ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို  ချင်းသူရဲကောင်းဘွဲ့ ဇိုမီးအသင်း(ရန်ကုန်)က ပေးအပ်

တီးတိန် ဒီဇင်ဘာ ၅ -၂၀၁၈

မိုင်ချယ်ရီ (VOM)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တီးတိန်မြို့(ဇိုမီး) အသင်း (ရန်ကုန် ) အဖွဲ့ဝင်တွေက ချင်းသူရဲကောင်း ဘွဲ့ ပေးအပ်ခြင်း ကို ဒီဇင်ဘာလ ၄ ရက်နေ့ မွန်လွဲပိုင်းက နေပြည်တော် ဘုရင်နော့င်ရိပ်သာ ဧည့်ခန်းမမှာ ပေးအပ်ခဲ့တာပါ။တီးတိန်မြို့(ဇိုမီး)အသင်း (ရန်ကုန်)ရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးသောမတ်ခန့်နိုး က

ဦးသောမတ်ခန့်နိုး က “သူက ကိုယ့်ကို ကာကွယ်ပေးတဲ့ ပုဂ္ဂိုလ်ပဲလေ။အဲ့ဒီ ပုံစံနဲ့ ဆုချီးမြှင့်တဲ့ သဘောပါပဲ” လို့ ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ချင်းပြည်နယ် တီးတိန်မြို့(ဇိုမီး)အသင်း (ရန်ကုန်) မှ ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီး Rev.Fr.Joseph Thang Zo Mung ဦးဆောင် တဲ့ အဖွဲ့က ချင်းသူရဲကောင်းဘွဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ နဲ့ အတူ တီးတိန်(ဇိုမီး)ရိုးရာ ဓါးကိုလည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ခရစ္စမတ်ကာလ ခရစ်ယာန်ဘာသာအရ ကောင်းချီးပေးမေတ္တာပို့သခြင်း ဆုတောင်ပေးရင်း ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနေ့က တီးတိန်(ဇိုမီး)အသင်း (ရန်ကုန်) မှ အဖွဲ့ဝင်များ ဟာ ဒုသမ္မတဦးဟင်နရီဗန်ထီးယူ နဲ့လည်း တွေ့ဆုံ ဆုတောင်းပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီ အဖွဲ့ က ပြောပါတယ်။

ဒီလို ပေးအပ်တာနဲ့ ပတ်သတ်လို့ တီးတိန်လူငယ် မိတ်သဟာရအဖွဲ့ အတွင်းရေးမှူး ကိုမုန်နိုး က “သူရဲကောင်းဘွဲ့ ကို ပေးတာကျတော့ လက်မခံချင်ဘူး။အခုချိန်ထိ ဒီမိုကရေစီ နိုင်ငံလို့ ပြောကြပေမယ့် စစ်အာဏာက တော်တော်လေးကို များနေသေးတယ်။ပြီးတော့ ကျွန်တော်တို့ မှာ စစ်တပ်ကြောင့် ခံခဲ့ရတဲ့ အနာတွေ မပျောက်သေးဘူး။လာမယ့် နှစ်တွေမှာ ခရစ္စမတ် အကြို ဆုတောင်းပေးခြင်းတွေ လုပ်မယ်ဆိုရင်လည်း ဆုတောင်းပေးရုံပဲ လုပ်ပြီး အခြား ဂုဏ်ပြုလက်ဆောင် တို့ ဂုဏ်ပြုတဲ့ လက်မှတ်တို့ မပေရင် ပိုကောင်းမယ်”လို့ ပြောပါတယ်။

#voiceofmyanmar #ဇိုမီး #တပ်မတော်ကာကွယ်ရေးဦးစီးချုပ် #ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် # ချင်းသူရဲကောင်းဘွဲ့

ဓါတ်ပုံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Related posts

Leave a Comment

VOM News

FREE
VIEW