တိုရွန်တို၊ ဒီဇင်ဘာ ၂၀-၂၀၁၈ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာ သုံးဦးမြောက် ကနေဒါနိုင်ငံသားတစ်ဦး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီး အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လွန်စွာ စိုးရိမ်မကင်းဖြစ်မိတယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒေါက ပြောဆိုလိုက်ပါတယ်။ ယခုလအစောပိုင်းက တရုတ်ဆက်သွယ်ရေးကုမ္ပဏီ ဟွာဝေးရဲ့ ထိပ်တန်းတာဝန်ရှိသူတစ်ဦးကို ကနေဒါနိုင်ငံက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် နှစ်နိုင်ငံအငြင်းပွားမှုတွေ ကြီးထွားလာစဉ်မှာဘဲ တရုတ်နိုင်ငံက သုံးဦးမြောက် ကနေဒါနိုင်ငံသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။ ဒီလို ဖမ်းဆီးလိုက်တာဟာ တရုတ်နိုင်ငံမှာ မကြာသေးမီက အခြားကနေဒါနိုင်ငံသားနှစ်ဦးကို ထိန်းသိမ်းထားထားတာနဲ့ ဆက်နွယ်မှုမရှိနိုင်ဘူးလို့ ကနေဒါ တာဝန်ရှိသူတွေက ပြောပါတယ်။ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို သိရှိဖို့ လက်ရှိမှာ လုပ်ဆောင်နေတယ်လို့ ၎င်းတို့က ပြောပါတယ်။ ဒီဇင်ဘာ ၁ ရက်က ကနေဒါနိုင်ငံ ဗန်ကူးဗားမှာ အမေရိကန်ရဲ့ တောင်းဆိုမှုကြောင့် ဟွာဝေး ဘဏ္ဍာရေးအကြီးအကဲ မန်ဝမ်ကျိုဖမ်းဆီးလိုက်ပြီး များမကြာမီမှာ ကနေဒါ သံအမတ်ဟောင်း…
Read MoreYear: 2018
ကျောက်တော်မြို့နယ်အတွင်း ကျေးရွာသုံးရွာက စစ်ဘေးရှောင် ၁၀၀ ဝန်းကျင်ရောက်ရှိ
ကျောက်တော်၊ ဒီဇင်ဘာ ၂၀-၂၀၁၈ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်အတွင်းက ကန်ဇောက်ကျေးရွာကို ကျေးရွာသုံးရွာက စစ်ဘေးရှောင် ၁၀၀ ဝန်းကျင်တို့ မနေ့က မနက်ပိုင်း ၁၀ နာရီခွဲလောက်မှာ ရောက်ရှိခိုလှုံနေကြတာဖြစ်ပါတယ်။ အဲဒီကျေးရွာသားတွေဟာ အခုလအတွင်း ကျောက်တော်မြို့နယ် သလူချောင်းအထက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ကြောက်ရွံ့ပြီးထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။ “စစ်ဘေးရှောင်တွေ မနေ့က မနက်ပိုင်းမှာ ရွာကိုရောက်လာခဲ့ကြပါတယ်၊ သလူချောင်းအဖျားမှာရှိတဲ့ ခရုမော်၊ တောင်ပေါက်၊ ချင်းမဝန်တောင်း အဲဒီရွာသားတွေဖြစ်ပါတယ်၊ လောလောဆယ်တော့ ဘုန်းကြီးကျောင်းဓမ္မာရုံမှာ နေထိုင်နေကြပါတယ် ”လို့ ကန်ဇောက်ကျေးရွာသား ကိုစိုးမိုးထွန်းကပြောပါတယ်။ လက်ရှိမှာတော့ အဲဒီလူတွေဟာ စားရေးသောက်ရေးတွေကို မိမိအစီအစဉ်နဲ့ဖြေရှင်နေကြရတာဖြစ်ပြီး အကူအညီတွေပေးနိုင်ရေးအတွက် ကန်ဇောက်ကျေးရွာသားတွေ အစည်းအဝေးပြုလုပ်နေကြတယ်လို့ ပြောပါတယ်။ “ထွက်ပြေးလာတာက စစ်ပွဲတွေဖြစ်နေတဲ့နေ့ကနေ ရောက်နေကြတာပါ၊ မနေ့ကတော့ ၆၀ လောက်အစုလိုက်ရောက်လာတာပေါ့၊ စောစောရောက်နေတဲ့သူတွေကတော့ မိသားစုတွေရှိတဲ့နေအိမ်တွေမှာ နေနေကြပါတယ်၊ အများဆုံးကတော့ ကလေးတွေဖြစ်ကြပါတယ် ”လို့ ကိုစိုးမိုးထွန်းကပြောပါတယ်။ ကန်ဇောက်ကျေးရွာကို ထွက်ပြေးရောက်ရှိလာခဲ့ကြသူတွေဟာ ရခိုင်လူမျိုးတွေဖြစ်ကြပြီး ၁၈…
