ဒေါက်တာအေးမောင်တို့အမှု ရခိုင်ပြည်နယ်တရားလွှတ်တော်ကို တင်ပြ

စစ်တွေ၊ ဒီဇင်ဘာ ၁၁- ၂၀၁၈

ခိုင်လင်းစံ (VOM)

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ရသေ့တောင်မြို့ဟောပြောပွဲမှာ ပြောကြားခဲ့တဲ့ ဟောပြောချက်တွေနဲ့ပတ်သက်လို့ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ နှစ်ဦးကို ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ၃၂ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး  စွဲဆိုထားတဲ့ပုဒ်မတွေဟာ ဥပဒေအရရော အကြောင်းအရာအရပါ လွဲမှားနေတာတွေရှိနေတဲ့ အတွက် စွဲချက်တွေကိုပြင်ဆင်ပေးဖို့ ရခိုင်ပြည်နယ်တရားလွှတ်တော်ကို ပြင်ဆင်ချက်တင်လိုက်တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ကိုစွဲဆိုထားတဲ့ စွဲချက်တွေမှာ မူလရုံးကစွဲဆိုခဲ့တာဟာ အကြောင်းအရာအရရော၊ ဥပဒေအရပါ လွဲမှားနေတာတွေရှိနေတယ်၊ ဒါကြာင့် ဒါတွေကိုပြင်ဆင်ဖို့တွက် ရခိုင်ပြည်နယ်တရားလွှတ်တော်ကို ပြင်ဆင်ခွင့်တင်လိုက်ပါတယ် ”လို့ ဒေါက်တာအေးမောင်က ပြောကြားခဲ့ပါတယ်။

ထို့နောက် ဒေါက်တာအေးမောင်တို့ဘက်က ရခိုင်ပြည်နယ်တရားလွှတ်တော်ကို ပြင်ဆင်ခွင့်လျှောက်ထားမှုမှာ ပထမတစ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ရာ အမှုသုံးမှုထဲက ပုဒ်မ ၁၇(၁)ကို ပယ်ချပေးခဲ့ပြီး ယခုအခါမှာ ဒုတိယအကြိမ်လျှောက်ထား ခြင်းဖြစ်ပါတယ်။

“အမှုကပြီးခါနီးနေပါပြီး။ အချိန်ကလည်း လာမယ့် ၁၇ ရက်နေ့ဆိုရင် ၁၁ လပြည့်မှာပါ။ ကျွန်တော်ကတော့ ဦးအေးမောင်တို့ အထဲမှာနေခဲ့ပြီးပြီမို့လို့ မဖြစ်ဖြစ်အောင်ပြစ်ဒဏ်ချတယ်ဆိုတာမျိုးတော့ မဖြစ်စေချင်ဘူး။”လို့ ဒေါက်တာအေးမောင်က ဆက်လက်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အစိုးရအနနဲ့ သူ့ကိုယခုလိုတရားစွဲဆိုခဲ့တဲ့အတွက် ဘာအကျိုးခံစားခွင့်မှမရှိဘဲ ပြည်သူတွေရဲ့အမုန်းတရား တွေကိုသာ ရရှိလိုက်ကြောင်း ဒေါက်တာအေးမောင်က ပြောဆိုခဲ့ပါတယ်။

#voiceofmyanmar#ဒေါက်တာအေးမောင်အမှု#ရခိုင်ပြည်နယ်လွှတ်တော်တင်ပြ#

Related posts

Leave a Comment

VOM News

FREE
VIEW