မန္တလေး၊ ဒီဇင်ဘာ ၁၄-၂၀၁၈ ဟိန်းကို(VOM) မန္တလေးမြို့မှာ ယနေ့နံနက် ၂နာရီကျော်က ချမ်းအေးသာစြံမို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊ အကွက်အမှတ် ၂၈၇ ၊ တိမ်ပြာတန်းရပ် က လျှပ်စစ်ပစ္စည်းတွေသိုလှောင်တဲ့ ဂိုဒေါင်အတွင်းမှာ သွယ်တန်းထားတဲ့ လျှုပ်စစ်ပလပ်ခုံအပူလွန်ကဲပြီး အနီးရှိခြင်ဆေးခွေ ဂျပ်ဖာများပေါ်ကို မီးပွားလွင့်စင်ရာမှ မီးလောင်ကျွမ်းခဲ့ရခြင်း ဖြစ်တယ်လို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာန က သိရပါတယ်။ မီးလောင်မှုကြောင့် လျှပ်စစ်ပစ္စည်းတွေသိုလှောင်ထားတဲ့ ဂိုဒေါင်တစ်လုံး နဲ့ ပရဆေး ၊ ဓာတ်မြေသြဇာအိတ် နဲ့ ရေချိုးခန်းသုံးပစ္စည်းတွေ သိုလှောင်ထားတဲ့ ဂိုဒေါင်တစ်လြံး မီးလောင်းဆုံးရှုံးခဲ့ပြီး တန်ဖိုးငွေကျပ် သိန်းတစ်ထောင့်ခုနှစ်ရာငါးသိန်းခြောက်သောင်းနှစ်ထောင် ဆုံးရှုံးခဲ့ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာရ(မစိုးရိမ်ရ) ခဲ့ပါတယ်။ မီးလောင်မှုကြောင့် ဂိုဒေါင်တာဝန်ခံ အား နယ်မြေခံအမှတ်(၆)ရဲစခန်းက ( ပ-၆၈၄\၂၀၁၈ ) ပုဒ်မ ၂၈၅ ( မီးနှင့်သို့တည်းမဟုတ် မီးလောင်လွယ်သောအရာဝတ္ထု နှင့် စပ်လျဉ်း၍ ပေါ့ဆခြင်း)ဖြင့်…
Read MoreYear: 2018
နုပျိုနေတဲ့လျှို့ဝှက်ချက်ကို ဖွင့်ပြောလာတဲ့ ခိုင်သင်းကြည်
ရန်ကုန် ဒီဇင်ဘာ ၁၄-၂၀၁၈ သင်းသဒ္ဒါ(VOM) သမီးဖြစ်သူနဲ့ အပြိုင်လှနေတဲ့ အကယ်ဒမီ ခိုင်သင်းကြည်ကတော့ နုပျိုနေတဲ့လျှို့ဝှက်ချက်ကို ဖွင့်ပြောလာပါတယ်။ ခုချိန်ထိနုပျိုနေတဲ့ လျှို့ဝှက်ချင်ကရော “မခိုင်လေးက အဓိကဘ၀မှာ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းတဲ့အတွက်ပဲထင်ပါတယ်၊ဘာဆေးမှလည်း မစားဘူး၊ဘာဆေးမှလည်း မထိုးပါဘူး၊ဘာမှလည်း မသောက်ပါဘူး၊အသားဖြူဆေးတို့၊ ဘာနုဆေးတို့ပေါ့၊ ဘာလို့လဲဆိုတော့ ကြောက်လို့လေ၊ကိုယ့်က အသက်အရွယ်လည်း ကြီးလာပြီးလေ၊ဆေးတွေက အိုဗာများသွားရင်ရောဂါဖြစ်မှာကြောက်တယ်၊ လူတစ်ယောက်က ကျန်းမာရေး ကအဓိကပဲလေ၊ ကင်ဆာရောဂါတွေလည်း ကြောက်တယ်၊ခန္ဓာကိုယ်မှာ မလိုအပ်တာတွေ ထည့်ရမှာလည်း ကြောက်တယ်၊ အဓိကပျော်ပျော်နေတတ်အရာလေးပါ”လို့ဆိုပါတယ်။ လက်ရှိမှာတော့ စိန်ဂေါ်လီမ ယောက်ျားဇာတ်ကားကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးနဲ့ ကျော်ရဲအောင်၊ ပြေတီဦး၊ စိုးမြတ်သူဇာ၊ ဆုအိမ့်စံ၊ သူရိယ စတဲ့အနုပညာအတူ ဟာသပုံစံလေး ရိုက်ကူးနေထားတယ်လို့ သိရပါတယ်။ ဒီ”စိန်ဂေါ်လီမ ယောက်ျား” ရုပ်ရှင်မှာတော့ ရိုးသားတဲ့ တောသူ၊ မိန်းမ နောက်ပိုးပုံစံနဲ့ ပါဝင် သရုပ်ဆောင်ဖို့ ရှိပါတယ်။…
