လင်မယားချင်း စကားများရာက ပုဆိန်နဲ့ပေါက်လို့ ယောင်္ကျားဖြစ်သူ သေဆုံး

ကသာ ၊ နိုဝင်ဘာ ၂၄- ၂၀၁၈ ။

နိုင်ကြီး (ကသာ)

စစ်ကိုင်းတိုင်း ကသာခရိုင် ဝန်းသိုမြို့နယ် ဂျိုးတောင်ကျေးရွာမှာ လင်မယားချင်း စကားများရာမှတဆင့် မိန်းမဖြစ်သူက ပုဆိန်ဖြင့် ထုနှက်ရာ လင်ယောက်ျားသေဆုံးမှု နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်(၅း၁၅)အချိန်က ဖြစ်ပွားခဲ့ပါတယ် ။

သေဆုံးသူဟာ ကိုအောင်သာ (၄၁ နှစ်) ဖြစ်ပြီး ဝန်းသိုမြို့နယ် ဂျိုးတောင်ကျေးရွာ နေထိုင်သူဖြစ်ပါတယ်။ အခင်းဖြစ်နေ့မနက်က သေဆုံးသူရဲ့ ဖခင် ဦးနွားအောင်ကနေ သားဖြစ်သူအောင်သာ ကို ချွေးမဖြစ်သူ မသောင်းနွဲ့ (၄၅ နှစ်) ဂျိုးတောင်ကျေးရွာ နေထိုင်သူ က ပုဆိန်ဖြင့် ထုရိုက် သေဆုံးကြောင်း သတင်းကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ သားဖြစ်သူ အောင်သာမှာ ယာဖက်နားထင် ချိုင့်ဝင်သွေးထွက် ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရသဖြင့် ဂျိုးတောင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကျူးလွန်ခဲ့သည့် ချွေးမ တော်စပ်သူ မသောင်းနွဲ့အား ဥပဒေအရ အရေးယူပေးဖို့ တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။

လင်မယားချင်း လူမှုရေးကိစ္စဖြင့် စကားများကြရာမှ တဆင့် စိတ်မထိန်းနိုင်ပဲ လင်ယောက်ျားအား ပုဆိန်ဖြင့် ထုနှက်သူ မသောင်းနွဲ့ ကို ဝန်းသိုမြို့မရဲစခန်း က (ပ)၁၄၂/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ – ၃၀၂  အရ ဖမ်းဆီးအရေးယူ စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်း သိရပါတယ် ။

#voiceofmyanmar #ကသာ #ဝန်းသို

Related posts

✕
VOM News

FREE
VIEW