စစ်ကိုင်းက ဇေယျာသီရီရုပ်ရှင်ရုံကို ဝယ်ယူထားတဲ့ ကုမ္ပဏီကို တရားစွဲမည်

စစ်ကိုင်း အောက်တိုဘာ ၂၁ ၊ ၂၀၁၈ တာရာ စစ်ကိုင်းမြို့မှာရှိတဲ့  ဇေယျာသီရီရုပ်ရှင်ရုံကို ဝယ်ယူထားတဲ့ ကုမ္ပဏီအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က တရားစွဲဆိုသွားရန် စီစဉ်နေကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောပါတယ်။ ဇေယျာသီရိရုပ်ရှင်ရုံကို   မြန်မာနိုင်ငံ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မတီရဲ့ ခွင့်ပြုချက်ဖြင့် ၂၀၁၁ ခုနှစ်က ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှ ဝယ် ယူခဲ့ပြီး ၊ဝယ်ယူခဲ့စဉ်က စာချုပ်ပါစည်းကမ်းချက်များအရ ကုမ္ပဏီအနေနဲ့ ရုပ် ရှင်ရုံလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ရမည်ဟု  ပါသော်လည်း ရုပ်ရှင်ရုံလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ဇေယျာသီရိရုပ်ရှင်ရုံကို ပြန်လည်ဖွင့်လှစ်ပြသရေးအတွက် စစ်ကိုင်းမဲဆန္နနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်က ၂၀၁၇ ခုနှစ် မတ်လအတွင်းက စစ်ကိုင်းတိုင်း လွှတ်တော်ကို တင်သွင်းခဲ့ရာ ကန့်ကွက်မဲ့သူမရှိဘဲ အတည်ပြုနိုင်ခဲ့ပေမယ့်   ဒီနေ့အချိန်ထိ ဖွင့်လှစ်ပြသပေးခဲ့ခြင်း မရှိသေးပါဘူး။ ဇေယျာသီရီရုပ်ရှင်ရုံကို…

Read More

စစ်ကိုင်းတိုင်းလူမှုဝန်ထမ်းဦးစီးဌာနက  အသက် ၈၅ နှစ်နဲ့အထက် အဖိုးအဖွားတွေ စာရင်းကောက်ယူနေ။

အောက်တိုဘာ ၂၁ ၂၀၁၈ ဗျဂ္ဃ (Voice of Myanmar) ၂၀၁၄ ခုနှစ်က အတည်ပြုပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာအရ အသက် ၉၀ နှစ်နဲ့အထက် အဖိုးအဖွားတွေကို လူမှုရေးပင်စင်အဖြစ် ၁ လကို ၁သောင်းကျပ်နဲ့ ၃ လတစ်ကြိမ် ထောက်ပံ့မှုတွေကို ပြီးခဲ့တဲ့နှစ်ကစတင်ကာ ဆောင်ရွက်ခဲ့တာပါ။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်က စတင်ကာ နောက်ထပ်အနေနဲ့ အသက် ၈၅ နှစ်အထိ လျော့ချလိုက်ပြီး ၃ လပြည့်ချိန် ဒီဇင်ဘာလမှာ ထောက်ပံ့ကြေးပေးအပ်နိုင်အောင် မြို့နယ်အလိုက် စာရင်းကောက်ယူတာတွေ ပြုလုပ်နေတယ်လို့ စစ်ကိုင်းတိုင်း လူမှုဝန်ထမ်းဦးစီးဌာနကသိရပါတယ်။ “အခုဆို ၈၅ နှစ်အထိ လျော့ချလိုက်တဲ့အတွက် ပိုပြီးတော့ များလာမှာဖြစ်ပါတယ်။ ဒါကိုလည်းမြို့နယ်အလိုက် ကိုယ်ရေးရာဇဝင်၊ မှတ်ပုံတင်မိတ္တူ စတာတွေကို အရင်ပုံအတိုင်း ပြန်လည်ကောက်ခံနေပါတယ်။ တချို့မြို့နယ်တွေတော့ ရနေပါပြီ။ တချို့ ဝေးတဲ့မြို့နယ်တွေ ဘာတွေကတော့ ကောက်နေတုန်း။…

Read More

သာသနာ ဝါဝါဖျက်လေသလား

အောက်တိုဘာ ၂၁၊ ၂၀၁၈ အယ်ဒီတာ့ အာဘော်   ဒီရက်ပိုင်းအတွင်း သင်္ကန်းဝတ်ထားပြီး ရဟန်းကျင့်ဝတ်ရော လူ့စည်းကမ်းဥပဒေတွေပါ ချိုးဖေါက်တဲ့ သတင်းတွေ ဆက်တိုက်ကြားနေရပါတယ်။ မန္တလေးတိုင်းအတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို ဖမ်းမိတော့ သင်္ကန်းဝတ်ထားတဲ့ သူ ၂ယောက်ပါနေတာကိုတွေ့ရပါတယ်။ မန္တလေး  ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက် ချမ်းမြသာစည်ရိပ်သာဝင်းထဲက တထပ်ကျောင်းဆောင်မှာ သီတင်းသုံးတဲ့ အရှင်အာစိဏ္ဏ (ခေါ်) ဦးအေးကျော် ၅၂ နှစ် ဝါတော် ၁၃ ဝါဆိုတာနဲ့ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ခြေ သတိပဋ္ဌာန်ကျောင်းတိုက်ဝန်းထဲက သီရိရတနာ ရန်အောင်မြေကျောင်းမှာ သီတင်းသုံးတဲ့ ဦးစန္ဒောဘာသ ခေါ် ဦးစိုးမိုး သက်တော် ၄၉ ဝါတော် ၁၈ ဝါ ဆိုတာမျိုး သိရပါတယ်။ သူတို့ဟာ ၁၀ ဝါအထက်ရှိနေပြီဆိုတော့ သံဃဝိနည်းတွေလည်း အတော်အသင့်တော့ နားလည်ပြီးသူတွေဖြစ်မယ်လို့ ယူဆရပါတယ်။ ဒီနေရာမှာ စဉ်းစားဖြစ်တာက…

Read More
VOM News

FREE
VIEW