စစ်ကိုင်း ဧမြဇေယျာချောင်က လက်ထောက်သီလရှင်ကို ဆွဲထုတ်ခံရတဲ့ကိစ္စ သတင်းစာရှင်းလင်း

စစ်ကိုင်း အောက်တိုဘာ ၂၈၊ ၂၀၁၈ တာရာ စစ်ကိုင်းမြို့၊ပါရမီရပ်ကွက် ဧမြဇေယျာချောင်မှ ချောင်လက်ထောက်သီလရှင်ဆရာကြီးကို ကျောင်းတိုက် အတွင်းက ဆွဲနှင်ထုတ်ခြင်းခံရတဲ့ ကိစ္စနှင့်ပက်သတ်ပြီး ဒီနေ့ နံနက်ပိုင်းက ထိုကျောင်းတိုက်မျက်နှာခြင်းဆိုင်နေအိမ်မှာ ဆွေမျိုးတော်စပ်သူတွေက သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့ပါတယ်။ ဧမြဇေယျာချောင်၊ဝိမလာရာမတိုက်မှာ သီတင်းသုံးနေထိုင်တဲ့ ဆရာကြီး ဒေါ်ကေသာဝတီ နဲ့ ကျန်းမာရေးမကောင်းမွန်တဲ့ အသက်၉၀ကျော်အရွယ် ၎င်းရဲ့ဖခင် တို့ကို ယခုလ ၂၅ရက်နေ့က ထိုကျောင်းအားပိုင်ဆိုင်သူဟုဆိုတဲ့ သီလရှင်ဆရာကြီး ဒေါ်သီတလကာမီနဲ့ အဖွဲ့က ကျောင်းတိုက်အတွင်းနေထိုင်ခြင်းမရှိစေရန် ဆွဲနှင်ထုတ်ခြင်းများ လုပ်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲက သိရပါတယ်။ “ဒီကျောင်းတိုက်လွှဲပြောင်းခြင်းစာချုပ်မှာ လက်မှတ်အတုထိုးပြီး ရယူထားတာကိုလည်း အဆင့်ဆင့်ကိုတင်ပြထားပါတယ်၊ဆရာကြီး ဒေါ်သီတလကာမီ အရင်က ဒီမှာ တရက်မှာလည်း မနေဘူး၊ဝါလည်း မဆိုဖူးဘူး၊ဆရာလေးရဲ့အမကိုကျောင်းတိုက်က နှင်ထုတ်လို့မရပါဘူး။ နိုင်ငံတော်သံဃာ့နာယက ၄၇ပါးဆုံးဖြတ်ချက်အရ ဧမြဇေယျာချောင်မှာ ဒေါ်ကေသာဝတီကို ရာသက်ပန် သီတင်းသုံးခွင့်ရှိသည်လို့ ဆုံးဖြတ်ထားပြီးသားပါ။ ခုလိုဆွဲနှင်ထုတ်ခြင်းခံရတာက ကျောင်းတိုက်ရဲ့စည်းကမ်းကိုမလိုက်နာလို့တဲ့။ ဆရာလေးရဲ့အဖေနေထိုင်တဲ့အဆောင်လေးဟာ မိုးမလုံပါဘူး။…

Read More
VOM News

FREE
VIEW