Read Moreရုရှားအပေါ် အီးယူရဲ့ အရေးယူပိတ်ဆို့မှု ထပ်မံသက်တမ်းတိုး
ဘရပ်ဆယ်၊ ဒီဇင်ဘာ ၁၄-၂၀၁၈ မျိုးဆက် (VOM) ရုရှားနိုင်ငံအပေါ် ဥရောပသမဂ္ဂ ( အီးယူ) က ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို နောက်ထပ် ခြောက်လသက်တမ်းတိုးသွားမယ်လို့ ဥရောပကောင်စီဥက္ကဌ ဒေါ်နယ်တပ်က ဒီဇင်ဘာ ၁၃ ရက်မှာ ၎င်းရဲ့ တွစ်တာစာမျက်နှာမှတစ်ဆင့် ကြေညာပါတယ်။ ဒီလို အရေးယူပိတ်ဆို့မှု ထပ်မံသက်တမ်းတိုးခြင်းအတွက် ဘရပ်ဆယ်မှာ ပြုလုပ်တဲ့ အီးယူဆွေးနွေးပွဲမှာ အဖွဲ့ဝင်နိုင်ငံများအားလုံးက တညီတညွတ်တည်းဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။ ယူကရိန်းနဲ့ ယူကရိန်းအရှေ့ပိုင်းရှိ သမ္မတနိုင်ငံအဖြစ်တစ်ဖက်သတ်ကြေညာထားတဲ့ ဒေသတို့အကြား သဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုလုံးဝမရှိတာကြောင့် အရေးယူပိတ်ဆို့မှုတွေကို သက်တမ်းတိုးလိုက်တာဖြစ်တယ်လို့ ဒေါ်နယ်တပ်က ပြောပါတယ်။ ယူကရိန်းနိုင်ငံ ကရိုင်းမီးယားဒေသကို ရုရှားက တိုက်ခိုက်သိမ်းယူလိုက်တာနဲ့ ယူကရိန်းမှာဖြစ်ပွားတဲ့ စစ်ရေးပဋိပက္ခတွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ၂၀၁၄ ခုနှစ်က ရုရှားနိုင်ငံအပေါ် အီးယူက ပထမဆုံးအကြိမ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ အရေးယူပိတ်ဆို့မှုချမှတ်ရာမှာ ရုရှားရဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ဘဏ္ဍာရေး၊…
Read Moreဒေါက်တာအေးမောင်တို့အမှုမှာ စာရေးဆရာဝေဟင်အောင်ဘက်က အမှုခြေဖျက်ဖို့ လျှောက်လဲချက်ပေး
စစ်တွေ၊ ဒီဇင်ဘာ ၁၄-၂၀၁၈ ခိုင်လင်းစံ (VOM) နိုင်ငံတော်ပုန်ကန်မှုအပါအဝင် ပုဒ်မသုံးခုနဲ့တရားစွဲဆိုခံခဲ့ရပြီး ၁၁ လအကြာ အမှုရင်ဆိုင်နေခဲ့ရတဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့အမှုမှာ စွဲဆိုထားတဲ့ပုဒ်မတွေကို ခြေဖျက်ပေးဖို့ စာရေးဆရာဝေဟင်အောင်ဘက်က ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ လျှောက်လဲချက်ပေးခဲ့ပါတယ်။ အဲဒီအမှုနဲ့ပတ်သက်လို့ စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာ တရားလိုပြသက်သေတွေရဲ့ ထွက်ဆိုချက်တွေဟာ ကွဲလွဲမှုတွေရှိနေ ပြီး သက်သေခံပစ္စည်းတွေအဖြစ် တင်သွင်းထားတာတွေဟာလည်း အစစ်အမှန်မဟုတ်တဲ့အတွက် အကြောင်းခြင်းရာနဲ့ ဥပဒေပိုင်းမှာ ကိုက်ညီမှုမရှိတဲ့အတွက် ကျန်ရှိနေတဲ့ပုဒ်မနှစ်ခုစလုံးကို ပါယ်ဖျက်ပေးဖို့ ရခိုင်ပြည်နယ် တရားလွှတ်တော်မှာ အပြီးသတ်လျှောက်လဲချက်ပေးခဲ့တာဖြစ်ပါတယ်။ “တစ်နေ့တည်းတစ်ချိန်တည်းမှာ လူတစ်ယောက်တည်းက ဟောပြောခဲ့တဲ့ အကြောင်းခြင်းရာတစ်ခုတည်းကို ပုဒ်မသုံးခုနဲ့တရားစွဲဆိုခဲ့တယ်၊ တစ်မှုကတော့ စွဲချက်မတင်ဘဲ လွှတ်ပေးခဲ့တယ်၊ နှစ်မှုကျန်နေတယ်၊ အဲဒီဟာကိုနှစ်က နိုင်ငံသားတစ်ဦးရဲ့ ခံစားပိုင်ခွင့်တွေဆုံးရှုံးနေတာဖြစ်တယ်၊ ဥပဒေအရမှားယွင်းမှုဖြစ်တယ်၊ တရားစီရင်ရေးတိမ်းစောင်း နေတယ်။ ဒါကြောင့် အမှုကို ပါယ်ဖျက်ပေးဖို့အတွက် လျှောက်လဲချက်ပေးခဲ့တာပါ ”လို့ စာရေးဆရာဝေဟင်အောင်ရဲ့ ရှေ့နေ…
Read More‘အချစ်ဆိုတာဘာမှန်းတောင် မသိတော့ဘူးဆိုတဲ့ မိစန္ဒီ”
ရန်ကုန် ဒီဇင်ဘာ ၁၄-၂၀၁၈ သင်းသဒ္ဒါ(VOM) ဝဝကစ်ကစ်လေးချစ်စရာကောင်းတဲ့ အဆိုတော် မိစန္ဒီကတော့ “ရင့်ကျက်လာတဲ့ အတွက် အချစ်သီချင်းတွေလည်းဆိုတာနည်းတယ်၊ ချစ်လဲမချစ်ချင်တော့ဘူး၊ အချစ်ဆိုတာဘာမှန်းတောင်မသိတော့ဘူး၊စိတ်ညစ်တယ်”လို့ဆိုလာပါတယ်။ ဂီတအကြောင်းအရာလေးတွေနဲ့ ပတ်သက်ပြီးတော့”အကြောင်းအရာကအစ ပြောင်းသွားတယ်၊စကားလုံးကအစပြောင်းသွားတယ်၊အရင်ကသီချင်းတွေဆို ကလေးဆန်လိုက်တာလို့တွေးတာတွေရှိတယ်၊ပြီးတော့ကြိုက်တဲ့ music ပုံစံလည်းပြောင်းသွားတာပေါ့နော်၊ပြီးတော့ပိုပြီးလည်း ဂျီးများလာတယ်”လို့ဆိုပါတယ်။ အဆိုတော် မိစန္ဒီနဲ့သူငယ်ချင်းတွေ စုပေါင်းဖွင့်လှစ်ထားတဲ့ “Bur Dubai2 (or) Theatre 2 By BurDubai” Bar & Restaurant ဆိုင်ဖွင့်ပွဲကိုတော့ ဒီဇင်ဘာ၁၂ ရက်နေ့က ရန်ကုန်မြို့ ရန်ကင်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ဒါအပြင် မတ်လမှာတော့ သူမရဲ့ စတုတ္ထမြောက်တစ်ကိုယ်တော်ခွေထွက်ဖို့ရှိတယ်လို့ ဆိုပါတယ်။ #voiceofmyanmar#မိစန္ဒီ# ဓာတ်ပုံ – မိစန္ဒီ facebook
Read Moreရခိုင်ရိုးရာရက္ကန်းလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်သူများပြားလာ
စစ်တွေ၊ ဒီဇင်ဘာ ၁၄-၂၀၁၈ ခိုင်လင်စံ(VOM) ရခိုင်ပြည်နယ်အတွင်း ရိုးရာရက္ကန်းလုပ်ငန်းတွေ တိမ်ကောနေခဲ့ပြီး အခုနှစ်တွေမှာ ရိုးရာအထည်တွေကို အသုံးပြုမှုများပြားလာခဲ့တဲ့အတွက် ရခိုင်ရိုးရာရက္ကန်းလုပ်ငန်းလုပ်ကိုင်သူတွေည်း များပြားလာနေတာဖြစ်ပါတယ်။ ရိုးရာအထည်တွေဟာ ဈေးကွက်အတွင်း တွင်ကျယ်လာသလို ရပ်နားထားခဲ့ရတဲ့ ရက္ကန်းလုပ်ငန်းတွေလည်း ပြန်လည်လည်ပတ်မှုရှိလာတာကြောင့် ဒေသတွင်းက အမျိုးသမီးငယ်တွေအတွက် ပုံမှန်ဝင်ငွေတွေရရှိကြပြီး တွက်ခြေကိုက်နေကြတာဖြစ်ပါတယ်။ “ကျွန်မက ၁၆ နှစ်အရွယ်ကနေ ဒီရက္ကန်းခတ်တာပါ၊အခုဆိုရင် တစ်ရက်ကို လုံချည် တစ်ထည်နှုန်းပြီးနိုင်ပါပြီ၊ တစ်လကို ၂ သိန်း၊ ၃ သိန်းအဲလိုရတာပေါ့၊ ဒီရွာမှာက ရက္ကန်းခတ်သူတွေအများကြီးပါ၊ တစ်အိမ်ကို ရက္ကန်းစင်နှစ်စင်သုံးစီ အဲလိုရှိကြတယ်”လို့ ကံ့ကော်ကျွန်းကျေးရွာက မစိုးစိုးစံက ပြောပါတယ်။ ရက္ကန်းခတ်သူတွေအနေနဲ့ လုပ်ငန်းရှင်တွေဆီက ပေးတဲ့ချည်တွေနဲ့ အိမ်တွင်းမှုလုပ်ငန်းတွေအဖြစ် ရက်လုပ်ကြတာ ဖြစ်ပြီးတော့ လုံချည်တစ်ထည်ကို ရက်လုပ်ခအဖြစ် ကျပ် ၅၀၀၀ ကနေ ၁၅၀၀၀ အထိရရှိကြတာဖြစ်ပါတယ်။ “အခုလိုမျိုး ကိုယ့်အိမ်မှာနေပြီးတော့ ရက္ကန်းခတ်နေလို့ ဝင်ငွေတွေရနေတယ်ဆိုတော့ ပိုကောင်းတာပေါ့နော်၊…
Read Moreအင်္ဂလိပ်သီချင်းခွေထုတ်တာနဲ့ ပတ်သက်ပြီး ပြောလာတဲ့ အိမ့်ချစ်
ရန်ကုန် ဒီဇင်ဘာ ၁၃-၂၀၁၈ သင်းသဒ္ဒါ(VOM) ပရိသတ်အချစ်တော် အဆိုတော် အိမ့်ချစ်ကတော့ “Slay”Audio CD Albumက အိမ့်ချစ်အနေနဲ့ ဂီတကို ပြောင်းလဲမှုတစ်ခု ဖန်တီးဖြစ်တာပါလို့ဆိုပါတယ်။ အင်္ဂလိပ် သီချင်းခွေလေးထုတ်ဖြစ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့”အဓိကတော့ အိမ့်ချစ်ရဲ့ ဘ၀မှတ်တိုင်အဖြစ်နဲ့ ထုတ်ဖြစ်တာပါ၊ အင်တာနေရှင်နယ်ကို ထိုးဖောက်နိုင်မယ့် အခွင့်အရေးလေးကို တစ်ထောင်တစ်နေရာက ကြိုးစားခဲ့တယ်ဆိုတဲ့ မှတ်တမ်းလေးတစ်ခုရှိချင်တယ်၊ အိမ့်ချစ် ရဲ့ အခွေတွေက မဖြစ်မနေအောင်မြင်ရမယ်ဆိုတဲ့ ကြီးကြီးကျယ်ကျယ် စဉ်းစားပြီးလုပ်တာ မဟုတ်ပါဘူး၊ အိမ့်ချစ်ရဲ့ အခွေသည် နိုင်ငံတကာအဆင့်မီအောင် ကြိုးစားပြီး လုပ်ဆောင်ကြည့်တာပါ၊ အိမ့်ချစ် က လည်း ပြည်ပမှာလည်း ကျယ်ပြန့်ပြီးတော့ တစ်ထောင်တစ်နေရာက ကူညီတဲ့သဘောနဲ့ လုပ်ဆောင် ဖြစ်တာပါ၊ တကယ်ကိုနိုင်ငံတစ်ကာအဆင့်အတန်းမှီအောင် ရေးထားပါတယ်”လို့ဆိုပါတယ်။ သူမကတော့ဂီတသက်တမ်း(၁၄)နှစ်ရှိပြီး မဖြစ်နိုင်ဘူးဆိုတဲ့ စိတ်ကြီးကဖြစ်ခဲ့ပေမယ့်လည်း နောက်ပိုင်းကျတော့ အိမ့်ချစ်ထက်သတ္တိပိုရှိတဲ့လူငယ်တွေ ထွက်လာကြတယ် ၊အင်္ဂလိပ်လိုတွေရေးထုတ်ကြတယ်သူပေါ်လာတဲ့ အင်အားတစ်ခုဖြစ်လာစေခဲ့ တယ်လို့သိရပါတယ်။ ”ဂီတလောကအတွက်ကို တာဝန်ရှိတဲ့…
Read Moreတူရကီမှာ မြန်နှုန်းမြင့်ရထားမတော်တဆမှုကြောင့် လူကိုးဦးသေဆုံး၊ ၄၀ ကျော်ဒါဏ်ရာရ
အန်ကာရာ၊ ဒီဇင်ဘာ-၁၃ မျိုးဆက် (VOM) တူရကီနိုင်ငံမြို့တော် အန်ကာရာမှာရှိတဲ့ ဘူတာရုံတစ်ရုံမှာ မြန်နှုန်းမြင့် မီးရထား တစ်စင်း မတော်တဆမှုဖြစ်ပွားခဲ့တာကြောင့် လူကိုးဦးထက်မနည်းသေဆုံးသွားပြီး လေးဆယ်ကျော် ထိခိုက်ဒါဏ်ရာရရှိသွားတယ်လို့ တူရကီ ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အခင်းဖြစ်ပွားရာနေရာက ဆိုးရွားစွာပျက်စီးနေတဲ့ မီးရထားတွဲတွေထဲက လူတွေကို ကယ်ဆယ်ဖို့ အရေးပေါ်ဌာနက လုပ်ဆောင်လျက်ရှိပါတယ်။ အဆိုပါမြန်နှုန်းမြင့် မီးရထားဟာ အခြားရထားတစ်စင်းနဲ့ တိုက်မိပြီးနောက် တိမ်းမှောက်သွားတယ်လို့ ဒေသခံအရာရှိတွေကို ကိုးကားပြီး ဒေသတွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။ မတော်တဆမှုမှာ ဒီဇင်ဘာ ၁၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၃၀ မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရထားဟာ အန်ကာရာမြို့ကနေ တူရကီအနောက်ပိုင်းရှိ ကွန်ရာမြို့သို့ သွားရောက်မှာဖြစ်ပြီး အန်ကာရာရှိ ဘူတာကြီးကနေ ငါးမိုင်အကွာရှိ မာဆန်ဒိ မီးရထားဘူတာရုံမှာ မတော်တဆ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လူ ၄၃…
Read More၂၀ကျော် အစိတ်ပိုင်းပေမယ့် အရွယ်တော်တစ်စိတ် မဟိုင်းသေးတဲ့ မမတွေလိုပဲ ၊ စွဲဆောင်မှု အပြည့်ရှိဦး မယ်လို့ ဆိုတဲ့စိုင်းစိုင်း
ရန်ကုန် ဒီဇင်ဘာ ၁၃-၂၀၁၈ သင်းသဒ္ဒါ(VOM) ပရိသတ်အချစ်တော် သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းကတော့ “၂၀ကျော် အစိတ်ပိုင်းပေမယ့် အရွယ် တော်တစ်စိတ် မဟိုင်းသေးတဲ့ မမတွေလိုပဲ ၊ စွဲဆောင်မှုအပြည့်ရှိဦးမယ်လို့ ယုံကြည်ပါတယ်လို့ဆိုပါတယ်။ ရည်းစားတစ်ဝမ်းကွဲ ဇာတ်ကားနဲ့ ပတ်သတ်ပြီးတော့ ” ဒီဇာတ်ကားက ကျွန်တော်ဒီကားကို လွန်ခဲ့တဲ့ ၆နှစ်ကျော်ကရိုက်ထားတာပါ၊ အခုပြန်ကြည့်တဲ့အချိန်မှာလည်း မဟောင်းသေးဘူး၊ ကြည့်ရတာလတ်ဆတ်နေ တုန်းပဲရှိသေးတယ်၊ ဘယ်သူ့မှမကြည့်ရသေးဘူး၊ အဲ့ဒါကြောင့် ကျွန်တော်ကအပျိုကြီးမမနဲ့တူတယ် ဆိုပြီးတော့ ချစ်စနိုးလေးနဲ့တင်စားထားတာပါ၊ အခုမှရိုက်ထားတဲ့ ကားလိုမျိုး အစမ်းကြီးတော့ ခေတ်မမီ တော့ဘူးပေါ့နော်၊ ဒါပေမယ့် မကြည့်ရသေးတဲ့အခါ ကျတော့အသစ်ပဲ”လို့ ဆိုပါတယ်။ သူ့ကတော့ Franzo , Heart & Soul Flim Production ရဲ့ အချစ်ဒရာမာဇာတ်လမ်းပုံစံ နဲ့ “ရည်းစားတစ်ဝမ်းကွဲ”ရုပ်ရှင်ဒီဇာတ်ကားထဲမှာ သူဌေးသားလးချမ်းသာတစ်ယောက်နေရာက ပါဝင်သရုပ်ဆောင် ထားတာလည်း ဖြစ်ပါတယ်။ဒီဇင်ဘာ ၂၁ရက်တွင်…
Read Moreဆရာများကို ကျောင်းဝင်ပေါက်စောင့်ခိုင်းမှု ပညာရေးဝန်ကြီးဌာနသို့ တိုင်ကြားမည်
မန္တလေး၊ ဒီဇင်ဘာ ၁၃-၂၀၁၈ လင်းလင်း(VOM) ရတနာပုံ တက္ကသိုလ်မှာ ဆရာ ဆရာမတွေကို ကျောင်းအဝင်ပေါက် စောင့်ခိုင်းနေတာနှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနကို တိုင်ကြားမယ်လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများ အဖွဲ့ချုပ်)က ကျောင်းသားတွေက ပြောပါတယ်။ ရတနာပုံ တက္ကသိုလ် လုံခြုံရေး၊သန့်ရှင်းရေး ဝန်ထမ်းတိုးမြှင့် ခန့်ထားရေး၊သန့်စင်ခန်းတွေ ပြုပြင်ပေးရေးနှင့် ပတ်သက်ပြီး ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများ အဖွဲ့ချုပ်)မှ ကျောင်းသားတွေက နိုဝင်ဘာလ ၂၉ရက်နေ့မှာ ပထမအကြိမ် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ဆရာ၊ဆရာမတွေကို ကျောင်းအဝင်ပေါက်တွေမှာ စစ်ဆေးစောင့်ဆိုင်းမှုတွေ ပြုလုပ်ခိုင်းခဲ့တာဖြစ်တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။ “အ.ဆ.ည ကထုတ်ထားပြီးသား၊ ဆရာဆရာမတွေကို ဂိတ်ပေါက်စောင့်ခိုင်းတာ မလုပ်ရဘူးလို့ ထုတ်ထားပြီးသား၊ ဒါကို ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်က ချိုးဖောက်ပြီး လုပ်တယ်ပေါ့နော်၊အဲ့ဒီတော့ ဒေါက်တာမောင်မောင်နိုင်ကိုလည်း ကျွန်တော်တို့ ဒီနေရာကနေ ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်၊ကျွန်တော်တို့က ညနေမှာ တိုင်စာပို့သွားမှာပါ၊ဒီ ဝန်ကြီးဌာနကိုပေါ့နော် “ဟု ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) မှ…
Read More