စစ်ကိုင်းက ရှေးဟောင်းကိုးပေတံတားနံရံကို ကြော်ငြာဆိုင်းဘုတ်ကပ်လို့ ဒေသခံတွေမကျေနပ်

စစ်ကိုင်း နိုဝင်ဘာ ၂၄ -၂၀၁၈ စောပြည့်ချမ်းသာ  (VOM) စစ်ကိုင်းမြို့အဝင် ရှေးဟောင်း ကိုးပေတံတားရဲ့ အုတ်နံရံမှာ ကြော်ငြာထားတဲ့ ဖုန်းဆိုင်ကြော်ငြာတစ်ခုကို အကြောင်းပြုပြီး မြို့နေပြည်သူတွေနဲ့  လူမှုကွန်ရက် စာမျက်နှာတွေမှာ  ဝေဖန်မှုတွေ မြင့်တက်နေသလို အဲဒီကြော်ငြာဆိုင်းဘုတ်ဟာ သက်ဆိုင်ရာဌာနကို အခွန်အခပေးဆောင်ထားမရှိဘူးလို့သိရပါတယ်။ ”အုတ်ရိုးနဲ့တည်ဆောက်ထားတဲ့ စစ်ကိုင်းမြို့ရဲ့ တံခါးလို့ပြောလို့ရတယ်။ ခုလို အုတ်ရိုက်သံတွေနဲ့ ရိုက်တယ်။ကြေးနန်းတွေ ချိတ်ဆွဲထားတယ်။ နှစ်ပေါင်းအားဖြင့်လည်း ကြာမြင့်နေပြီး ရေရှည်မခံဘဲ ပျက်စီးနိုင်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးမြို့ခံတွေစုပေါင်းလက်မှတ်ထိုးကန့်ကွက်သွားဖို့ လုပ်သွားပါမယ်”ဟု စစ်ကိုင်းမြို့နေ ကိုအောင်မြတ်လင်းကပြောပါတယ်။ စစ်ကိုင်းမြို့ဝင်၊ ကိုးပေတံတားအနီး၊ အင်းဝ တံတား (စစ်ကိုင်း)သွားတဲ့ မီးရထားသံလမ်းတံတားအောက် အုတ်နံရံမှာ နိုဝင်ဘာလ ပထမအပတ်အတွင်းက ထို ဖုန်းဆိုင်ကြော်ငြာဆိုင်းဘုတ်ကို တပ်ဆင်ခဲ့ကြောင်း သိရပြီး တပ်ဆင်ထားသော ကြော်ငြာဆိုင်းဘုတ်မှာ မြန်မာ့မီးရထားပိုင် နယ်မြေ အတွင်း ဖြစ်ကြောင်းသိရပါတယ်။ ”ခုဟာက မီးရထားနယ်မြေ ၊ကျွန်တော်တို့နဲ့ မဆိုင်ဘူးဗျ။မီးရထားနဲ့ပတ်သက်တာတွေ ကျွန်တော်တို့က…

Read More

လင်မယားချင်း စကားများရာက ပုဆိန်နဲ့ပေါက်လို့ ယောင်္ကျားဖြစ်သူ သေဆုံး

ကသာ ၊ နိုဝင်ဘာ ၂၄- ၂၀၁၈ ။ နိုင်ကြီး (ကသာ) စစ်ကိုင်းတိုင်း ကသာခရိုင် ဝန်းသိုမြို့နယ် ဂျိုးတောင်ကျေးရွာမှာ လင်မယားချင်း စကားများရာမှတဆင့် မိန်းမဖြစ်သူက ပုဆိန်ဖြင့် ထုနှက်ရာ လင်ယောက်ျားသေဆုံးမှု နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်(၅း၁၅)အချိန်က ဖြစ်ပွားခဲ့ပါတယ် ။ သေဆုံးသူဟာ ကိုအောင်သာ (၄၁ နှစ်) ဖြစ်ပြီး ဝန်းသိုမြို့နယ် ဂျိုးတောင်ကျေးရွာ နေထိုင်သူဖြစ်ပါတယ်။ အခင်းဖြစ်နေ့မနက်က သေဆုံးသူရဲ့ ဖခင် ဦးနွားအောင်ကနေ သားဖြစ်သူအောင်သာ ကို ချွေးမဖြစ်သူ မသောင်းနွဲ့ (၄၅ နှစ်) ဂျိုးတောင်ကျေးရွာ နေထိုင်သူ က ပုဆိန်ဖြင့် ထုရိုက် သေဆုံးကြောင်း သတင်းကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ သားဖြစ်သူ အောင်သာမှာ ယာဖက်နားထင် ချိုင့်ဝင်သွေးထွက် ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရသဖြင့် ဂျိုးတောင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကျူးလွန်ခဲ့သည့် ချွေးမ တော်စပ်သူ…

Read More
VOM News

FREE
VIEW