လူမှုဖူလုံရေး ရန်ပုံငွေ ပေးသွင်းသူ​တွေရဲ့ သားသမီး​တွေ ပညာသင်စရိတ် ​ထောက်ပံ့​ငွေရမယ်

ရန်ကုန်-အောက်တိုဘာလ-၁၀-၂၀၂၆
EP(VOM)
လုပ်ခ လစာကနေ လူမှုဖူလုံရေး ရန်ပုံငွေ ၃၆ လ ပေးသွင်းတဲ့ အလုပ်​သမား​​တွေရဲ့ သားသမီးတွေကို အခုနှစ် ပညာသင်နှစ်က စပြီး လူမူဖူလုံရေး ရန်ပုံငွေ ထောက်ပံ့ကြေး ပေးသွားမှာဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက စုံစမ်းသိရှိရပါတယ်။
လူမှုလုံရေး ရန်ပုံငွေထားသူတွေဟာ လူမှုဖူလုံရေး ရန်ပုံငွေ ၃၆ လပေးသွင်းထားသူ ဖြစ်ရမယ် ၊ နိုင်ငံတော် အသိမှတ်ပြုတဲ့ နိုင်ငံပိုင် ကျောင်း၊ ပုဂ္ဂလိကကျောင်း တက်ရောက်နေသူတွေကို ပေးမှာ ဖြစ်ပါတယ်။
လူမှုဖူလုံရေး အာမခံစရိတ် ရန်ပုံငွေ ပေးသွင်းသူတွေကို အလုပ်သမားဝန်ကြီးဌာန ၊လူမှုဖူလုံရေးက မီးဖွားစရိတ်နဲ့ ဆေးကုသမှုစရိတ် ကို ထောက်ပံ့နေဆဲ ဖြစ်ပေမယ့် ပညာသင်စရိတ်ကိုတော့ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်က စပြီး ခွင့်ပြုလိုက်တာလို့ ဆိုပါတယ်။
ပညာသင်စရိတ် ပေးမယ့်အကြောင်းကြားစာကို စက်မှုလက်မှု လုပ်ငန်းတွေရှိတဲ့ ရန်ကုန် ၊ မန္တလေး မြို့ကြီးတွေက ကုမ္မဏီ လုပ်ငန်းရှင်တွေကို အောက်တိုဘာ ၂ရက် အမိန်ကြေငြာစာနဲ့ အသိပေးအကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
” ဟုတ်ပါတယ်။ ကျွန်မတို့ ကုမ္မဏီကို အကြောင်း ကြားခဲ့ပါတယ်။ အသေးစိတ်တော့ လူမှုဖူလုံရေး ကို မေးရမှာပါ။ ” လို့ ပြည်တွင်း ကုမ္မဏီတခုမှာ အလုပ်လုပ်နေတဲ့ HR​ မန်နေဂျာ မနုငယ်က ပြောပါတယ်။
လူမှုဖူလုံရေး ရန်‌ပုံငွေ အာမခံထားသူတွေဟာ အလုပ်ရှင်ကနေတဆင့် အထောက်အထားပြည့်စုံစွာ ဖော်ပြပြီး သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေး အဖွဲ့တွေကို အခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပါတယ်။
ထောက်ပံ့မယ့် ငွေကြေးဟာ လူမူဖူလုံရေး ရန်ပုံငွေ အာမခံထားတဲ့ အများဆုံး လုပ်အားခငွေ ကျပ် သုံးသိန်းကို အခြေခံထားပြီး ငွေကျပ် သုံးသောင်းကျပ်မှ ခုနှစ်သောင်းကျပ်အထိ ထောက်ပံ့ကြေး ပေးသွားမှာ ဖြစ်ပါတယ်။
“လူမှုဖူလုံရေး ထောက်ပံ့မယ်ဆိုတော့ ကောင်းပါတယ်။ သိန်း ဂဏန်း ကုန်နေတဲ့အချိန် သောင်းဂဏန်းက ဆိတ်ပါးစပ် နှမ်းပက်သလောက်ပဲ ရှိပါတယ်။ ” လို့ ပြည်တွင်းကုမ္မဏီတခုမှာ အလုပ်လုပ်နေတဲ့ အိုင်တီမန်နေဂျာတဦးကပြောပါတယ်။
ငွေကျပ် သုံးသိန်းကို အခြေခံပြီး မူလတန်း ကျောင်းသား တဦးကို ငွေကျပ် သုံးသောင်း၊ အလယ်တန်းကျောင်းသား တဦးကို ငွေကျပ် လေးသောင်းခွဲ ထောက်ပံ့ပေးမယ် ဖြစ်ပါတယ်။
အဲ့ဒီကျောင်းသားတွေ အပြင် အထက်တန်းကျောင်းသားတဦး နဲ့ တက္ကသိုလ်အဝေးသင် ကျောင်းသားတဦးကို ခြောက်သောင်းကျပ် ၊ တက္ကသိုလ်နေ့စဉ် တက်နေတဲ့ ကျောင်းသား တဦးကို ခုနှစ်သောင်း ကျပ် ထောက်ပံ့ပေးမယ်လို့ ဆိုပါတယ်။

Related posts

✕
VOM News

FREE
VIEW