ပိုက်ဆံပေးမှ ဂီတပွဲဖြစ်တာတော့ မဟုတ်ပါဘူးဆိုတဲ့ ဖော်ကာ

ရန်ကုန် ဒီဇင်ဘာ ၈-၂၀၁၈

သင်းသဒ္ဒါ

 

ရော့ခ်ပြင်းပြင်း သီချင်းတွေ သီဆိုခဲ့တာကြောင့် ပရိသတ်နဲ့ ရင်ဘတ်ချင်းနီးခဲ့တဲ့ အဆိုတော် ဖော်ကာကတော့ “ကျွန်တော်အမြင်ကတော့ ပိုက်ဆံပေးမှ ဂီတပွဲဖြစ်တာတော့ မဟုတ်ပါဘူး”လို့ ဆိုပါတယ်။

 

ခုနောက်ပိုင်း အနုပညာကြေးတွေရဲ့ ဖျော်ဖြေပွဲတွေမှာ Ticket ရှိုးတွေသိပ်မရှိတာနဲ့ ပတ်သက်ပြီးတော့ ” တကယ်ဆိုရင် Ticket ရှိုးတွေကတော့ ရှိသင့်တာပေါ့ ခေတ်ကလည်း အမြဲတမ်းလို့ လည်နေပါတယ်။ ဖြစ်နိုင်ရင် Rock ရှိုးဆို Rock ရှိုးပေါ့။ တကယ် ကြော်ငြာလုပ်တဲ့ ပွဲသပ်သပ် မဟုတ်ပဲနဲ့ Rock နဲ့ ညီတဲ့ပွဲတစ်ခု ဖြစ် နေရင်တော့ အကောင်းဆုံးပေါ့”လို့ ဆိုပါတယ်။

 

သူကတော့ ဒီဇင်ဘာ ၂၅ ရက် ညနေ(၆)နာရီမှာ ရန်ကုန်မြို့ ကန်တော်ကြီးရဲ့ မျှော်စင်ကျွန်းမှာ “Stage of Rangoon ” Rock ဂီတ ဖျော်ဖြေပွဲကို သာဒီးလူ၊ ဝန၊ စိုင်းလေး တို့နဲ့ အတူ သီဆိုဖျော်ဖြေမှာဖြစ်ပါတယ်။

 

“ကျွန်တော်တို့ ဖြစ်ချင်တာကတော့ ဒီ Rock ပွဲလို ခင်းကျင်းတင်ဆက်မယ်ဆိုရင် အဲလိုပုံစံမျိုး ပရိသတ်ကို တင် ဆက်ပြသချင်တယ်။ ကျွန်တော် ပရိသတ်တွေလည်း အလကားကြည့်ခွင့်ရမယ်။ ဥပမာ – သင်္ကြန်လိုပေါ့။ ကိုယ်ကလည်း ကောင်းကောင်းတင်ဆက်နိုင်မယ်။ တချို့ အရာတွေမှာ ကျွန်တော့်ကို ခေါင်းမာတယ်လို့ မိန်းမကတောင် ပြောပါတယ်။ ဂီတပိုင်းမှာနေရာ တစ်ခုရအောင် မနည်းကို ဆောက်တည်လာတာပါ။ ကိုယ်တိုင် တချို့ အရာလေးတွေကို ခေါင်းမာတယ်လို့ ပြောလို့ရပါတယ်”လို့ ဆိုပါတယ်။

 

ဓာတ်ပုံ – သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW