NLDအစိုးရကိုအယုံကြည်မရှိကြောင်းနဲ့ ရိုဟင်ဂျာဆိုတာမရှိကြောင်း မန္တလေးမှာ စာတွေလိုက်ကပ်

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်စွက်ဖက်တဲ့ ယူအန်အလိုမရှိ အန်အယ်လ်ဒီ အစိုးရကိုအယုံအကြည်မရှိ မြန်မာနိုင်ငံမှာ ခိုးဝင်ဘင်္ဂလီပဲရှိပြီး ရိုဟင်ဂျာတိုင်းရင်းသားဆိုတာမရှိ၊ မြန်မာ့သမိုင်းကို သွေးဖြင့်ဆေးမည်ဆိုတဲ့ စာတွေ မန္တလေးက ဓါတ်တိုင်တွေနဲ့ လူစည်ကားတဲ့နေရာတချို့မှာ လိုက်ကပ်တာရှိနေပါတယ်။ ” လမ်းဘေးဓာတ်တိုင်တွေမှာလိုက်ကပ်ထားတာပေါ့ဗျာ၊ကျွန်တော်တို့တွေ့တာကတော့ ည(၈း၅၀)အချိန်လောက်ကပေါ့ ၊ကပ်တဲ့သူတွေကိုတော့စုံစမ်းဆဲပါပဲ တခြားထူးထူးခြားခြားတော့ မရသေးပါဘူး”လို့ မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ပြောပါတယ်။ အေဖိုးလျှောက်လွှာစာရွှက်တွေပေါ်မှာ အင်္ဂလိပ်၊မြန်မာဘာသာနှစ်မျိုးနဲ့ ရေးထားပြီး မဟာအောင်မြေမြို့နယ်အပါအဝင်၊ ချမ်းမြသာစည် ၊ အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ် ၄ခုမှာလည်း တွေ့ရှိတယ်လို့ ခရိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။ မဟာအောင်မြေမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ဒီလှုပ်ရှားမှုနောက်ကွယ်မှာ မတည်မငြိမ်ဖြစ်မှာကို စိုးရိမ်တဲ့အကြောင်း ” ဒီလိုစာရွက်လာကပ်တာ ခုဆို လူထုကြားပြန့်နှံ့နေပြီလေ ကျွန်တော်တို့က မဟာအောင်မြေမြို့နယ်ထဲကဆိုတော့ လက်ဖက်ရည်ဆိုင်ထိုင်လည်း ဒီအကြောင်းကလူတိုင်းပြောနေကြတယ်၊ဒီလိုစာကပ်တာက ဘာသာရေးကိုအခြေခံပြီး လူမျိုးရေးပဋိပက္ခတွေဖြစ်မှာလည်း စိုးရိမ်တယ်ပေါ့ဗျာ “လို့ ပြောပါတယ်။ စာကပ်တဲ့လှုပ်ရှားမှုဟာ မဟာအောင်မြေမြို့နယ်မှာ အများဆုံးဖြစ်တာမို့…

Read More
VOM News

FREE
VIEW