ခရစ်တော်မွေးနေ့ အမှတ်​တရ သံဃာအပါး (၁၀၀)ဆွမ်းကပ်

ကလေး၊ ဒီဇင်ဘာ ၂၁-၂၀၁၈

မိုင်ချယ်ရီ(VOM)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သဇင်ရပ်ကွက်မှာ ရှိတဲ့ RC ခရစ်​ယာန်​ ဘုန်းတော်ကြီး ကျောင်းဝန်း(ရိုမန်ကက်သလစ် အသင်းတော်)အတွင်းထဲမှာ ခရစ်တော်မွေးနေ့အမှတ်​တရအဖြစ် ကလေးမြို့နယ်မှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး သံဃာ အပါး၁၀၀ ကို RC ခရစ်​ယာန်​ ဘာသာဝင် ဘုန်းတော်ကြီးတွေက ဒီဇင်ဘာလ ၂၁ ရက်နေ့. နံနက် ၁၁ နာရီ အချိန်မှာ နေ့ဆွမ်းဆပ်ကပ်ခဲ့ပါတယ်။

ဒီလို ဆွမ်းကပ်တာနဲ့ ပတ်သတ်လို့”အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ကို သယ်ဆောင်လာတဲ့ ငြိမ်းချမ်းခြင်း ပျော်ရွှင်ခြင်း ချစ်ခြင်းမေတ္တာ အဲ့ဒါတွေကို ဝေမျှတဲ့ အနေနဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်” လို့ ကလေးမြို့ဂိုဏ်းအုပ်ဆရာတော် ဖဲလစ်လျန်ခင်းထန် က ပြောပါတယ်။

ကလေးမြို့နယ်မှာ ရှိတဲ့ရိုမန်ကက်သလစ် အသင်းတော် ကျောင်းတိုက်ထဲမှာခရစ်တော်မွေးနေ့ အမှတ်​တရ သံဃာ အပါး ၁၀၀ ကို ဆွမ်းကပ်လှူဒါန်းတာကို ၂၀၁၆ ခုနှစ်ထဲက စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဒါနဲ့ဆိုရင် သုံးနှစ်ဆက်တိုက် ရှိပြီလို့လည်း သိရပါတယ်။

#voiceofmyanmar#ခရစ်တော်မွေးနေ့#သံဃာအပါး(၁၀၀)ဆွမ်းကပ်#

 

Related posts

Leave a Comment

VOM News

FREE
VIEW