ပခုက္ကူစက်မှုဇုံက တိုးတိုးရှိန် စတိုးဆိုင် သုံးကြိမ်မြောက် အနုကြမ်းစီး ပြန်ပေးဆွဲမူဖြစ်

ပခုက္ကူ- ​အောက်တိုဘာ ၂၁-၂၀၂၆
MP(VOM)
​မကွေးတိုင်း၊ ပခုက္ကူမြို့၊ စက်မှုဇုံ (၆) လမ်းက “တိုးတိုးရှိန်” စတိုးဆိုင်ကို အောက်တိုဘာလ ၂၀ ရက် မွန်းလွဲ ၂ နာရီကျော်အချိန်က လက်နက်ကိုင်လူတစုက​နေ ဓားပြတိုက်ပြန်‌ပေးဆွဲမူ ဖြစ်သွားတယ်လို့ သိရပါတယ်။
​ ” အင်္ကျီအနက်ရောင်​တွေ ဝတ်ဆင်ထားပြီး သေနတ်အရှည်နဲ့ပစ္စတို သေနတ်ကိုင်ဆောင်ထားကြတဲ့ အသက်၂၀နှစ်ခန့် အမည်မသိ လက်နက်ကိုင် (၅) ဦးက ဆိုင်ကယ်နှစ်စီးနဲ့‌
‌ရောက်လာတယ် ဆိုင်ထဲကို လူငယ်သုံးဦးပဲ ဝင်တယ်။ အဲ‌ဒီနောက် က‌လေးငယ်ချီထားတဲ့ဆိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်ဖို့ကြိုးပမ်းတာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး မအောင်မြင်လို့ Kpay နဲ့ Wave pay အသုံးပြုတဲ့လက်ကိုင်ဖုန်းတလုံးယူဆောင်သွားတယ်” လို့ ဖြစ်စဉ်ကိုသိသူက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြောပါတယ်။
ရုန်းရင်းဆန်ခတ်ဖြစ်စဥ်ကြောင့် ကလေးငယ်မှာ ညာခြေထောက်တွေ ပြတ်ရှဒဏ်ရာရခဲ့ပြီး မိခင်သူဖြစ်သူက လက်တွေမှာ ပြတ်ရှဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့သိရပါတယ်။
အခုဖြစ်စဉ်က (၃) ကြိမ်မြောက် တိုက်ခိုက်ခံရတာပါ။ ‌ပထမအကြိမ်အနေနဲ့ (ကား) တစီး၊ လက်ကိုင်ဖုန်း (၅) လုံး၊ ဆိုင်ရောင်းရငွေတွေ ပါသွားတဲ့အပြင် ဆိုင်တွင်းပစ္စည်းတွေ ဖျက်ဆီးခံခဲ့ရပြီး မောင်ဖြစ်သူမှာလည်း သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။
​ဒုတိယအကြိမ်အနေနဲ့ အမေဖြစ်သူ လူပြန်ပေးဆွဲခံခဲ့ရပြီး ငွေကျပ် သိန်း ၅၀၀ ထိ ပေးဆောင်ကာ ပြန်လည်ရွေးနှုတ်ခဲ့ရပါတယ်။
​အခု တတိယအကြိမ်မြောက်မှာတော့ လက်နက်ကိုင် ၅ ဦးက ဝင်ရောက်လာပြီးလက်ကိုင်းဖုန်းကို ထပ်မံလုယက်သွားတယ်လိုသိရပါတယ်။
အောက်တိုဘာလ ၅ရက် ည၇နာရီကျော်က မြို့ရှောင်လမ်းရှိ မိတ်ဆွေ အိမ်ဆောက်ပစ္စည်းကို အမည်မသိလူငယ်တစ်စု ရောက်ရှိလာပြီးဧည့်စာရင်းစစ်မယ်ဆိုကာ Kpay password မေးပြီး ဖုန်းနှစ်လုံးနဲ့ ကေပေသိန်း၂၀ယူသွားတယ်လို့သိရပါတယ်။
ပခုက္ကူမြို့မှာ ဩဂုတ်လ ၂၈ ရက် မနက်ပိုင်းကပခုက္ကူမြို့အ​ရှေ့ဘက်မှာရှိတဲ့ အမှတ် (၅) အထည်စက်ရုံဝန်ထမ်း​တွေအတွက် ထုတ်ယူလာတဲ့ လစာငွေကျပ် သိန်း ၁,၄၁၀ နဲ့ ဝန်ထမ်း​တချို့ကို လက်နက်ကိုင်အဖွဲ့တဖွဲ့က စက်ရုံ​ရှေ့မှာဘဲ တားဆီး ဓါးပြတိုက် ဖမ်း​ခေါ်သွားတဲ့ ဖြစ်စဉ်တခု ဖြစ်ခဲ့ပါ​သေးတယ်။
ဩဂုတ်လ၁၅ရက်‌ နေ့ခင်းကလည်း အမှတ်(၃)ရပ်ကွက် (၁)လမ်း ကုန်စုံဆိုင်ကို အမည်မသိလက်နက်ကိုင်အုပ်စုက ဖုန်းတလုံးနဲ့ ငွေသား၆သိန်းကျော် ဓါးပြတိုက်သွားတယ်လို့ သိရပါတယ်။
မတ်လ ၂၆ ရက် နေ့လယ်ပိုင်းကလည်း မြို့မလမ်းပေါ် မျက်မမြင်ကျောင်းအနီးက စက်သုံးဆီအရောင်းဆိုင်မှာ လက်နက်ကိုင်ဆောင်ထားတဲ့ လူတစုက နေ့ခင်းကြောင်တောင်ဓါးပြတိုက်ပြီး ဖုန်းနဲ့ ငွေ​တွေယူသွားတယ်လို့သိရပါတယ်။
ဖေဖော်ဝါရီလပိုင်းတုန်းက​တော့ ပခုက္ကူမြို့၊ အမှတ်၃ရပ်ကွက်၊ ထင်တန်းလမ်းမပေါ်က ဆန်ဆိုင်ကို ဆိုင်ကယ်နှစ်စီး​နဲ့ အမည်မသိ လက်နက်ကိုင်ဆောင်ထားသူ အမျိုးသား၅ ဦး ရောက်လာပြီး ဆိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်ပြန်ပေးဆွဲဖို့ ကြိုးပမ်းတာမှာ မအောင်မြင်လို့ ဆိုင်အတွင်းမှာရှိတဲ့ လက်ကိုင်ဖုန်း ၃ လုံး နဲ့ ငွေသားအချို့ကို လုယက်ယူဆောင်ကာ ထွက်ပြေးသွားတာ ဖြစ်ခဲ့ပါ​သေးတယ်။
၂၀၂၁ နိုင်ငံ​ရေးအ​ပြောင်းအလဲဖြစ်ပြီး လက်နက်ကိုင်သူ အများအပြား​ပေါ်လာပြီး​နောက် ပခုက္ကူဝန်းကျင်ဟာ နယ်​မြေမတည်ငြိမ်မှု အခွင့်ယူပြီး ပြန်​ပေးဆွဲတာ၊ လူသတ်တာ၊ ဓါးပြတိုက် အနုကြမ်းစီးတာ​တွေ​ကြောင့် ​ငွေ​ကြေးချမ်းသာသူတချို့ဟာ မြို့ကြီး​တွေကို ​​ပြောင်း​ရွှေ​နေကြတယ်လို့ သိရပါတယ်။

Related posts

✕
VOM News

FREE
VIEW