Read Moreအမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲပြေငြိမ်းရေး ဇန်န၀ါရီလမှာ ဆွေးနွေးကြမည်
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၀-၂၀၁၈ မျိုးဆက် (VOM) အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ်ပွဲ ပြေငြိမ်းဖို့အတွက် စေ့စပ်ညှိနှို်င်းမှုတွေကို လာမယ့် ဇန်န၀ါရီလမှာ ပြုလုပ်သွားမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗင် မန်နျူချင်က ဒီဇင်ဘာ ၁၈ ရက်က ဘလွန်းဘာ့သတင်းဌာန တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောဆိုလိုက်ပါတယ်။ ဒီလိုဆွေးနွေးမှုမတိုင်မီတော့ နှစ်နိုင်ငံတာဝန်ရှိသူတွေ မျက်နှာချင်းဆိုင်ဆွေးနွေးမှု ပြုလုပ်နိုင်ဖွယ်မရှိဘူးလို့ ၎င်းက ပြောပါတယ်။ မကြာသေးမီ သီတင်းပတ်တွေမှာ နှစ်ဘက်တာဝန်ရှိသူတွေအကြား အပြန်အလှန် တယ်လီဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး လာမယ့်တွေ့ဆုံဆွေးနွေးပွဲအတွက် အစီအစဉ် တွေဆွဲခဲ့ကြတယ်လို ဆိုပါတယ်။ အမေရိကန်နဲ့တရုတ်နိုင်ငံတို့အကြား ရက် ၉၀ ကုန်သွယ်ရေးစစ်ပွဲ ယာယီပြေငြိမ်းထားရာ မတ် ၁ ရက်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဒီအတောအတွင်း သဘောတူညီချက်တစ်ရပ်ရရှိဖို့ နှစ်ဘက်လုံးက အာရုံစိုက်ကြိုးပမ်းနေတယ်လို့ မန်နျူချင်က ပြောဆိုပါတယ်။ ကုန်သွယ်ရေးစစ်ပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲကိုဇန်န၀ါရီလမှာ ပြုလုပ်မှာကို အမည်မဖော်လိုတဲ့ တရုတ်တာဝန်ရှိသူတွေကလည်း…
Read Moreမတူပီမြို့နှင့် ဘုံတလာရေတံခွန်ကြား ရေပြွန်တည်ဆောက်ခြင်းနှင့် ကားလမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်မည်
မတူပီ၊ ဒီဇင်ဘာ ၂၀-၂၀၁၈ မိုင်ချယ်ရီ(VOM) ချင်းပြည်နယ် မတူပီမြို့နယ် အတွင်းမှာ ရှိတဲ့ ဘုံတလာရေတံခွန်နဲ့ မတူပီမြို့အကြား ဆက်သွယ်သွားလာတဲ့ ကားလမ်းအရှည် (၈)မိုင် ကို လမ်းတာချဲ့ခြင်းလုပ်ငန်းတွေ အပါအ၀င် အခြားလုပ်ငန်းတွေကို လာမယ့်ဘဏ္ဍာရေးနှစ်ထဲမှာ ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး ဦးကျော်လင်း က ပြောပါတယ်။ ဒီဇင်ဘာလ ၁၉ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀) အမျိုးသားလွှတ်တော်ကိုယ်စာလှယ် ဦးလားလ်မင်းထန် က မတူပီမြို့နဲ့ ဘုံတလာရေတံခွန်ကြား ကားလမ်းဘေးတွင် မြေထိန်းနံရံတည်ဆောက်ခြင်း ၊ရေပြွန်တည်ဆောက်ခြင်းနဲ့ ကတ္တရာလမ်းအဖြစ် ခင်ပေးဖို့ ဆိုတဲ့ မေးခွန်းကို ဖြေကြားရာမှာ အဲ့ဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ၀န်ကြီး ရဲ့ ပြောကြားချက်အရ လမ်းအရှည် ၈ မိုင် ကို (၀)မိုင်ကနေ (၅)မိုင်အကြား ကားလမ်းကို လမ်းအကျယ် ၁၂…
Read Moreမောင်တောမြို့နယ် အထက်ပြူးမကျေးရွာက ပျောက်ဆုံးနေသူနှစ်ဦးကို သေဆုံးလျက်တွေ့ရှိ
