တူရကီမှာ မြန်နှုန်းမြင့်ရထားမတော်တဆမှုကြောင့် လူကိုးဦးသေဆုံး၊ ၄၀ ကျော်ဒါဏ်ရာရ

 

အန်ကာရာ၊ ဒီဇင်ဘာ-၁၃

မျိုးဆက် (VOM)

တူရကီနိုင်ငံမြို့တော် အန်ကာရာမှာရှိတဲ့ ဘူတာရုံတစ်ရုံမှာ  မြန်နှုန်းမြင့် မီးရထား တစ်စင်း မတော်တဆမှုဖြစ်ပွားခဲ့တာကြောင့် လူကိုးဦးထက်မနည်းသေဆုံးသွားပြီး လေးဆယ်ကျော် ထိခိုက်ဒါဏ်ရာရရှိသွားတယ်လို့ တူရကီ ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အခင်းဖြစ်ပွားရာနေရာက  ဆိုးရွားစွာပျက်စီးနေတဲ့  မီးရထားတွဲတွေထဲက လူတွေကို ကယ်ဆယ်ဖို့ အရေးပေါ်ဌာနက လုပ်ဆောင်လျက်ရှိပါတယ်။ အဆိုပါမြန်နှုန်းမြင့် မီးရထားဟာ  အခြားရထားတစ်စင်းနဲ့ တိုက်မိပြီးနောက် တိမ်းမှောက်သွားတယ်လို့ ဒေသခံအရာရှိတွေကို ကိုးကားပြီး ဒေသတွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။

မတော်တဆမှုမှာ ဒီဇင်ဘာ ၁၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၃၀ မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရထားဟာ  အန်ကာရာမြို့ကနေ တူရကီအနောက်ပိုင်းရှိ ကွန်ရာမြို့သို့ သွားရောက်မှာဖြစ်ပြီး အန်ကာရာရှိ ဘူတာကြီးကနေ ငါးမိုင်အကွာရှိ မာဆန်ဒိ မီးရထားဘူတာရုံမှာ မတော်တဆ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

လူ ၄၃ ဦးမှာ ထိခိုက်ဒါဏ်ရာရရှိခဲ့ပြီး တူရကီနိုင်ငံသားကိုးဦးကတော့  ကံအကြောင်းမလှစွာ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး ဗာဆစ်ဆာဟင်က သတင်းထောက်တွေကို ပြောပါတယ်။

ဇူလိုင်လအတွင်းကလည်း တူရကီနိုင်ငံ အနောက်မြောက်ပိုင်းရှိ ကာပီကူလန်းမြို့ကနေ အစ္စတန်ဘူသို့ သွားရောက်တဲ့  မီးရထားတစ်စင်းလမ်းချော်မှုဖြစ်ပွားတာကြောင့် လူ ၂၄ ဦးသေဆုံးခဲ့ပါတယ်။

#voiceofmyanmar#တူရကီ#မြန်နှုန်းမြင့်ရထားမတော်တဆမှုကြောင့်လူကိုးဦးသေဆုံး#

Ref : RT

Photo : Getty Image

Related posts

Leave a Comment

VOM News

FREE
VIEW