”ရည်းစားနဲ့ပြတ်လို့ တရားစွဲခံရတာ ကျွန်တော်တစ်ယောက်ပါဆိုတဲ့ ဝေဠုကျော်”

ရန်ကုန် ဒီဇင်ဘာ ၁၁- ၂၀၁၈

သင်းသဒ္ဒါ(VOM)

အလှမယ်ဖြစ်တဲ့ သင်းသင်းနဲ့ချစ်သူဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ဝေဠုကျော်ကတော့ ” မြန်မာပြည်မှာ သမိုင်းတွင်သွားတာပေါ့၊ နောင်တွင် ဥဒါန်းတွင်ရစ်စေသတည်းပေါ့၊ ရည်းစားပြတ်တာ တရားစွဲခံရတာ ကျွန်တော်တစ်ယောက်ပါ ”လို့ဆိုပါတယ်။

” ကျွန်တော်ကတော့ ပြဿနာ မရှိပါဘူး၊လောကကြီးမှာ မမှားတာ မရှိဘူးမှားကြတယ်ပေါ့၊ အိမ်ထောင်သည် တွေတချို့တောင် မှားနေကြသေးတာပဲ၊ကျွန်တော်က အိမ်ထောင်မရှိဘူး၊ လူလွတ်လေ ခလုတ်တိုက်မိလို့ပဲ ဖြစ်ဖြစ် ပတ်သက်မိသွားတယ်၊ ဥပမာ- ရိုးရိုးလေး ပြောရင် ရည်းစားထားမိသွားတယ်၊ ရည်းစားပြတ် သွားတယ်ဗျာ၊ တစ်နိုင်ငံမှာရည်းစားနဲ့ ပြတ်သွားတာ သန်းနဲ့ သောင်းနဲ့ ချီပြီးတော့ရှိတော့ ပြတ်နေတာ၊ ကျွန်တော်ကျ မှတရားစွဲခံရမယ်ဆိုတော့ ၀ဋ်ကြွေးပါလာလို့ပေါ့၊ ကျွန်တော်ကလည်း ဘာမှ မဖြစ်ပါဘူး၊ တရားစွဲမယ်ဆို လည်းခံလိုက်ရုံပေါ့”လို့ဆိုပါတယ်။

”ကျွန်တော်ကလည်း လူငယ်ကို ရည်းစားကိုခုမှ  တစ်ယောက်ဖူးထားဘူးတော့ ခံစားရတာပေါ့၊ ရည်းစားတွေလည်း ပျက်တာတွေလည်း များလာခဲ့ပြီ၊ ကျွန်တော် တင်မဟုတ်ပါဘူး၊ သူ့မှာလည်း ရှိဦးမှာပါ၊ သူလည်း ပြတ်လာပြီးသားပါ၊ ရှေ့လူတွေပြတ်တာ တရားမစွဲပဲ ကျွန်တော်ကျမှ တရားလာစွဲတော့ ကျွန်တော်ဝဋ်ကြွေးပါလားလို့ပေါ့၊ ဒီအတွက် ဘာမှမပူကြပါနဲ့ လာမယ့်နှစ်မှာ ထောင်ကျရင် မကျရင်တော့ ၊ အိမ်ထောင်ကျပါမယ်၊တစ်ခုခု သေချာသွားပါတယ်၊ ကျွန်တော် အိမ်ကလည်း ဒီ လိုကိစ္စတွေ ရှိလာတဲ့အတွက် မင်းအိမ်ထောင်ပြုရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ခိုင်မာမာချပေးလိုက်ပါတယ်၊ ကျွန်တော်အရင်တုန်းကတော့ အိမ်ထောင်မပြုချင်ဘူး၊ ဒီလိုပဲနေချင်သေးတယ်၊အခုတော့ မရတော့ဘူး၊ အိမ်ထောင်ပြုရမယ်တဲ့၊ ပြုပါမယ်”လို့ ဆိုပါတယ်။

ဝေဠုကျော်ကတော့ လတ်တလောမှာတော့  မိမိနဲ့ စိတ်တူကိုယ်တူ အပြင် အထောက်အကူအပံ့တွေ ပေးစွမ်းနိုင်ပြီးတော့ တကယ်ချစ် မြတ်နိုးသူကို တွေ့ရှိပါက လက်ထပ်သွားမယ်လို့ သိရပါတယ်။

ဝေဠုကျော်ကတော့ ”သူ့ကြောင့် အိမ်ထောင်ပြုတာတော့ မဟုတ်ပါဘူး၊ ယောက်ျားဆိုတာ ဖွဲတစ်ဆုပ်နိုင်တဲ့အထိ ဒီစိတ်ကရှိသေးတယ်၊ ကျွန်တော် ဆန်တစ်အိတ်နိုင်ပါသေးတယ်လို့ ၊ထမ်းနေပါသေးတယ်လို့၊ ဘာပဲဖြစ်ဖြစ် နောင်တချိန်မှာ ဒါဆိုပြဿနာတွေဖြစ်လာပြီး လျှော်ရတာတွေရှိလာရင် ပေးရကမ်းရတာတွေ ဖြစ်လာရင် အဲလိုဖြစ်နေရင် အမေတို့က စိတ်မကျဘူးလေ၊ အိမ်ထောင်ရက်သားချပေးမယ်၊ မင်းအိမ်ထောင်ရက်သားကိုပဲ ဒီပစ္စည်းတွေ အပ်လိုက်မယ်၊မင်းရှုပ်လို့မရတော့ဘူး အေးသွားရော၊သူနဲ့ မဆိုင်ပါဘူး၊ ဒီလိုပြဿနာမျိုးတွေ ထက်ဖြစ်လာမှာ ဆိုးလို့ပါ၊ ဒီအတွက် အိမ်ထောင်ပြုဖို့ မြန်သွားတာပါ၊အိမ်ထောင်ပြုဖို့ သေချာပေမယ့်လည်း ကျွန်တော် တကယ် ချစ်တဲ့သူ၊တအားချစ်တဲ့သူတွေ့မှ လက်ထပ်မှာပါ၊မဟုတ်ရင် ကျွန်တော် လက်မထပ်ပါဘူး”လို့ဆိုပါတယ်။

အလှမယ် သင်းသင်း၏ facebook ကိစ္စရပ်နဲ့ ပတ်သက်ပြီးတော့  ဝေဠုကျော်ကတော့ “ကျွန်တော် ဘယ်လိုမှ မသုံးသတ်ပါဘူး၊ ဒါသူရဲ့ စိတ်ကူးနဲ့ သူ့ရဲ့ဆန္ဒပါ၊ ကြိုက်တာလုပ်ကြပါ လောကကြီးမှာ စီးမျှောပြီး လျှောက်လှမ်းရမှာ ကျွန်တော်ရဲ့ တာဝန်ပါ၊ အောင်မြင်ခြင်း ၊ ကျရှုံးခြင်း ၊ နိုင်ခြင်း ၊ ရှုံးခြင်းတွေ ဆင်းရဲခြင်းချမ်းသာခြင်းတွေက တချိန်မှာ ပြီးသွားမှာပါ”ဟု ဖြည့်ဆွတ်ပြောပါတယ်။

#voiceofmyanmar#ဝေဠုကျော်#”ရည်းစားနဲ့ပြတ်လို့တရားစွဲခံရတာကျွန်တော်တစ်ယောက်ပါလို့ဆို#

ဓာတ်ပုံ- သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW