ဆရာများကို ကျောင်းဝင်ပေါက်စောင့်ခိုင်းမှု ပညာရေးဝန်ကြီးဌာနသို့ တိုင်ကြားမည်

မန္တလေး၊ ဒီဇင်ဘာ ၁၃-၂၀၁၈

လင်းလင်း(VOM)

ရတနာပုံ တက္ကသိုလ်မှာ ဆရာ ဆရာမတွေကို ကျောင်းအဝင်ပေါက် စောင့်ခိုင်းနေတာနှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနကို တိုင်ကြားမယ်လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများ အဖွဲ့ချုပ်)က ကျောင်းသားတွေက ပြောပါတယ်။

ရတနာပုံ တက္ကသိုလ် လုံခြုံရေး၊သန့်ရှင်းရေး ဝန်ထမ်းတိုးမြှင့် ခန့်ထားရေး၊သန့်စင်ခန်းတွေ ပြုပြင်ပေးရေးနှင့် ပတ်သက်ပြီး ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများ အဖွဲ့ချုပ်)မှ ကျောင်းသားတွေက နိုဝင်ဘာလ ၂၉ရက်နေ့မှာ ပထမအကြိမ် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ဆရာ၊ဆရာမတွေကို ကျောင်းအဝင်ပေါက်တွေမှာ စစ်ဆေးစောင့်ဆိုင်းမှုတွေ ပြုလုပ်ခိုင်းခဲ့တာဖြစ်တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

“အ.ဆ.ည ကထုတ်ထားပြီးသား၊ ဆရာဆရာမတွေကို ဂိတ်ပေါက်စောင့်ခိုင်းတာ မလုပ်ရဘူးလို့ ထုတ်ထားပြီးသား၊ ဒါကို ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်က ချိုးဖောက်ပြီး လုပ်တယ်ပေါ့နော်၊အဲ့ဒီတော့ ဒေါက်တာမောင်မောင်နိုင်ကိုလည်း ကျွန်တော်တို့ ဒီနေရာကနေ ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်၊ကျွန်တော်တို့က ညနေမှာ တိုင်စာပို့သွားမှာပါ၊ဒီ ဝန်ကြီးဌာနကိုပေါ့နော် “ဟု ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) မှ စည်းရုံးရေးမှူး ကိုရဲမျိုးဆွေက ပြောပါတယ်။

၎င်းတို့ရဲ့ တောင်းဆိုချက်တွေ နဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ နဲ့ ရတနာပုံတက္ကသိုလ် တာဝန်ရှိသူတွေက တုန့်ပြန်မှု မရှိတဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်နေတာဖြစ်ပြီး တောင်းဆိုမှုတွေကို ဆက်လက် ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar#ရတနာပုံ(ဗကသ)#ဆရာများကိုကျောင်းဝင်ပေါက်စောင့်ခိုင်းမှုပညာရေးဝန်ကြီးဌာနသို့တိုင်ကြားမည်#

Related posts

Leave a Comment

VOM News

FREE
VIEW