မန္တလေး၊ ဩဂုတ် ၂၃-၂၀၁၉
ဟိန်းကို(VOM)
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကျေးရွာအုပ်စု ရေလှောင်ကျေးရွာ ကွင်းအမှတ် (၃၃ – ၄၁)၊ ဦးပိုင်အမှတ် ၁ ကနေ ၆ အထိ မြေကွက်တွေမှာ ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဆောက်လုပ်ထားတယ်ဆိုပြီး စွပ်စွဲခံထားရသူတွေက ဒီနေ့ သြဂုတ် ၂၃ ရက် မနက်ပိုင်းမှာ သူတို့နေထိုင်နေတဲ့မြေကွက်တွေနဲ့ နေအိမ်တွေကို ပြန်လည်ရယူလိုတဲ့အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အဲဒီမြေကွက်ပေါ်ရှိနေအိမ်တွေကို ၂၀၁၉ ဇူလိုင်လ ၂၀ ရက်က ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တဲ့မြေဆိုကာ နေအိမ်တွေကိုဖျက်သိမ်း၊ ခြံစည်းရိုးခတ်ပြီး သိမ်းဆည်းခံလိုက်ရတဲ့အတွက် နစ်နာမှုတွေ ရှိနေတာကြောင့်  ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
#voiceofmyanmar #မန္တလေး #ကျူးကျော်