မီးနီရပ်နေတဲ့ဆိုင်ကယ်ကို ဝင်တိုက်လို့ လူနှစ်ယောက်သေတဲ့ကိစ္စ ပြိုင်ကားပိုင်ရှင်ဘက်က ဘာပြောသလဲ

 

မန္တလေး နိုဝင်ဘာ ၁၁-၂၀၁၈
ဟိန်းကို (VOM)

၂၀၁၈ခုနှစ် နိုဝင်ဘာ(၈)ရက်နေ့ညပိုင်းက မန္တလေးမြို့၊အောင်မြေသာစံမြို့နယ် ၊ ၇၈လမ်း နဲ့ ၂၆လမ်း ဒေါင့်မှာ လူငယ်နှစ်ဦးဟာ ဆိုင်ကယ်နဲ့မီးပွိုင့်မီးနေတာကို စောင့်နေတဲ့အချိန် နောက်ကနေ Lexus အမျိုးအစား ပြိုင်ကားအနီရောင်က ၀င်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်ပါ လူနှစ်ဦး သေဆုံးမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မှာ ပြိုင်ကားအနီရောင် ကားပိုင်ရှင်ဟာ ကားကိုတခြားသူကိုငှားလိုက်တာဖြစ်တာမို့ ကောလဟလဖြစ်နေတဲ့ လူစားလဲတယ်ဆိုတာ မဟုတ်မှန်ကြောင်း ဒီနေ့ နိုဝင်ဘာ(၁၁)ရက် နေ့လည်ပိုင်းက မန္တလေး မီဒီယာစင်မှာပြုလုပ်တဲ့ သတင်းစားရှင်းပွဲ မှာ ပြောခဲ့ပါတယ်။

လက်ရှိမှာ ပြိုင်ကားနဲ့ ဆိုင်ကယ်ကိုတိုက်လိုက်တဲ့ ယာဉ်မောင်းကို ၊ နယ်မြေခံ အမှတ်(၂)ရဲစခန်းက ယာဉ်(ပ)၁၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က (ပေါ့လျော့မှုကြောင့်လူသေမှု)၊ (ပ)၄၂၀/ ၂၀၁၈၊ပြည်သူပိုင်ပစ္စည်းကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁)တို့နဲ့ အမှုဖွင့်စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #မန္တလေးပြိုင်ကားတိုက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW