တောင်ဇလပ်ပင်နှင့် အပွင့်များ ထိန်းသိမ်းရေး လှုပ်ရှားမှု ပြုလုပ်

တီးတိန် ဒီဇင်ဘာ ၁၃-၂၀၁၈

မိုင်ချယ်ရီ(VOM)

ချင်းပြည်နယ် တီးတိန်မြို့နယ် အတွင်းမှာ ရှိတဲ့ ကနေဒီတောင်တန်းပေါ်မှာ ပေါက်ရောက်တဲ့ တောင်ဇလပ်ပင်များ မခုတ်ရန် နှင့် တောင်ဇလပ်ပန်းပွင့်များကို မခူးယူစေရေး လှုပ်ရှားမှု အနေနဲ့ ကနေဒီစိမ်းလန်းစိုးပြေရေးအဖွဲ့က ဦးဆောင်ပြီးတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ပြည်နယ်၏ သဘာဝအလှကို ထိန်းသိမ်းကြပါစို့ ဆိုတဲ့ စာသာတွေ ပါဝင်တဲ့ ဗီနိုင်းပိုစတာတွေ တောင်တန်းတစ်လျှောက်မှာ ရှိတဲ့ သစ်ပင်တွေမှာ လိုက်လံ ကပ်ထားတဲ့ လှုပ်ရှားမှု ကို ပြုလုပ်ခဲ့တယ်လို့ ကနေဒီစိမ်းလန်းစိုပြေရေးအဖွဲ့ မှ ဦးလှိုင်အောင် က ပြောပါတယ်။

ပြည်နယ်၏ သဘာဝအလှကို ထိန်းသိမ်းကြပါစို့ ဆိုတဲ့ စာသားတွေ ပါဝင်တဲ့ ချင်းဘာသာနဲ့ရော မြန်မာဘာသာ နဲ့ပါ ရေးထိုးထားတဲ့ ဗီနိုင်းအသေး အခု (၅၀)ကို ကနေဒီတောင်းတန်းတစ်လျှောက်မှာ ကပ်ထားခဲ့တာ ဖြစ်ပြီး ပြည်နယ်၏ သဘာဝအလှကို မဖျက်ဆီးပါနဲ့ ဆိုတဲ့ စာသားတွေ ပါဝင်ပြီး ယခင်နှစ် ခရစ္စမတ်ကာလ က ခရစ္စမတ်ပွဲတော် မှာ အသုံးပြုဖို့ တောင်ဇလပ်ပင်ကို ကိုင်းလိုက်ခုတ်ယူပြီး ဂျစ်ကားနဲ့ သယ်ဆောင်နေတဲ့ ပုံ ပါ ဗီနိုင်းအကြီး (၅)ချပ် ကို ကလေးမြို့ နဲ့ တီးတိန်မြို့ဆက်သွယ်သွားလာတဲ့ ကားလမ်းဘေး ကနေဒီတောင်တန်း တစ်လျှောက်မှာ ရှိတဲ့ ကျေးရွာတွေမှာလည်း လိုက်လံ ကပ်ထားခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဦးလှိုင်အောင် က”တောင်ဇလပ်ပင်တွေ မပြုန်းတီးဖို့ အခုလို အလှအပတွေ မချိုးဖျက်ဖို့။တောင်ဇလပ်နဲ့ အောက်ချင်းငှက်ဆိုတာ ချင်းတွေ ရဲ့ အမှတ်လက္ခဏာလေ။ဒီအမှတ်လက္ခဏာတွေ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်စေချင်တဲ့ သဘောပါ” လို့ ပြောပါတယ်။

Rhododendron (ခေါ်) တောင်ဇလပ်ပန်း သည် ချင်းပြည်နယ်တွင် မျိုးစိတ်ပေါင်း ၁၈ မျိုး ခန့်ရှိပြီး တောင်ဇလပ်ဖြူပင်သည် ဧပြီလကုန်မှ ဇွန်လအထိ ပွင့်ကြပြီး တောင်ဇလပ်နီပင် ကတော့ ဒီဇင်ဘာလ မှ စတင် ဖေဖော်ဝါရီလ အထိ ပွင့်ပါတယ်။

ချင်းပြည်နယ် တီးတိန်မြို့နယ် အတွင်းမှာ ရှိတဲ့ ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း ၆၀၀၀ကျော်မှာ ရှိတဲ့ ကနေဒီတောင်တန်းဟာဆိုရင် ချင်းပြည်နယ်မှာ ရှိတဲ့ အသဲနှလုံးပုံ ရိဒ်ရေအိုင် ကို သွားတဲ့ ကလေး-တီးတိန်ကားလမ်း မှာ တည်ရှိတာဖြစ်ပြီး ဒီတောင်ပေါ်မှာ ကနေဒီ စိမ်းလန်းစိုပြေရေးအဖွဲ့ ကနေပြီးတော့ ၂၀၁၆ ခုနှစ် ထဲမှာ တောင်ဇလပ်ပင် ပေါင်း အပင် ၂၀၀ ကျော် စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar#ချင်းပြည်နယ်#တောင်ဇလပ်ပင်ထိန်းသိမ်းရေးလှုပ်ရှားမှု#

Photo.Green Kennedy

 

Related posts

Leave a Comment

VOM News

FREE
VIEW