့် ဝယ်ယူမှု အများဆုံးဖြစ်ခဲ့ပါတယ်။
ဒုတိယအများဆုံးကတော့ ဘယ်လ်ဂျီယံနိုင်ငံ (၂၉,၈၇၅ တန်) နဲ့ တတိယအများဆုံးက တရုတ်နိုင်ငံ (၁၇,၄၅၆ တန်) တို့ ဖြစ်ကြပါတယ်။
။
အခြား အဓိကဝယ်ယူတဲ့ နိုင်ငံ‌တွေကတော့ပိုလန်၊ ပါပူဝါနယူးဂီနီ၊ ချိခ်ပြည်သူ့သမ္မတနိုင်ငံ၊ နယ်သာလန်၊ ဗြိတိန်၊ စပိန်နှင့် လစ်သူနီးယားနိုင်ငံတို့ ဖြစ်ကြပါတယ်။
စိုက်ပျိုး သီးနှံထဲမှာ နိုင်ငံခြားငွေ အများဆုံး ရှာပေးတဲ့ သီးနှံဟာ ဆန်ဖြစ်ပြီး မြန်မာ ပေါ်ဆန်းက ကမ္ဘာ အကောင်းဆုံး ဆန် ဆုကို အောက်တိုဘာ ၉ ရက်နေ့ မနေ့က ရရှိခဲ့ပါတယ်။ ၁၅ နှစ်ကျော်မှ ရရှိခဲ့တဲ့ ဆု ဖြစ်ပါတယ်။

Related posts

✕
VOM News

FREE
VIEW