မောင်တော၊ ဒီဇင်ဘာ ၂၀-၂၀၁၈ ခိုင်လင်းစံ(VOM) အကြမ်းဖက်မှုတွေဖြစ်ပွားနေတဲ့ မောင်တောမြို့နယ်အတွင်းက အထက်ပြူးမကျေးရွာသားနှစ်ဦးတို့ဟာ ဒီဇင်ဘာလ ၁၇ ရက်နေ့ညနေက ငါးရှာထွက်သွားစဉ် ပြန်လည်ရောက်မလာဘဲ ပျောက်ဆုံးနေခဲ့ရာ ဒီဇင်ဘာ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ ခန့်အချိန်က သေဆုံးနေတဲ့သူတို့ရဲ့အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီသေဆုံးနေတဲ့ကျေးရွာသားနှစ်ဦးတို့ဟာ ငါးရှာနေစဉ် အကြမ်းဖက်သမားတွေက လည်လှီးသတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပြီး ၎င်းတို့ငါးရှာနေတဲ့ချောင်းကမ်းစပ်အနီးမှာ သေဆုံးနေတဲ့အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ “ပျောက်သွားတာက ၁၇ ရက်နေ့ညနေပိုင်းကနေ ပျောက်သွားတာပါ၊ ငါးရှာထွက်သွားပြီးပြန်မရောက်လာခဲ့ကြဘူး၊ ဘာဖြစ်မှန်းမသိတော့ ရွာသားတွေလည်းလိုက်ရှာခဲ့ကြပါတယ်၊ အခုနှစ်ရက်အကြာမှ အလောင်းတွေကိုတွေ့ရပါတယ် ”လို့ အထက်ပြူးမကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းလှိုင်က ပြောပါတယ်။ သေဆုံးသူနှစ်ဦးတို့ဟာ အထက်ပြူးမကျေးရွာသား ရခိုင်လူမျိုးတွေဖြစ်ကြပြီး ဦးမောင်ထွန်းအေး အသက် ၅၆ နှစ်နဲ့ ဦးမောင်မောင်သန်း အသက် ၅၁ နှစ်တို့ဖြစ်ကြပြီး သူတို့နှစ်ဦးငါးရှာနေတဲ့ လှေနဲ့ပိုက်တွေကိုတော့ ၁၇ ရက်နေ့ညက…
Read Moreအရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်အပေါ် လူထုစိတ်ဝင်စားမှုမြင့်မား
စစ်တွေ၊ ဒီဇင်ဘာ ၂၀-၂၀၁၈ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် စစ်တွေမြို့ ခိုင်သဇင်ခန်းမမှာ တတိယအကြိမ် ရခိုင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဖိုရမ်ကို ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ် အဲဒီဖိုရမ်ကို ရခိုင်ပြည်နယ်အတွင်းက အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူထုကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားမျိုးနွယ်စုဝင် တွေပါဝင်တဲ့ တစ်မြို့နယ်က ကိုယ်စားလှယ် ၉ ဦးစီ တက်ရောက်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ “ဒီဆွေးနွေးပွဲကို ကျွန်တော်တို့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်က မြို့နယ်ကိုယ်စားပြုကိုယ်စားလှယ်တွေ မျိုးနွယ်စုဝင်တွေ၊ လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုပြုလုပ်နေတာပါ၊ အဖွင့်မှာတော့ အစိုးရအဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ EAOs ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ အဓိကကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ရခိုင်ပြည်နယ်က အကြောင်းအရာတွေကိုလည်း တင်သွင်းနိုင်ရေးအတွက် ဒီဖိုရမ်ကို ကျင်းပပြုလုပ်ရတာဖြစ်ပါတယ် ”လို့ ပြောရေးဆိုခွင့်ရှိသူ ကိုစိုးနိုင်ထွန်းကပြောပါတယ်။ အခုလို အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကို…
