စအိုအတွင်း မူးယစ်ဆေးဝါး ဝှက်သယ်လာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဖမ်းမိ

ကလေး ဒီဇင်ဘာ ၁၈-၂၀၁၈

မိုင်ချယ်ရီ(VOM)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အတွင်းမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းက တမူး-ကလေး ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်ပေါ်ကနေ လိုက်လာတဲ့ ခရီးသည်တွေကို စစ်ဆေးခဲ့ရာ စအိုအတွင်း ဝှက်ပြီး သယ်လာတဲ့ မူးယစ်ဆေးဝါးတွေကို အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးထံ ကနေ ဖမ်းဆီးရမိခဲ့တယ်လို့ ကလေးမြို့ မူးယစ်တပ်ဖွဲ့စု (၅) ကနေ သိရပါတယ်။

တမူး-ကလေး ကားလမ်းဘေးမှာ ရှိတဲ့ ကလေးမြို့နယ် ကံလှကျေးရွာအနီးမှာ တမူးမြို့ဖက်ကနေပြီးတော့ ကလေးမြိုဖက်ကို မောင်းနှင်လာတဲ့ ချင်းတောင်တန်းခရီးသည်တင်ယာဉ်လိုင်း မှ ယာဉ်နံပါတ် SGG-5M/5981 ကို စစ်ဆေးခဲ့ရာမှ ယာဉ်ပေါ်မှာလိုက်ပါလာတဲ့ မသူဇာဝင်း(၃၇) နှစ် ရဲ့ စအို အတွင်း ငွေကျပ် ၈ သောင်းကျပ် တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေကိုလည်ကောင်း၊ယင်းကားပေါ်မှာ လိုက်ပါလာတဲ့ ဦးမောင်မွှေး(၄၈) နှစ် ရဲ့ စအိုအတွင်းကနေ ငွေကျပ် ၅ သိန်း တန်ဖိုးရှိတဲ့ ဘိန်းဖြူ တို့ကိုလည်ကောင်း ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ဒီလို မူးယစ်ဆေးဝါးတွေ နဲ့ အတူ ဖမ်းဆီးရမိခဲ့တဲ့ သူနှစ်ဦး ထဲကနေ အမျိုးသမီးဖြစ်သူကို ကလေးမြို့မရဲစခန်း က မယ(ပ)၁၈၂/၂၀၁၈ ၊ မူးစိတ်ပုဒ်မ – ၁၆(ဂ) ဖြင့်လည်ကောင်း အမျိုးသားဖြစ်သူကို မယ(ပ)၁၈၃/၂၀၁၈ ၊ မူးစိတ်ပုဒ်မ-၁၉(က)ဖြင့် လည်ကောင်း အသီးသီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar#ကလေးမြို့# စအိုအတွင်းးဝှက်သယ်လာတဲ့မူးယစ်ဆေးဝါးမိ#

Related posts

Leave a Comment

VOM News

FREE
VIEW