နှစ်သက်တမ်း ၇၀၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ စစ်ကိုင်းမြို့ က “ရုပ်စုံကျောင်း”

 

စစ်ကိုင်း၊ ဒီဇင်ဘာ ၈-၂၀၁၈

စောပြည့်ချမ်းသာ(VOM)

စစ်ကိုင်းတောင်ဆင်းလမ်း၊ အရိယ၀ံသချောင်”မှာ

နှစ်သက်တမ်း ၇၀၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ကျောင်းတစ်ကျောင်းရှိပါတယ်။

အဲ့ဒီ ကျောင်း ကို “ရုပ်စုံကျောင်း” လို့ ခေါ်ပါတယ်။

ဘာကြောင့် “ရုပ်စုံကျောင်း”  လို့ ခေါ်ရသလဲဆိုရင် ဇာတ်ကြီးဆယ်ဘွဲ့ နိပါတ် ဇာတ်ရုပ်တွေကို စုံလင်စွာ ထည့်သွင်း တည်ဆောက်ထားတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

အဲဒီကျောင်းဆောင်လေးကို အင်းဝခေတ် ရေငုံဆရာတော်ကြီး ထံမှာ စာပေသင်ကြားနေတဲ့ “ရှင်အရိယာဝံသ” ကိုယ်တော်ရဲ့ စာပေကျမ်းဂန် တတ်မြောက်မှုကို ကြည်ညိုတဲ့အနေနဲ့ အင်းဝဘုရင်”ဒုတိယမင်းခေါင်” ကကျောင်းဆောက်ကာ လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။

လက်ရှိမှာ  တိုင်းဒေသကြီးအစိုးရအဖွဲ့က ခရီးသွား နေရာတစ်ခု အဖြစ် ဖော်ဆောင်ထားရှိပြီး အများပြည်သူ လာရောက် ကြည့်ရှု့လေ့လာနိုင်ရန် သန့်ရှင်းလှပ မှုတွေ ပြုလုပ်ထားပါတယ်။

ခု နောက်ပိုင်းမှာ “ရုပ်စုံကျောင်း”လေးကို ပြည်တွင်းဘုရားဖူးတွေသာမက ပြည်ပ ခရီးသွားတွေပါ လာရောက်လေ့လာကြပြီး အမှတ်တရ ဓါတ်ပုံတွေ ရိုက်ကူးကြပါတယ်။

#voiceofmyanmar#စစ်ကိုင်း#ရုပ်စုံကျောင်း#

 

 

Related posts

Leave a Comment

VOM News

FREE
VIEW