Read More“မြန်မာပြည်ကိုပြန်ပို့ဖို့ ဒုက္ခသည်စာရင်း ၂၂၀၀၀ကျော် ဘင်္ဂလားဒေ့ရှ်ဘက်ကပေးပို့ထား”
နေပြည်တော် ဒီဇင်ဘာ ၁၉-၂၀၁၈ မြတ်မင်းခန့် (VOM) ဒုက္ခသည်တွေ ပြန်ပို့ပေးနိုင်ဖို့အတွက် ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်က အမည်စာရင်း၂သောင်းကျော်ကို နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် မြန်မာနိုင်ငံဘက်ကိုပေးပို့ထားတယ်လို့ သိရပါတယ်။ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက “အခုဘင်္ဂလားဒေ့ရှ်ဘက်ကပေးပို့လာတဲ့လူစာရင်း၂သောင်းကျော်ရှိပါတယ် အဲ့ဒါတွေကိုပြန်လည်လက်ခံဖို့စီစစ်နေပါတယ် စီစစ်ပီးတော့မှ ဒီနိုင်ငံမှနေခဲ့တဲ့သူတွေမှန်ကန်တယ်လို့တွေ့ရှိရင် နိုင်ငံခြားရေးဝန်ကြီးဌာနကနေတဆင့် ဒီလူတွေကိုတော့လက်ခံနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကိုပေးပို့သွားမှာဖြစ်တယ်”လို့ပြောပါတယ်။ ခုတကြိမ်အမည်စာရင်ပေးပို့တာဟာဒုတိယအကြိမ်ပေးပို့တာဖြစ်ပြီး ပထမအကြိမ်မှာတော့အမည်စာရင်း ၅ထောင် ကျော်ပေးပို့ခဲ့တာပါ။ အဲ့ဒီအမည်စာရင်းတွေကိုတော့မြန်မာအစိုးရဘက်က စိစစ်ြပီးသွားပြီဖြစ်ပြီး ပြန်လည်လက်ခံ နိုင်မယ့် လူစာရင်းကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကိုပေးပို့ထားတယ်လို့သိရပါတယ်။ မြန်မာအစိုးရအနေနဲ့ဒုက္ခသည်များပြန်လည်လက်ခံဖို့အတွင်အဆင့်ဖြစ်နေပြီ ဖြစ်ပြီး ဒုက္ခသည်လက်ခံရေးလုပ်ငန်း စဉ်များဆောင်ရွက်ရာမှာလည်း UNHCR, UNDP စတဲ့အဖွဲ့အစည်းတွေနဲ့လည်းပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ၂၀၁၇ခုနှစ် သြဂုတ်လအတွင်းကဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေကြောင့် သိန်းနဲ့ချီတဲ့ဘင်္ဂါလီလူမျိုးတွေဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကိုထွက်ပြေးတိမ်းရှောင်သွားတာပါ။ ဒါကြောင့်ဒုက္ခသည်များပြန်လည်လက်ခံရေးအတွက်နှစ်နိုင်ငံသ ဘာတူညီချက်တွေကိုလက်မှတ်ရေးထိုးထားပေမယ့်အကြောင်းအမျိုးမျိုးကြောင့်လုပ်ငန်းစဉ် မစတင်သေးနိုင် တာလည်းဖြစ်ပါတယ်။ #voiceofmyanmar #ဘင်္ဂလားဒေရှ် #ဒုက္ခသည်ပြန်ပို့ရေး
Read Moreမြန်မာစစ်ဘက်နဲ့ ဆက်နွယ်နေတဲ့ ပေ့ခ်ျ၊ ဂရု နဲ့ အကောင့်တုတွေကို ဖေ့စ်ဘွတ်ခ်ဖယ်ရှား ကယ်လီဖိုးနီးယား ၊ ဒီဇင်ဘာ-၁၉-၂၀၁၈ မျိုးဆက် (VOM) မြန်မာနိုင်ငံ စစ်ဘက်နဲ့ဆက်နွယ်နေပြီး သတင်းအချက်အလက်အမှားတွေကို ဖြန့်ချီနေတဲ့ ရာနဲ့ချီတဲ့ ပေ့ခ်ျ၊ ဂရု နဲ့ အကောင့်တုတွေကို ရှာဖွေဖော်ထုတ်ပြီးနောက် ဖယ်ရှားလိုက်တယ်လို့ ဖေ့စ်ဘွတ်ခ်က ဒီဇင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံအတွင်းက ဘင်္ဂါလီတွေအပေါ် အကြမ်းဖက်တာတွေတဲ့ဖြစ်စဉ်တွေမှာ အမုန်းစကားဖြန့်ဝေတာ တွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေထွက်ပေါ်ပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အကောင့်အပါအ၀င် အမုန်းစကားဖြန့်ချီတဲ့အကောင့်တွေကို လွန်ခဲ့တဲ့ သြဂုတ်လကလည်း ဖေ့စ်ဘွတ်ခ်ကနေ ဖယ်ရှားခဲ့ပါတယ်။ ယခုတစ်ကြိမ်မှာတော့ အကောင့်၊ ပေ့ခ်ျအတူတွေနဲ့ သတင်းမှားတွေဖြန့်ချီ မြန်မာနိုင်ငံမှ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျ ၄၂၅ ခုနဲ့ အကောင့် ၁၃၅ ခုကို ဖယ်ရှားလိုက်တယ်လို့ ဒီဇင်ဘာ ၁၉ ရက်မှာ ဖေ့စ်ဘွတ်ခ်က ကြေညာပါတယ်။ ဖေ့စ်ဘွတ်ခ်က…
Read More၂၀၁၈ ခုနှစ်အတွင်း သတင်းသမား ၅၃ ဦး အသတ်ခံရ
နယူးယောက်၊ ဒီဇင်ဘာ ၁၉-၂၀၁၈ မျိုးဆက် (VOM) ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာ သတင်းသမား ၅၃ ဦးအသတ်ခံခဲ့ရပြီး သုံးနှစ်အတွင်း အမြင့်ဆုံးအရေအတွက်ဖြစ်တယ်လို့ နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်ရေးကော်မတီက ဒီဇင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ သတင်းသမား ၅၀ ဦး၊ ၂၀၁၇ ခုနှစ်မှာ ၄၇ ဦးနဲ့ ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၁၄ ရက်အထိ သတင်းသမား ၅၃ ဦးအထိ သတ်ဖြတ်ခံပြီး ဒီနှစ်မှာ အရေအတွက်ပိုမိုများပြား လာတာဖြစ်ပါတယ်။ ဒီလိုသေဆုံးမှုတွေမှာ ပုံစံသုံးမျိုးရှိပြီး သတင်းသမားတွေအပေါ် လက်တုံ့ပြန်သတ်ဖြတ်တာကြောင့် ၃၄ ဦး၊ စစ်ပွဲများဖြစ်ပွားရာဒေသတွေမှာ သတင်းယူရင်း ၁၁ ဦးနဲ့ အကြမ်းဖက်ဆန္ဒပြခြင်းကဲ့သို့ အန္တရာယ်ရှိတဲ့ နေရာတွေမှာ သတင်းယူရင်း ရှစ်ဦး သေဆုံးခဲ့တယ်လို့…
Read Moreပန်ဆောင်မြို့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကုန်စည်များကို မူလဈေးနှုန်းထက် ၆ဆ ပိုပေးဝယ်ယူနေရ
ပန်ဆောင် ဒီဇင်ဘာ ၁၉-၂၀၁၈ မိုင်ချယ်ရီ(VOM) နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့ဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် အခြားဒေသကနေ ကုန်စည်များကို ၀ယ်ယူသုံးစွဲတဲ့အခါမှာ မူလကုန်စည်ဈေးနှုန်းထက် တန်ဆာခ ၆ ဆ ပိုပေးပြီး ၀ယ်ယူနေရတယ်လို့ နန်းယွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးဝမ်းလှ က ပြောပါတယ်။ ဒီဇင်ဘာလ ၁၉ ရက်နေ့ မှာ ကျင်းပပြုလုပ်နေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ နန်းယွန်းမြို့နဲ့ ပန်ဆောင်မြို့အကြား ကားလမ်းကို မြေသားလမ်းကနေ ကျောက်ချောလမ်းအဖြစ် တိုးမြင့် လမ်းခင်းပေးဖို့အတွက် မေးခွန်းမေးမြန်းချိန်မှာ နန်းယွန်းမြို့နဲ့ ပန်ဆောင်မြို့ကြား ကားလမ်းဟာ မိုးတွင်းကာလမှာ ဆိုင်ကယ် နဲ့ တစ်နေကုန် ခက်ခက်ခဲခဲ သွားလာနေရပြီး ဒီလို သွားလာရေးခက်ခဲတာက ကုန်ဈေးနှုန်းမြင့်မားမှု၊ ဆန် နဲ့ အခြားစားသုံးကုန် သယ်ယူဖို့ အခက်အခ၊ဲ စက်သုံးဆီနဲ့ တည်ဆောက်ရေးပစ္စည်းတွေ သယ်ယူဖို့ အခက်အခဲ အမျိုးမျိုးကြုံတွေ့နေရတာ နဲ့…
Read More